ဒီတစ်ခါ…Memory Stick တွေမှာ ကြုံတတ်တဲ့ပြသာနာလေးတွေဖြေရှင်းတဲ့နည်းလေးရေးပေးလိုက်တယ်နော်
သိပြိးသားဆိုလဲ နည်းနည်းစိတ်ရှည်ရှည်ထားပီးတော့ဖတ်ပေးပေါ့နော်...ဟီးး :D တယ်ချင်းတို့ ကြုံဖူးကြမှာပါ…
Memory Stick ထိုးလိုက်တာနဲ့ …Autorun.inf တို့  Recycled.exe တို့  Rundll32.exe တို့ ..စတာတွေပေါ့......
အဲဒီ
virus တွေကို USB Disk Security မှာလာပြတယ်လေ…အဲဒါတွေကို
အရမ်းရမ်းကောင်းပါတယ်ဆိုတဲ့..Kasper ကတောင် မဖျက်နိုင်ဘူး… Avira ကတော့
မဆိုးပါဘူး တစ်ချို့ဟာတွေကို နိုင်တယ် ......... ကဲပါလေ အဲ့ဒါတွေ
ထားပါ.....
USB Disk Security မှာ Delete လုပ်လဲ တစ်ချို့  ဟာတွေကို
delete လုပ်လို့ မရပါဘူး……အဲဒီတော့ ဘာ software မှ သုံးစရာမလိုတဲ့
ဒီအောက်မှာ ပြပေးထားတဲ့ နည်းလေး သုံးကြည့်လိုက်....
ရှိသမျှ virus တွေ အကုန်သေသွားစေရမယ်..
virus ရှင်းတဲ့နည်းက တစ်ခြားထွေထွေထူးထူး ဘာမှ မဟုတ်ပါဘူး…. Bat file နဲ့  command တွေရေးပြီးရှင်းတဲ့နည်းလေးပါ…..
ပထမဦး ဆုံး Notepad တစ်ခုကိုဖွင့်ပါ…ပြီးရင် အောက်မှာ ရေးပေးထားတဲ့ command တွေကို copy ကူးထည့်လိုက်ပါ…
(
@echo del: E:Autorun.inf del: F:Autorun.inf del: G:Autorun.inf del:
H:Autorun.inf del: E:Recycled.exe del: F:Recycled.exe del:
G:Recycled.exe del: H:Recycled.exe del: E:RUNDLL32.exe del:
F:RUNDLL32.exe del: G:RUNDLL32.exe del: H:RUNDLL32.exe @echo )
ပြီးရင်တော့.. နာမည်တစ်ခုခု.bat (eg. Killvirus.bat) ဆိုပြီး ကိုယ့်ရဲ့ Memory Stick ထဲမှာ Save လိုက်ပါ…
အဲဒီ
Killvirus.bat ဆိုတဲ့ file လေးကိုတော့ မဖျက်ပစ်လိုက်နဲ့နော်…Stick
ထိုးတိုင်း အဲဒီ file လေးကို double click လုပ်ပြီး run လိုက်ပေါ့…
ဒါဆိုရင် ကိုယ့်ရဲ့ Memory Stick ထဲက virus တွေအကုန်ရှင်းသွားလိမ့်မယ်……
အမှားပါရင် ခွင့်လွှတ်ပါနော်.........
အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျနော်ဘလော့လေးမှာ ကျနော်သိထားတာလေးတွေ၊ ကျနော်ဖတ်မိထားတာလေးတွေ ကျနော်စိတ်ကူးပုံရိပ်လေးတွေကိုတင်ပြပေးသွားမှာပါ။ အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။
Saturday, November 26, 2011
RECYCLER folder virus သတ်နည်း
(၁)Tools >>Folder Options >> View ကိုသွားပြီး အောက်မှာပြထားတဲ့နံပါတ်တွေကို အမှန်ခြစ်လေးပြန်ဖြုတ်ပေးလိုက်ပါ။
(1) display the contets of system folders
(2) hide extensions for known file types
(3) hide protected operating system files(Recomended)
unlocker ကို Download လုပ်လိုက်ပါ . ပြီးတာနဲ့ recycler ဆိုတဲ့ဖိုင်ကို unlock လုပ်ပြီး ဖျက်ပစ်လိုက်ပါ
ဗိုင်းရစ်ကိုသတ်တဲ့ အချိန်မှာ " can not delete RECYCLER:access is denied." ဆိုပြီး error message ပေါ်လာပါလိပ့်မယ် OK ပေးလိုက်ပြီး unlocker ပေါ်လာတတ်ပါတယ် . အဲ့ဒီလိုပေါ်လာတဲ့အခါမှာ "noaction","delete","rename","move" ထဲက Delete ကိုပေးလိုက်ပြီး ဖျက်ပစ်ပါ .. RECYCLER virus ပျက်သွားပါလိမ့်မယ် ..
(၂)Recycler.exe ဗိုင်းရပ်စ်သည်သည် jwgjvsq.vmx လို့အမည်ပေးထားတဲ့
worm-type အမျိုးအစား ဗိုင်းရပ်စ် ဖြစ်ပါတယ်။ အထူးသဖြင့်
USB/portable Drives တို့က ကူးစက်သလို Network
ကတစ်ဆင့် ပျံ့နှံ့လာတယ်လို့ သိရပါတယ်။ ဖိုင်လ်ဒါနဲ့အတူ
autorun.inf ဆိုတဲ့ ဖိုလ်ဒါတစ်ခုကိုလည်း သတိပြုမိပါလိမ့်မယ်။
၎င်းဖိုလ်ဒါများကို Hidden လုပ်ဖျောက်ထားလို့ ပုံမှန်အားဖြင့် မမြင်ရပါ။
၎င်း Recycler ဖိုလ်ဒါကိုထပ်ဖွင့်ကြည့်ရင် jwgkvsq.vmx ဆိုတဲ့ ဖိုင်ရှိပါတယ်။
အဲဒီဖိုင်သည် ဗိုင်းရပ်စ်လား၊ ဘယ်လိုကူးစက်အောင်လုပ်ထားတယ်ဆိုတာ
တော့ ဖိုင်ကိုဆက်ပြီး မဖွင့်ရဲလို့ မသိပါ။ Anti-virus ဆော့ဖ်ဝဲလ် အများစုက
၎င်းကို detect မလုပ်နိုင်သလို ဖျက်လို့လည်း မရပါ။ အနီးဆုံးတူတဲ့
ဗိုင်းရပ်စ်များကို ရှာကြည့်တဲ့အခါ
w32/confi, W32/Conficker.worm!inf, Win32/Conficker.B-CA
လို့တွေ့ရပါတယ်။
အဲဒီလို ဗိုင်းရပ်စ်မျိုးကူးစက်ထားရင်>>>
@။ကွန်ပျူတာစနစ် နှေးလာပါမယ်
@။Network မှာရှိတဲ့ ကွန်ပျူတာများသိုပါ ကူးစက်ပါမယ်။
@။USB များသို့ ကူးစက်ပါမယ်။ USB Port မှာလာတပ်တဲ့
@။USB Drive, Flash Drives, portable external hard drives,
mobile phone, mp3 players စသည်တို့ကိုလည်း ကူးပါလိမ့်မယ်။
ထိခိုက်မှုအနေနဲ့ “Show Hidden Files and Folders”
အလုပ်မလုပ်နိုင်တော့ပါ။
Tools/Folder Options/View (tab) က “Show hidden files and folders”
ကိုရွေးချယ်လိုက်ပေမယ့် ပြန်ထွက်တဲ့အခါ
“Do Not Show Hidden Files and Folders”
ပြန်ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင် ဗိုင်းရပ်စ်ကူးနေပါပြီ။
@။ကွန်ပျူတာမှာ USB Drive တပ်လိုက်တာနဲ့ ၎င်းသည်
autorun.inf ဖိုင်နဲ့ RECYCLER ဖိုလ်ဒါကို တည်ဆောက်ပါလိမ့်မယ်။
အဲဒီအထဲမှာ jwgkvsq.vmx virus ဖိုင်ပါသွားပါလိမ့်မယ်။
@။အဲဒီအချိန်မှာ network နဲ့ အင်တာနက် ချိတ်ဆက်မှုတွေ ပြုတ်ကုန်တာ၊
သုံးမရတာတွေ့ရပါမယ်။ ထို့အတူ antivirus websites, mircrosoft.com
စသည်တို့ကို ဆက်သွယ်လို့ မရနိုင်တော့ပါ။
@။ကွန်ပျူတာသည် Safe Mode သို့လည်း ၀င်မရတော့ပါ။
@။Safe Mode သို့ဝင်ဖို့ ကြိုးစားတိုင်း ကွန်ပျူတာသည် Restart
ပြန်ဖြစ်နေပါမယ်။ သို့မဟုတ် ပိတ်သွားပါလိမ့်မယ်။
ဘာပဲဖြစ်စေ ဖြေရှင်းမယ့် နည်းလမ်းများကို ရှာကြည့်ရအောင်။>>>
Symantac.com ဆိုက်ဒ်ကနေ “Fix Downadup.exe ” ကိုရယူပါ။
မရရင် BitDefender.com ဆိုက်ဒ်ကနေ anti-Downadup-EN.zip
ကိုရယူပါ။
အသုံးမလိုပေမယ့် Sysinternals ကနေ Process Explorer နဲ့
Autoruns
တို့ကို Download ချရယူထားပါ။
တကယ်လို့ ဖိုင်လ်အချို့ကို ဖျက်မရရင် သုံးရအောင် MoSo Force Delete
ကိုလည်း လိုလိုမယ်မယ် ရယူထားပါ။
လိုအပ်တဲ့ ဆော့ဖ်ဝဲနဲ့ Utility တွေစုမိပြီဆိုရင်
ကွန်ပျူတာမှာ Network ချိတ်ဆက်မှုရှိရင် ၎င်း Network ကနေ
အဆက်ဖြတ်လိုက်ပါ။ Network ကြိုးကို ဖြုတ်ထားပါ။
FixDownadup.exe ကို run ပါ။ ၎င်းသည် ဗိုင်းရပ်စ်များကို ရှင်းထုတ်နိုင်ပါတယ်။
အချိန်အတန်ကြာ Scanning လုပ်ပြီးတာနဲ့ Report ပေါ်လာပါမယ်။
၎င်း Report မှာ W32.Downadup ကိုအောင်မြင်စွာ
ဖယ်ထုတ်ပြီးကြောင်း ဖေါ်ပြပါလိမ့်မယ်။
ထို့အတူ ကွန်ပျူတာကို Restart ပြန်လုပ်ဖို့နဲ့
MS08-067 အတွက် Patch ကို တင်ပေးမယ်လို့ ပြပါမယ်။
ကွန်ပျူတာကို Restart ပြန်လုပ်ပါ။
USB Device မှ ဖယ်ထုတ်ခြင်း>>>
USB Drive ကနေ jwgkvsq.vmx ဗိုင်းရပ်စ်ကို ဖယ်ထုတ်ကြပါမယ်။
ကွန်ပျူတာကို Safe Mode နဲ့ဖွင့်ပါ။ ၎င်းအတွက် F8 ကိုနှိပ်ထားပါ။
ပေါ်လာတဲ့ Menu ကနေ Safe Mode ကိုရွေးချယ်ပါ။
USB Port မှာ USB Device ကိုတပ်ပါ။ Safe Mode မှာ autorun.inf ဖိုင်မပွင့်ပါ။
Tools/Folder Options/View(tab) ကနေ “Show Hidden Files and Folders” ကိုဖွင့်ပါ။
Autorun.inf ဖိုင် သို့မဟုတ် ဖိုလ်ဒါကို Delete လုပ်ဖျက်ပါ။
RECYCLER ဖိုလ်ဒါကိုလည်း ဖျက်ပါ။
RECYCLER ကိုဖျက်ခြင်း>>>
အထက်ဖေါ်ပြပါအတိုင်း ဆောင်ရွက်ရာမှာ RECYCLER
ဖိုလ်ဒါကို ဖျက်မရပါက
၎င်းကိုအရင် Disable လုပ်ကြည့်ပါမယ်။ Desktop ပေါ်က
Recycle Bin (icon) ကို Right Click နှိပ်ပြီး Properties ကို ရွေးချယ်ပါ။
၎င်းတွင် “Configure Drives Independently” ကိုရွေးချယ်ပါ။
ထို့နောက် External Drive ရှိရာသို့ ပြောင်းပြီး
“Do not move files to the recycle bin” ကိုရွေးချယ်ပါ။
Apply. OK လုပ်ပါ။
အကယ်၍ Flash Drive ဖြစ်ပါက MoSo Force Delete
ဆော့ဖ်ဝဲကို အသုံးပြုပြီး Delete လုပ်ပါ။
Registry တွင်ပြင်ခြင်း>>>
၎င်းဗိုင်းရပ်စ်သည် Refistry မှာဝင်ပြီး ပြင်ကောင်းပြင်နိုင်ပါတယ်။
Run (box) မှာ regedit လို့ရိုက်ထည့်ပြီး Registry Editor သို့ဝင်ပါ။
Jwgkvsq.vmx ဖိုင်အမည်ကို ရှာပါ။
တွေ့ရင် Right Click လုပ်ပြီး Delete လုပ်ပါ။
တကယ်လို့ သင့်ကွန်ပျူတာမှာ Network ရှိတယ်ဆိုရင်
အခြားဆက်သွယ်ထားတဲ့ ကွန်ပျူတာအားလုံးကိုလည်း စစ်ဆေးသင့်ပါတယ်။
ဒါမှမဟုတ်ရင် သင့်ကွန်ပျူတာကို ဗိုင်းရပ်စ်ပြန်ကူးဖို့ လွယ်ကူနေပါလိမ့်မယ်။

proxy အကြောင်းလေး
Proxy Server ဆိုတာ ဘာလဲ
About Proxy Proxy Server ဆိုတာ ဘာလဲ Proxy Server ဆိုတာ သင့်ကွန်ပျူတာနဲ့ အင်တာနက်ကြားမှာ တည်ရှိပြီး အင်တာနက်က သတင်းအချက်အလက် တော်တော်များများကို ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က Website တစ်ခုကို ကြည့်တဲ့အခါ အရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ Proxy Server က သူ့ဆီမှာ ကျွန်တော်တို့တောင်းဆိုတဲ့ Website ရှိရင် ပြန်ပို့ပေးလိုက်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲရတဲ့သူအဖို့ ပိုပြီးမြန်တဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်က Proxy Server တွေဟာ အဲဒီလို Cache လုပ်တာထက် Website Filtering အတွက်ပဲ လုပ်ထားသလားလို့တောင် ထင်ရပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ ရှိတဲ့ တစ်ချို့ Proxy Server တွေဟာ မူရင်း Website က Update လုပ်လိုက်တာတောင် သူတို့က Update မလုပ်နိုင်သေးပါဘူး။ Technical အရ ပြောရရင်တော့ TTL (Time To Live) တန်ဖိုးကို အများကြီး ပေးထားတယ်နဲ့ တူပါတယ်။ Web Filtering လုပ်မထားတဲ့ Proxy Server တွေ မြန်မာပြည်မှာ ရှိပေမဲ့ သုံးတဲ့အခါ username နဲ့ password တောင်းတာကို တွေ့ရပါတယ်။ (ygncache2.mpt.net.mm ပါ)
Anonymous Proxy Server ဆိုတာဘာလဲ Website တော်တော်များများဟာ ယုံလို့မရပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ IP ကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ ကွန်ပျူတာ Hard Disk ထဲက အချက်အလက်တွေကိုတောင်မှ လှမ်းခိုးနိုင်ပါတယ်။ အဲဒီလို လုပ်ဖို့အတွက်ကလည်း အလကားရတဲ့ Hacking program လေးတွေကို သုံးပြီး လုပ်နိုင်ပါတယ်။ Anonymous Proxy Server တွေဟာ ကျွန်တော်တို့ရဲ့ IP ကို ဖျောက်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အချက်အလက်ခိုးယူနိုင်တဲ့ Website ကို ကြည့်ရင်တောင်မှ ကျွန်တော်တို့ရဲ့ IP ကို အဲဒီ Site ဟာ မသိနိုင်ပါဘူး။ Anonymous Proxy Server တွေကပဲ အဲဒီလို user ရဲ့ IP ကို ဖျောက်ပေးနိုင်ပြီး သာမန် Proxy Server တွေကတော့ ကျွန်တော်တို့ရဲ့ IP ကို target Server ဆီကို ပို့ပေးလေ့ရှိပါတယ်။
Free Proxy Server ဆိုတာဘာလဲ Free Proxy Server ဆိုတဲ့အတိုင်းပါပဲ။ Free ရတယ်၊ လူတိုင်းသုံးလို့ရပါတယ်။ နိုင်ငံတော်တော်များများမှာ Free Proxy Server များစွာရှိပေမဲ့ တော်တော်များများဟာတော့ Anonymous Proxy Server တွေ မဟုတ်ကြပါဘူး။
Proxy Server အမျိုးအစားများ
HTTP Proxy Proxy ဆိုတာ Server သက်သက်ပါပဲ။ ဘာ Proxy လဲဆိုတာ သိမှ ကိုယ့်အတွက် အသုံးဝင်မှာပါ။ HTTP Proxy ရဲ့ အကူအညီနဲ့ Web Pages တွေ ကြည့်နိုင်မယ်၊ download ဆွဲနိုင်ပါမယ်။ အခုနောက်ပိုင်းမှာတော့ Program တွေကလည်း HTTP Proxy တွေနဲ့ တွဲအလုပ်လုပ်နိုင်ပါပြီ။ ဥပမာ ICQ လို Chat Program တွေပါ။
SOCKS Proxy သူကတော့ ပိုအစွမ်းထက်ပါတယ်။ အင်တာနက်ပေါ်မှာရှိတဲ့ ဘယ် Information ဆိုရင် ဘယ်လို လွှဲယူပေးရမယ်ဆိုတာ သိပါတယ်။ အဓိကကတော့ TCP/IP Protocol နဲ့ ကောင်းကောင်းကြီး အလုပ်လုပ်နိုင်တာပါ။ ဒါပေမဲ့ SOCKS Proxy ကို သုံးမယ်ဆိုရင်တော့ အဲဒီ Proxy Server ဟာ SOCKS 4 လား SOCKS 5 ဆိုတာ သိဖို့ လိုပါလိမ့်မယ်။
CGI Proxy CGI Proxy ဟာ Browser ကနေပဲတစ်ဆင့် access လုပ်နိုင်တဲ့ Proxy Serve ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ သုံးနေကြတဲ့ ကျော်တဲ့Website ဆိုတာ အဲဒီ CGI Proxy ကိုပြောတာပါပဲ။
FTP Proxy FTP Proxy ကတော့ FTP Server တွေနဲ့ တွဲအလုပ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ CuteFTP လို GetRight တို့တွေမှာ FTP Proxy တွေ ထည့်သုံးလို့ ရပါတယ်။ မြန်မာနိုင်ငံက Proxy တွေမှာ FTP Proxy တွေ ရှိပေမဲ့ Public အတွက်တော့ ပိတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ FTP သုံးချင်ရင်တော့ နိုင်ငံခြားက FTP Proxy တွေ လှမ်းသုံးရင်တော့ ရနိုင်ပါတယ်။ (လက်တွေ့တော့ ကျွန်တော်လည်း မစမ်းဖူးပါ)
Proxy Server သုံးလို့ ရတဲ့အကျိုးကျေးဇူး အဓိကကတော့ ကိုယ်ကြည့်နေတဲ့ Site, ကိုယ်သုံးနေတဲ့ Mail, ကိုယ်သုံးနေတဲ့ Web Chat တွေက ကိုယ်ဘယ်ကလဲ ဆိုတာ မသိတော့တာပါပဲ။ အဲဒီတော့ ကိုယ့် information အတွက် လုံခြုံမှုရှိပါတယ်။ မြန်မာပြည်မှာ အဲဒါက ဖန်တီးပြီးသားပါ။ ကျွန်တော်တို့တွေ ဘယ် site ပဲကြည့်ကြည့် သူတို့က ကျွန်တော်တို့ IP ကို မသိပါဘူး။ data မခိုးနိုင်ပါဘူး။ ဒီမှာတော့ Proxy ဆိုရင် ကျော်ဖို့ပဲလို့ကို ထင်နေကြတော့ပါ။ ကျွန်တော်တို့နိုင်ငံရဲ့ Proxy က Web Filtering လုပ်ထားတယ်၊ တခြားနိုင်ငံက Proxy က Web Filter လုပ်မထားဘူး၊ အဲဒီတော့ ကျွန်တော်တို့က အဲဒီ Proxy ကို သုံးလိုက်ရင် အလိုလို ကျော်ပြီးသား ဖြစ်သွားတာပါ။ တခြား Proxy တွေ သုံးတယ်ဆိုတာကလည်း အရမ်းခက်ခဲတာမဟုတ်ပဲ ကိုယ်သုံးနေတဲ့ Browser ရဲ့ Option ထဲမှာ Proxy Server ဆိုတဲ့ နေရာမှာ ကိုယ်သုံးချင်တဲ့ Proxy Server ရဲ့ IP ကို ရိုက်ထည့်လိုက်ရုံနဲ့ ရပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံက Proxy ကို လှမ်းသုံးဖို့ဆိုတာ အဲဒီလောက်ကြီးထိလည်း မလွယ်ပါဘူး။ (CGI Proxy တွေကို မဆိုလိုပါ) ဘယ်လို ပြဿနာတွေ ကြုံနိုင်လဲဆိုတော့ (၁) ကိုယ့်နေရာနဲ့ ကိုယ့်သုံးတဲ့ Proxy နဲ့ အရမ်းဝေးနေတဲ့အခါ နှေးတာတွေ၊ ချိတ်ဆတ်မရတာတွေ ဖြစ်တတ်ပါတယ်။ (၂) ကိုယ်သုံးတဲ့ Proxy ဟာ ကိုယ်ဟာ မြန်မာပြည်ကမို့ သုံးခွင့်မပေးတာမျိုးလည်း ရှိတတ်ပါတယ်။ (၃) တချို့ Proxy Server တွေကတော့ IP နဲ့ ကန့်သတ်ထားတာမျိုးလည်း ရှိပါတယ်။ ကိုယ့် IP က သူတို့ list ထဲမှာ မပါရင် သုံးမရတာမျိုး ဖြစ်ပါတယ်။ (၄) အဓိကကတော့ ကျွန်တော်တို့ရဲ့ ISP က ကျွန်တော်တို့သုံးမဲ့ Proxy Server တွေကို Access Denied လုပ်ထားတာလည်း ဖြစ်လေ့ရှိပါတယ်။

Sunday, November 20, 2011
Run Box ခေါ်မရခြင်း
မကြာခဏ Locked ကျနေခြင်း
- start ရဲ့ အပေါ်မှာ search programs and files ဆိုတဲ့အကွက် ရှိပါတယ်. အဲ့အကွက်မှာ (ပုံ-၁) ထဲကအတိုင်း power option ဆိုပြီးတော့ ရိုက်လိုက်ပါ. ပြီးတော့ အပေါ်ဆုံးမှာပေါ်နေတဲ့ power option ဆိုတဲ့ icon လေးကို နှိပ်လိုက်ပါ.
- (ပုံ-၂)ထဲကအတိုင်း power option box ပေါ်လာရင် Change plan settings ဆိုတာ နှစ်ကြောင်းတွေ့ရမှာပါ.
- အဲ့ထဲက တစ်ကြောင်းချင်းစီကို နှိပ်ပြီးတော့ အောက်က (ပုံ-၃)ထဲကအတိုင်း Never ကို ရွေးပေးလိုက်ပါ။ ပုံများကို သိပ်မမြင်ရရင် ကလစ်နှိပ်လိုက်ပါ ပုံကြီးထွက်လာပါလိမ့်မယ်.
![]() |
| (ပုံ-၁) |
![]() |
| (ပုံ-၂) |
![]() |
| (ပုံ-၃) |
Run Box ခေါ်မရခြင်း.
- အရင်ကလို Run ဆိုပြီးတော့ window 7 မှာ မပါတော့ပါဘူး. အဲ့ဒီ့အတွက် ခုနကလိုပဲ start ရဲ့ အပေါ်မှာ search programs and files ဆိုတဲ့အကွက် ရှိပါတယ်. အဲ့အကွက်မှာ run ဆိုပြီးတော့ ရိုက်လိုက်ပါ. Run ဆိုတဲ့ icon လေး အပေါ်ဆုံးမှာ ပေါ်နေပါလိမ့်မယ်. အဲ့ icon လးကို နှိပ်လိုက် တာနဲ့ Run box ပေါ်လာပါလိမ့်မယ်.
- နောက်တစ်နည်းကတော့ window key + r ကို နှိပ်ပေးလိုက်ပါ Run box ပေါ်လာပါလိမ့်မယ်. window key ဆိုတာကတော့ မသိရင် ctrl key နဲ့ Alt key ကြားထဲမှာ ရှိတဲ့ window icon ပုံလေးနဲ့ key ကိုခေါ်တာပါ. အဲ့ဒီ့ window key ကို အရင်နှိပ်ပြီးတာနဲ့ မလွှတ်ပဲနဲ့ r ကို နှိပ်ပေးရမှာ ဖြစ်ပါတယ်.
Subscribe to:
Comments (Atom)