Friday, October 7, 2011

တလင်နှစ်မယား စနစ်သစ်


FaceBook မှာ တွေ့ရတဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေပါ။
မင်္ဂလာမောင်မယ်တွေကတော့
မောင်မင်းမင်းစိုး၊ မနှင်းဆွေ၊ မပိုပို လို့ ဆိုတယ်။

ဘိသိတ်ဆြာက လက်မှာ သပြေခက်၊ ရေခွက်၊ မိုက်ကရိုဖုန်းနဲ့။

ရက်စွဲတပ်မထားတော့ ဘယ်ကာလမှန်း မသိရပါ။ (ဓာတ်ပုံရိုက်ခဲ့သူရဲ့ ဖြည့်စွက်ချက်ကို အောက်ဆုံးမှာ ဖော်ပြလိုက်ပါတယ်)



ဧည့်ပရိသတ်ရဲ့ ၀တ်စားဆင်ယင်ပုံအရ ဆောင်းတွင်းလို့ ယူဆရပါတယ်။


ဒီပုံတွေ တင်ထားတဲ့ ကိုဇော်မြင့်သိန်းကတော့ ထူးထူးခြားခြား မင်္ဂလာပွဲ လို့ ခေါင်းစည်း တပ်ပြီး ဟောဒီလို ရေးထားလေရဲ့။
ထူးထူးခြားခြား မင်္ဂလာပွဲလေး 2010ခုနှစ် ကောလင်းသို့ ခရီးသွားခဲ့ရာမှ စတင်​ခဲ့ပါသည်။ ကျွန်တော်သည် ဓာတ်ပုံဆရာတစ်ယောက် ဖြစ်သည်။ ရွှေဘိုမြို့နယ်တွင် ရိုက်ကူးရေးကို အထူး လုပ်ကိုင်ပါသည်။ သို့ပေမယ့် ခင်ရာ မင်ရာများကိုလည်း ဘယ်လောက်ေ​၀းဝေး လိုက်ရိုက်ပေးပါသည်။ ၀ါသနာ အလွန်ကြီးခဲ့သည်။

ကျွန်တော်နှင့် အလွန် ၀ါသနာတူသော သူငယ်ချင်း တစ်ယောက်လည်း ရှိပါသည်။ ​ သူနှင့်အတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ရှိုလယ်ရွာ(အလယ်ရှို)ရွာတွင် ဓာတ်ပုံ ရိုက်ရန် အကြောင်းရှိလာရာ​ သွားရောက် ရိုက်ကူးခဲ့ကြပါသည်။ သွားရောက် ရိုက်ကူးသောပွဲမှာ ရွှေဘိုမြို့မှ ဘော်ဒါကျောင်းဆရာတစ်ဦး၏ မင်္ဂလာဆောင် ဖြစ်ပါသည်။

ဓာတ်ပုံ ရိုက်ပြီးသောနေ့တွင် ထိုရွာမှအပြန် ကားလမ်းမကြီးဘေးအရောက် အမှတ်တမဲ့ ကြည့်မိ၇ာ ကန့်ဘလူမြို့နယ်မှ ကြိုဆိုပါ၏ ဆိုသော ဆိုင်းဘုတ်ကိုေ​တွ့ရပါတော့သည်။ ရွှေဘိုမြို့နယ်ပြီး အထက်ကို တက်လျှင် ခင်ဦးမြို့နယ်ကို ရောက်ပါသည်။ ထိုမှဆက်တက်ပါက ကန့်ဘလူခရိုင်ကို ရောက်သည်။ ကန့်ဘလူခရိုင်ပြီးပါက ကောလင်းမြို့နယ်သို့ ရောက်သည်။

ကောလင်းတွင် သူငယ်ချင်းများရှိရာ​ မရောက်တာ ကြာပြီဖြစ်သော သူငယ်ချင်း နှစ်ယောက်သားမှာ ကောလင်းသို့ သွားရကောင်း နိုးနိုးနှင့် ချီတုံချုတုံ ဖြစ်နေစဉ် တစ်ယောက်ကို တစ်ယောက် ငွေကြေး မည်မျှပါကြောင်း ပြောကာ ခရီးစရိတ် လုံလောက်သောကြောင့် သွားရန်စီစဉ်ပြီး ကောလင်းသို့ ခရီးထွ​က်ခဲ့ကြပါသည်။

ကောလင်းတွင် သူငယ်ချင်းများ ပြော​ပချက်အရ ထူးထူးခြားခြား မင်္ဂလာပွဲ ရှိကြောင်း ၀န်းသိုနယ်ထဲမှာပဲ ဖြစ်ကြောင်း သိ​ရပါသည်။ ထို့ကြောင့် ၀န်းသိုသို့ သွားရန်ထက် စိုင်းပြင်ရပြန်ပါသည်။ ချောင်းဆုံရွာတွင် သတို့သားတစ်ယောက်နှင့် သတို့သမီး​နှစ်ယောက်တို့ တပြိုင်နက် မင်္ဂလာဆောင်ခြင်း ဖြစ်ေ​ကြာင်း သိရသောအခါ အလွန် အင်မတန်မှ စိတ်ဝင်စားခဲ့ပါတော့သည်။

အမှတ်တရ ဓာတ်ပုံများကို ဓာတ်ပုံဆရာများက ရိုက်ကူးပေးသည်မှာ ကြည်နူး​စရာလဲ အလွန်ကောင်းသည်။ (ထိုအခါက တိုင်းမှုးသည်လည်း ကောလင်းနယ်ဘက်သို့ ရောက်နေရာ အလွန်တရာမှ လူပြောများနေသော မင်္ဂလာပွဲသို့ လာရောက်ကြည့်​ရူ့ခဲ့သည်ဟု သိရပါသည်။ ကျွန်တော်ေ​တာ့ မတွေ့လိုက်ရပါ။ ) ခြိမ့်ခြိမ့်သဲမျှ ကျင်းပသော မင်္ဂလာပွဲကို အလွန်တ​ရာ စိတ်ဝင်စားမှုရှိရာမှာ ရွာခံတစ်​ယောက်ကို မေးကြည့်ရာ သတို့သမီးတစ်ဦးမှာ ရွာခံဖြစ်ပြီး ကျန်တစ်ဦးမှာ ရွှေတော(ဖတ်ရှည်)မှ​ ဖြစ်ကြောင်း သိရသည်။

အကြောင်းစုံကို သိရန် မေးမြန်းခဲ့ပါသည်။ 2008ခုနှစ်တွင် ရွာခံ သတို့သမီးမနှင်းဆွေနှင့် မောင်မင်းမင်းစို့တို့ ချစ်ခင်စုံမက်ရာ လူကြီးမိဘများကို အသိပေးခဲ့ကြလေသ​ည်။ သတို့သားဘက်မှ အလွန်ချို့တဲ့သ​ည့် အလျှောက် သတို့သား မိဘများကလည်း တောင်းရမ်း​လက်ထပ်မပေးနိုင်ပေ။ ထို့ကြောင့် မောင်မင်းမင်းစိုးမှာ ချစ်သူနှင့် ပေါင်းဖက်နိုင်ရန် အလို့ငှာ ရွှေတော ခေါ် ဖတ်ရှည်သို့ အရင်းအနှီး ရှာရန် ချစ်သူကို ဇာတိကျေးရွာတွင် ထားခဲ့​ကာ ခရီး ထွက်လေတော့သည်။

လုပ်ရင်းကိုင်ရင်းမှ နည်းနည်းပါးပါး အဆင်ပြေသောအခါတွင် မောင်မင်းမင်းစိုးသည် တစ်ရွာတစ်​ယောက် ဆိုသလို ရင်းနှီးသော ဖတ်ရှည်မှ မပိုပိုနှင့် ရည်းစားဖြစ်ပါတော့သ​ည်။ မပိုပိုကိုလည်း ချစ်သည်။ ဇာတိတွင် ကျန်ခဲ့သော မနှင်းဆွေကိုလည်း ချစ်သည်။ အလွန်ခက်ခဲသော ပြဿနာကို မောင်မင်း​မင်းစိုး စတင် ရင်ဆိုင်ရတော့သည်။ အမျိုးသမီးနှစ်ဦးကလည်းအလျှော့မ​ပေး တင်းမာနေကြရာ မည်သူကမှ အဆုံးအရှုံး မခံနိုင်ကြချေ။ မောင်မင်းမင်းစိုးကို နှစ်ဦးနှစ်ယောက်လုံးက ရယူလိုကြလေတော့သည်။ ထိုအခါ အမျိုးသမီးနှစ်ဦးက အပြိုင်အဆိုင် ပြိုင်ကြရာမှ ထိုမင်္ဂလာပွဲ စတင် ဖြစ်ပေါ်လာပါတော့​သည်။

မိဘဆွေမျိုးများက ဘယ်လိုပင် တားတား အလျှော့မပေးကြပေ။ ငယ်ရွယ်ကြသော်လ​ည်း မာနကိုယ်စီနှင့်ပြိုင်ကြရာ သုံးေ​ယာက်သား တစ်ရက်တည်း မင်္ဂလာဆောင်သည်​အထိ ဖြစ်ပေါ်လာပါတော့သည်ခင်ဗျာ အမှားပါရင်လည်း ခွင့်လွှတ်ကြပါဗျာ။ ကျွန်တော်လည်း တွေ့ဖူးတာလေးမို့ တ​င်လိုက်ရတာပါ။

(မှတ်ချက်။ ။ ကျွန်ုပ် သိသမျှဖြစ်ပါသည်။ ဓာတ်ပုံများမှာလည်း မူရင်းအတိုင်း ဖြစ်​ပါသည်။ )
ဒီနေရာကနေကူးလာတာပါ သတင်းထူးလေးစိတ်ဝင်စားလို့ပါ  

Uninstall လုပ်မရတဲ့အခါ

တစ်ချို့သော software တွေကို Uninstall လုပ်တဲ့ အခါမှာ
လုပ်လို့ မရဘဲ ပေကပ်ကပ် လုပ်နေတဲ့ အခြေ အနေမျိုး လူတိုင်းကြူံဖူးကြမှာပါ
အဲ့လိုမျိုးဖြစ်နေခဲ့ရင်တော့အောက်ပါအတိုင်းလုပ်ပေးလိုက်ပါဗျာ
၁။ Start – Run – regedit ဟု ရိုက်ထည့်ပြီး OKလိုက်ပါ

၂။ HKEY_LOCAL-MACHINE\Software\Microsoft\Windows\
CurrentVersion\Uninstall အောက်ရှိ မိမိ Uninstall လုပ်ချင်သော
Software ကို Click လုပ်ပါ။

၃။ ညာဘက်ရှိ Box ထဲတွင် UninstallString file အား
Double Click ပါ။ Value Data: အောက်ရှိ Box တွင်
C:\Program Files\WordWeb\uninst.exe ကို Copy လုပ်ပြီး OK ပေးပါ။

၎။ Start – Run ထဲတွင် C:\Program Files\WordWeb\uninst.exe
ကို Paste လုပ်ပြီး OK ပေးပါ။ Uninstall အား ပုံမှန်အတိုင်း
အဆင့်ဆင့် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

အဆင်ပြေကြပါစေဗျာ

ကွန်ပျူတာအစုတ်တစ်လုံးနှင့်စိတ်မညစ်စေဖို့ ရာ

အခုတလောလူတိုင်းစိတ်ဝင်စားလာ အလွယ်တကူကိုင်ဆောင်လို့ ရပြီးစတိုင်ထုတ်လို့ ကောင်းတဲ့
NOTE BOOK လို့ ခေါ်တဲ့လပ်တော့ပ်ကွန်ပျူတာလေးတွေဟာ။ဈေးနှုန်းတွေလည်းအတော်ချိုသာ
လာတာတွေ့ ရပါတယ်။သွားလေရာမှာယူဆောင်ရလွယ်ပြီးအလုပ်လည်းအတော်ဖြစ်ကြတော့
လူတိုင်းကိုင်ဆောင်ချင်လာကြပါတယ်။
အဲ့နေရာမှာ အသစ်အသစ်ဆိုပြီး ပိုက်ဆံတတ်နိုင်သူတွေရှိသလို။လုပ်ငန်းအတွက်တကယ်လိုအပ်ပြီး
ပိုက်ဆံရောစီးပွားရေးအတွက်ပါသုံးမဲ့သူတွေအတွက်လည်း။တပတ်ရစ်လပ်တော့ပ်ဈေးကွက်က
ကျယ်ပြန့် လာပါတယ်။တစ်ချို့ ကလည်း အသစ်ဘယ်လောက်ကောင်းကောင်းဘရန်းတက်လို့ 
ခေါ်တဲ့နာမည်ကြီးတပတ်ရစ်လပ်တော့ပ်တွေရဲ့ခိုင်မာမှု့ အကြမ်းခံမှု့ တွေကိုနှစ်သက်ပြီး
ဘရန်းတက်တပတ်ရစ်လပ်တော့ပ်တွေကိုကိုင်ဆောင်ကြပါတယ်။
တပတ်ရစ်လပ်တော့ပ်ကိုဝယ်ယူရာမှာ အာမခံနည်းပါးမှု့ ။ပြန်လည်ပြုပြင်ထားမှု့ ။
တချို့ စက်တွေမှာမမြင်ရတဲ့ပြစ်ချက်ပေါင်းများစွာရှိမှု့ တွေနဲ့ အတူ စိတ်ညစ်စရာတွေ
ဖြစ်ပေါ်လာပြီး တပတ်ရစ်ကွန်ပျူတာလပ်တော့ပ့်ကိုမသုံးစွဲချင်စိတ်တွေဖြစ်ပေါ်လာပါတယ်။

ဘယ်လိုအကြောင်းဘဲဖြစ်ဖြစ်။တပတ်ရစ်လပ်တော့ပ်ကိုကိုင်ဆောင်တော့မယ်ဆိုရင်တော့ဖြင့်
အောက်ကအချက်များကိုမှတ်သားပြီးဝယ်ယူပါကအတော်အတန်စိတ်ညစ်မှု့ ပြေပျောက်ပါလိမ့်မယ်။
တပတ်ရစ်လပ်တော့ကိုဝယ်ယူတော့မယ်ဆိုရင်ဖြင့်.....

ပထမဦးစွာ လပ်တော့ပ်ဘော်ဒီကိုသေချာကြည့်ရှု့ ပါပြုတ်ကျလို့ ကွဲပြီးပြန်ဖာထေးထားတာ
တွေရှိလားဆိုတာ။

CPU ရဲ့တန်ဖိုးကို ကြည့်ပါ။အိမ်သုံးကွန်ပျူတာတွေမှာ CPU ကိုအဆင့်မြှင့်တာလွယ်ပေမဲ့
လပ်တော့ပ်မှာတော့။CPU လဲလှယ်ဖို့ အဆင်မပြေဘူးဆိုတာသတိရပါ။

လပ်တော့ကိုပါဝါဖွင့်ပြီး စမ်းပါက ဟာ့ဒ်ဒစ်ကနေအသံတွေအတော်ထွက်နေပြီလားဆိုတာ
နားထောင်ပါ။အသံထွက်နေပါကမကြာခင်မိတ်ဆွေဆီကနေပိုက်ဆံထပ်ထွက်တော့မှာပါ။


လပ်တော့မှာ WIFI တံဆိပ်ပါရှိတယ်ဆိုပြီး ရမ်းသမ်းမယူပါနဲ့  တချို့ လပ်တော့တွေကအင်တာနယ်
ဆားကဒ်ပျက်နေတတ်သလို။ဝိုင်ဖိုင်ကဒ်မပါလာတာတွေရှိပါတယ်။


USB function အပေါက်တွေအလုပ်လုပ်မလုပ်စမ်းကြည့်ပါ။တစ်ပတ်ရစ်လပ်တော့ပ်တွေမှာ
USB functionတွေပျက်စီးတတ်တာတွေရှိတတ်ပါတယ်။

Optical Drive လို့ ခေါ်တဲ့ CD,DVD ,ကိုအခွေထည့်ပြီးဖတ်မဖတ်သေချာစမ်းကြည့်ပါ။
သူလည်းအပျက်များတဲ့စာရင်းမှာပါပါတယ်။

ကီးဘုတ်ကစာတွေအကုန်ရိုက်ရမရnotepad or wordနဲ့ 
သေချာစွာစစ်ဆေးပါ။အိမ်ကျမှဟိုဟာနှိပ်မရဒီဟာနှိပ်မရနဲ့ ဖြစ်တတ်ပါတယ်။

လပ်တော့ပ်မှာရှိတဲ့မောက်စ်အလုပ်လုပ်မလုပ်စစ်ဆေးပါ။လပ်တော့မော့က်စ်တွေလည်း
ကပ်ပြီးကြောင်တောင်တောင်လုပ်တတ်ပါတယ်။

လပ်တော့ပ်မှာရှိတဲ့ NETWORK အပေါက်ကောင်းမကောင်း တပ်ဆင်စစ်ဆေးပါ။

လပ်တော့ပ်ပုံဖော်မျက်နှာပြင်မှာတုန်နေတာကြာမှမှိန်သွားတာ။တဖြတ်ဖြတ်ခပ်နေတာတွေ
ရှိမရှိ။ပုံဖော်မျက်နှာပြင်မှာပစ်ဇယ်လို့ ခေါ်တဲ့အစက်အပြောက်ရှိမရှိကိုတည်ငြိမ်တဲ့နောက်ခံ
ပုံဖော်ပြီးစစ်ဆေးပါ။

ဒါတွေအားလုံးကောင်းမွန်ပါကစတင်ဈေးဆစ်ကာဝယ်ယူပါလို့ အကြံပေးပါတယ်။

တပတ်ရစ်ကွန်ပျူတာစိတ်ညစ်မှု့ ကင်းဝေးကြပါစေ။


အဆင်ပြေကြပါစေဗျာ။
ကိုမြတ် ထံမှကူးယူးဖော်ပြပါသည်။

Wednesday, October 5, 2011

USB Devices တွေရဲ့ Write Protection ကိုဖြေရှင်းခြင်း

အားလုံးမင်္ဂလာပါခင်ဗျာ။ ကျွန်တော် ဒီပို့စ်လေးကိုရေးဖို့စဉ်းစားနေတာတော့ကြာပါပြီ။ အလုပ်တွေနဲ့ မအားလပ်လို့ မရေးဖြစ်ခဲ့တာပါ။ အခုတော့ မိတ်ဆွေတွေက မကြာခဏ မေးမြန်းလာကြလို့
ရေးလိုက်တာပါ။ 

USB Devices (USB Pen Drive, Flash Drive, Memory Card . etc) တွေဟာ ကျွန်တော်တို့ အရင်က သုံးခဲ့တဲ့ Floppy Disk တွေလို physically အရ write protection  လုပ်လို့မရပါဘူး။ အခု
အပေါ်မှာ ပြထားတဲ့ ပုံတွေလို ဖြစ်တာဟာ Virus
တစ်မျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အောက်က
အဆင့်တွေအတိုင်း လိုက်လုပ်ကြည့်ကြပါ..။ 

၁။     Start မှ Run ကိုသွားပါ။ box ထဲမှာ regedit လို့ ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ။ အောက်ကပုံလို Registry Editor ပေါ်လာပါလိမ့်မယ်။


၂။   HKEY_LOCAL_MACHINESYSTEMCurrentControlSetControlStorageDevicePolicies အဆင့်ဆင့် သွားပါ။ Control အောက်မှာ StorageDevicePolicies ဆိုတာမရှိရင် အဲဒီ Key ကို ထည့်ပေးဖို့ လိုပါတယ်။ ဒီအဆင့်က အရေးကြီးတဲ့အတွက်
သေချာလိုက်လုပ်ဖို့လိုပါတယ်။ နည်းလမ်း(၂)မျိုးနဲ့ အဲဒီ Key ကို
ဖန်းတီးလို့ရပါတယ်။
  • ပထမနည်းကတော့ အထက်ပါအတိုင်း အဆင့်ဆင့်သွားပြီး Control ကိုကလစ်လိုက်ရင် ညာဖက် အကွက်မှာ Key တွေ ပေါ်လာပါလိမ့်မယ်။ အဲဒါတွေရဲ့ အောက်ဖက် လွတ်တဲ့နေရာမှာ Right-click
    လုပ်၊ New--> Key ကိုကလစ်လိုက်ရင် ဘယ်ဘက်မှာ Folder rename
    ပုံစံနဲ့တွေ့ပါမယ်။ အဲဒီမှာ Key ရဲ့အမည်ကို
    StorageDevicePolicies လို့ရိုက်ထည့်ပေးပါ
    (စာလုံးပေါင်းမှားလို့မရတဲ့အတွက် သေချာဂရုစိုက်ပြီးရိုက်ထည့်ပေးပါ)။
    ပြီးရင် enter ခေါက်လိုက်ပါ။ StorageDevicePolicies ကို
    ဖန်တီးပြီးသွားပါပြီ။
  • ဒုတိယနည်းကတော့ add.bat ဆိုတဲ့ batch ဖိုင်လေးကို ဒီနေရာမှာ ဒေါင်းလုပ်ယူပြီး အဲဒီဖိုင်ကို Double-click လုပ်လိုက်ပါ။ အလိုအလျောက် StorageDevicePolicies ကို ဖန်တီးပြီးသား ဖြစ်သွားပါလိမ့်မယ်။

၃။   အဲဒီဖန်တီးပြီးသွားတဲ့ StorageDevicePolicies ကိုကလစ်လုပ်ပါ။ ညာဘက်အကွက်က လွတ်နေတဲ့ နေရာမှာ Right-click--->New--->DWORD Value
အဆင့်ဆင့်သွားပါ။ New Value မှာ WriteProtect လို့ အမည်ပေးလိုက်ပါ။ 

၎။   ပြီးရင် အဲဒီ WriteProtect ကို Double-click လုပ်ပြီး သူ့ရဲ့တန်ဖိုးကို "0" လို့ပြောင်းလိုက်ပါ။



၅။   Registry Editor ကိုပိတ်ပြီး ကွန်ပျူတာကို Restart ချလိုက်ပါ။ အားလုံးအဆင်ပြေကြပါစေ ခင်ဗျာ..။

ကိုယ့် Gmail ကို သူများဝင်သုံးနေသလား....?

ကိုယ့် Gmail ကို သူများဝင်သုံးနေလားဆိုပြီး အရင်က သံသယရှိသူ၊ စစ်ချင်သူများ ၀မ်းမြောက်ဖွယ် ...။

Google မှ Gmail တွင် ၀င်ရောက်အသုံးပြုသွားသူ၏ IP Address အားဖေါ်ပြပေးထားပါပြီ။

Gmail ၏ ပထမစာမျက်နှာ အောက်ဆုံးနားသို့ သတိထားကာသွားကြည့်လျှင် ..


ယခုကဲ့သို့ This account is open in 1 other location (xxx.xxx.xxx.xxx)
Last account activity 5 Hours ago. ဆိုပြီး စာသားလေးမြင်ရလိမ့်မည်။
ပြည့်ပြည့်စုံစုံ ကြည့်ချင်ပါက ဘေးနားရှိ Detail ဆိုသော လင့်ကလေးနှိပ်ပါက
..



ယခုကဲ့သို့ IP Address များကို မြင်ရမည်ဖြစ်ပြီး ကိုယ့်အကောင့်ကို သူများ သုံးခဲ့ဘူးသလား၊ ဘယ်နေရာကလဲ စသဖြင့် သိနိုင်ပါပြီ။

အကယ်လို့များ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ကြည့်နေတုန်းမှာ တဘက်မှာလဲ
ကိုယ်မသိအောင် ၀င်သုံးနေပါက Concurrent Session Information တွင် IP များ
တစ်ခုထက်ပိုတွေ့နေရမည်ဖြစ်ပြီး သူတို့ကိုပါ Logout လုပ်ပြစ်ချင်ပါက
အောက်နားရှိ Sign Out all other sessions ခလုပ်ကလေးနှိပ်ပါက ရှိသမျှ
တပြိုင်နက်သုံးနေသော ယူဆာများကို Logout လုပ်နိုင်ပါတယ်၊ ပြီးလျှင်တော့
ကိုယ်က Password ပြောင်းလိုက်ပေတော့ဗျာ..။


အဆင်ပြေနိုင်ကြပါစေ....။

ကွန်ပျူတာအမြန်နှုန်းမြင့်စေဖို့ လုပ်ဆောင်သင့်သောအချက်များ

ကွန်ပျူတာအမြန်နှုန်းမြင့်စေဖို့ လုပ်ဆောင်သင့်သောအချက်များ

၁။ File Indexing ကို Disable လုပ်ထားပါ

ဖိုင်တွေရှာဖွေတဲ့အခါမှာ ပိုပြီး မြန်ဆန်စေဖို့ သုံးတဲ့ windows xp ရဲ့
component တစ်ခုဖြစ်ပါတယ်။ ဖိုင်ရှာဖွေတဲ့အလုပ်ကို ခဏခဏမလုပ်ဘူးဆိုရင်တော့
ပိတ်ထားတာက သင့်တော်ပါလိမ့်မယ်။ Disable လုပ်တဲ့နည်းကတော့
Control Panel>Add/Remove Windows Components မှာ Indexing Service ရှေ့က အမှန်ခြစ် ကလေးကို ဖြုတ်ရုံပါပဲ။

၂။ Start up program တွေကို ဖြုတ်ပစ်ပါ

Start up program ဆိုတာက Windows တက်တက်ချင်း run တဲ့ program ပါ။
အများအားဖြင့် မလိုအပ်တာတွေပဲများပြီး စောင့်နေရတာပဲ ပိုပါတယ်။ အဲဒါတွေကို
Disable လုပ်မယ်ဆိုရင်တော့
Start>Run မှာ msconfig လို့ရိုက်ပါ။ ပြီးရင် startup tab ကို နှိပ်ပြီး Disable All ကို နှိပ်ပါ။
တစ်လက်စတည်း Service tab ကိုလည်း နှိပ်ပါ။ Hide All Microsoft Service
ရှေ့မှာ အမှန်ခြစ်ပေးပါ။ ကျန်နေတဲ့ service တွေရဲ့ ရှေ့က အမှန်ခြစ်တွေကို
ဖြူတ်ပစ်ပါ။ Antivirus service တွေကိုတော့ မဖြုတ်မိပါစနေဲ့။

၃။ Temp Folder ကို အလိုအလျောက်ဖျက်စေဖို့

Temporary ဖိုင်တွေဟာ program တွေက လိုအပ်လို့
ဖန်တီးလိုက်ပြီးတဲ့နောက်ပိုင်း ကျန်နေခဲ့တဲ့ မလိုအပ်တဲ့ဖိုင်တွေပဲ
ဖြစ်ပါတယ်။ ဒီဖိုင်တွေကို အလိုအလျောက်ရှင်းစေချင်ရင်တော့
Start>Run ကနေ gpedit.msc လို့ ရိုက်ပြီး Enter ခေါက်ပါ။ ပြီးရင်
Computer configuration> Administrative Templates> Windows
Components> Terminal Services> Temporary Folder အတိုင်း သွားပါ။
ပြီးရင် ညာဘက်မှာ Do Not Delete Temp Folder Upon Exit ပေါ်မှာ Double
Click နှိပ်ပြီး Disable ကို ရွေးပါ။ ပြီးရင် OK နှိပ်ပြီး
ထွက်လိုက်ပါတော့။

၎။ Virtual Memory တိုးပေးပါ

Virtual Memory ဆိုတာက RAM မလုံလောက်တဲ့အခါ Hard disk ထဲမှာ
နေရာတစ်ခုသတ်မှတ်ပြီး Memory အတုအဖြစ် သတ်မှတ်သုံးစွဲတာဖြစ်ပါတယ်။
သင့်ကွန်ပျူတာက RAM ပမာဏများနေရင်တော့ ကိစ္စမရှိပေမဲ့ RAM နည်းနေရင်တော့
Virtual Memory ကို တိုးပေးပါ။ တိုးနည်းကတော့
Start>Run ကနေ sysdm.cpl လို့ရိုက်ပြီး Enter ခေါက်ပါ။ Advanced tab
ကို နှိပ်ပါ။ အပေါ်ဆုံးက Setting button ကို နှိပ်ပါ။ Advanced ကို
နှိပ်ပါ။ Change ကို နှိပ်ပါ။ initial size text box ထဲမှာ လက်ရှိ RAM
ပမာဏရဲ့ ၁.၅ ဆရိုက်ထည့်ပါ။ Maximum size text box ထဲမှာတော့ လက်ရှိ RAM
ပမာဏရဲ့ ၃ဆ ရိုက်ထည့်ပါ။ ပြီးရင် Set ကို နှိပ်ပါ။ OK နှိပ်ပြီး
ထွက်လိုက်ပါ။

၅။ မလိုအပ်တဲ့Font တွေကို ဖျက်ပစ်ပါ

Program တစ်ခုတင်လိုက်တိုင်း Font တွေ တိုးတိုးသွားတာကို
သင်သတိပြုမိရဲ့လား။ Fonts တွေ အများကြီးရှိနေရင် Windows တက်တာကအစ Program
တွေ ဖွင့်တာအဆုံး ကြာနေတတ်ပါတယ်။ ဒါကြောင့် မသုံးတဲ့ font တွေကို
ဖျက်ပစ်ပါ။ ဖျက်နည်းကတော့
Start>Run ကနေ fonts လို့ရိုက်ပြီး Enter ခေါက်ပါ။ Fonts တွေ
ပေါ်လာပါလိမ့်မယ်။ မသုံးတဲ့ font ကို select လုပ်ပြီး Delete Key ကိုသာ
နှိပ်လိုက်ပါ။ Windows က သုံးတဲ့ Font တွေ မဖျက်မိတော့ သတိထားပါ။

၆။ Visual Effect တွေကို လျှော့ချပါ

Windows XP မှာ အမြင်လှပအောင်လုပ်ပေးနေတဲ့ Visual Effect တွေကို လျော့ချပေးပါ။ လုပ်နည်းကတော့
Start>Run မှာ sysdm.cpl လို့ရိုက်ပြီး Enter ခေါက်ပါ။ Advaned
ကိုနှိပ် အပေါ်ဆုံးက Setting ဆီ သွားပြီး Adjust for best performance ကို
ရွေးပေးပါ။ ပြီးရင် OK နှိပ်ပြီး ထွက်လိုက်ပါ။

ကွန်ပျုတာကိုအပိတ်အဖွင့်မြန်ချင်ရင်

XP မှာ start နှင့် shutdown မြန်အောင်လုပ်နည်းလေးပါ..။

XP အသုံးပြုသူတွေ အတွက် အသုံးဝင်မယ်ထင်လို့ ဒီပိုစ့်လေးကို တင်လိုက်တာပါ…။

အရင်ဆုံး start မြန်အောင်လုပ်နည်းကို ဆွေးနွေးပါ့မယ်….။

ထုံးစံအတိုင်း start Run (or) win + R ကို သွားလိုက်ပါ…။

Run Box တွင် regedit ကိုရိုက်ထည့်ပြီး ok ပေးလိုက်ပါ.။

ပေါ်လာတဲ့ Register Editor Box မှာ အောက်မှာရေးးထားတဲ့ အတိုင်း အဆင့်ဆင့်သွားလိုက်ပါ...။

HKEY_LOCAL_MACHINE >> SYSTEM >> CurrentControlSet >> Control >> Session Manager >>

Memory Management >> Prefetchparameters ဆိုတာကို double click ပေးလိုက်ပါ..။

ဘေးက Box ထဲမှာ EnablePrefetcher ဆိုတာကိုလိုက်ရှာပြီး right click >> Modify >> Value data မှာ 3 နေရာမှာ 5 လို့ပြောင်းပြီး ok ပေးလိုက်ပါ ..။

ဒါဆိုရင် start မြန်အောင် လုပ်နည်းပြီးပါပြီ...။

နောက်တစ်ခု Shutdown မြန်အောင်လုပ်နည်းကို ဆွေးနွေးပါမယ်.. ။

အရင်ဆုံး အပေါ်က အတိုင်းပဲ start Run (or) win + R ကို သွားလိုက်ပါ…။

Run Box တွင် regedit ကိုရိုက်ထည့် ok ပေးပြီး

အောက်မှာ ရေးထားတဲ့ အတိုင်း အစဉ်လိုက်လုပ်ကြည့်ပါ...။

HKEY_CURRENT_USER>> Control Panel >> Desktop ထိရောက်အောင်သွားပါ..

ဘေးက Box မှာ AutoEndTasks ဆိုတာကိုရှာပြီး Value data မှာ 1 ပြောင်းပေးလိုက်

HungAppTimeout နဲ့ WaitToKillAppTimeout နှစ်ခုလုံးကို 1000 လို့ပြောင်းပေးလိုက်ပါ..။

အရမ်းကြီးမြန်ချင်တယ်ဆိုရင်တော့ ကိုယ်စိတ်ကြိုက် ပြောင်းကြည့်ပေါ့ ကျနော်ကတော့ 1000 လို့ပဲပြောင်းထားပါတယ်..။

နှစ်ခုလုံး လုပ်ပြီးပြီဆိုရင်တော့ ကွန်ပျူတာကို restart ချလိုက်ပါခင်ဗျာ…။

တက်တာရော ကျတာပါ..မြန်မြန်ဆန်ဆန်ဖြစ်နေတာကို တွေ့ရမှာပါ ..။

Dos Command များအကြောင်း

Dos Command အကြောင်းကို အသုံးပြုပုံမပြောခင် Dos Command ကိုဘယ်နေရာမှာ အသုံးပြုသလည်းဆိုတာ အရင်သိထားသင့်ပါတယ်။
MS_DOS ရဲ့ အမည်က(Microsoft Disk Operating System) ပါ။ Dos Command ကနေလုပ်နိုင်တာတွေကတော့ အများကြီးပါ။
ီDos Command ကနေ File Copy ကူးခြင်း၊ File ဖျက်ခြင်း၊ internet Connection ရမရ ကိုပါ Dos Command ကနေ စစ်နိုင်ပါတယ်။
Dos Command မည်သည့် Website က မည်သည့် IP Address ကို အသုံးပြုနေတာက အစ သိရှိနိုင်ပါတယ်။
Dos Command ပတ်သက်လို့လုပ်နိုင်တာတွေကတော့အများကြီးပါ။
Dos Command ကို မည်သည့် OS (Windows) မဆို အသုံးပြုနိုင်ပါတယ်။
ဘာSoftware Install လုပ်စရာမလို အသုံးပြုစရာ မလိုဘဲ။ Dos Command ကိုအသုံးပြုနိုင်ပါတယ်။

Dos Command ကို စတင်ဝင်မည်ဆိုပါက
၁။ ပထမဆုံး start ကနေ Run Box ကို နှိပ်ပါ။ (or) Windows Logo Key နဲ့ R ကိုနှိပ်ရင်လည်း။ Run ဆိုတဲ့ Box ကျလာပါတယ်။
၂။ အဲ့ဒီ Run box တွင် cmd (or) Command ကိုရိုက်ထည့်ပါ။
၃။ Dos Command box ကျလာပါလိမ့်မယ်။

အဲ့ဒီမှာ Dos command file များကိုရိုက်ထည့်ပြီးအသုံးပြုနိုင်ပါတယ်။
Dos command မှာ C:\ ဆိုရင် C:\ ထဲရောက်သွားပါပြီ။

မိမိ အသုံးပြုထားသော File Type Chage ချင်ရင်။ ဥပမာ C:\> ကနေ D:\ ကို Directory Change ချင်ရင်။
C:\>D:
D:\>
ဒါဆိုရင် C:\ ကနေ Drive D:\ကိုရောက်သွားပါပြီ။

C:\ မှာ Folder အခန်းတည်ဆောက်ချင်ရင်
C:\>MD Myanmar
C:\Myanmar>
ဒါဆို Myanmar ဆိုတဲ့ Folder မိမိမှာတည်ဆောက်ပြီးသားရပါပြီ။

မိမိအသုံးပြုနေသော Dos Command Screen သေးနေပါက ALT+ENTER ကိုနှိပ်ကာ Full Screen ဖြင့်ကြည့်နိုင်ပါတယ်။

မိမိ Screen မှာ စာများများနေပါက Clear Screen ဖြင့်ရှင်းထုတ်ပါ။ Clear Screen ဆိုတာက cls ရိုက်လိုက်ရင်ရပါတယ်။
Dos Command အကြောင်း ဆက်လက် လေ့လာချင်ရင် အခုကျွန်တော်ပေးတဲ့ Website မှာလေ့လာကြည့်ပါ။

http://www.users.globalnet.co.uk/~jchap/tvdt.htm

http://terpconnect.umd.edu/~nsw/ench250/dostutor.htm#1B

http://www.microsoft.com/en/us/default.aspx

Dos Command နဲ့ပတ်သက်တဲ့ Web site တွေကတော့ အများကြီးရှိပါတယ်။
ကျွန်တော် မသိသေးတဲ့ Dos_Command တွေလည်းအများကြီးရှိဦးမယ်ထင်ပါတယ်။
စမ်းသုံးကြည့်ပါဦး ရမယ်ထင်ပါတယ်။

MIRC ထဲကလူသိနည်းနေသေးတဲ့အရာတွေ

ပို့တင်ဖိုရယ်မဟုတ်ပါဘူး ကိုယ်ဟာကို ကူးထားတာလေး ပြန်တွေ့လို့တင်ထားလိုက်တာပါ ကြာတော့ကြာပါပြီ
Myanmar Online ဟုခေါ်သော Network တစ်ခုမှ ပြုလုပ်ထားသည့် #ygnchat
ဆိုသောChatting Server တစ်ခုသည် spy module ကို အသုံးပြုပြီး .. Chatter
များ၏Private log များကို ခိုးယူကြည့်ရှုနေပါသည်။ ထို Chat မှ Admin Oper
Opများသည် Chatter များ Private ကို ခိုးကြည့်ကာ
မိန်းကလေးများ၏ဖုန်းနံပါတ်များကို မှတ်သားပြီး ဖုန်းဆက်ခြင်း ၊ Email
များကို ခိုးယူ၍Email များ အတင်းပို့ခြင်း ၊ ကိုယ်ရေးကိုယ်တာ ကိစ္စများကို
ကြည့်ရှု၍အတင်းပြော ရယ်မောခြင်းများ ပြုလုပ်နေပါသည်။ ထို့အပြင် Nick
registerလုပ်ထားသော Password များကို ကြည့်၍ Chatter များ၏ Email
များကိုဝင်ရောက်က ကိုယ်ရေးကိုယ်တာ ကိစ္စများကို ခိုးယူကြည့်ရှုကြသဖြင့်
Nickregis ter Password နှင့် Email Password များကို အတူတူ
မဖြစ်စေရန်အထူးသတိထားရန် လိုအပ်ပါသည်။ သူတို့အသုံးပြုထားသော IRC Module
များကိုကြည့်ချင်တယ်ဆိုရင် ဒီ Command လေးကို #ygnchat server တွင်
ရိုက်ကြည့်ပါကမြင်တွေ့နိုင်မည်ဖြစ်ပါသည်။ /module ဆိုသော Command ကို
ရိုက်ကြည့်ပါကအောက်တွင်ပြထားသော စာများပေါ်လာမည် ဖြစ်ပါသည်။ ထိုပေါ်လာသော
စာသားများသည်သူတို့အသုံးပြုထားသော module များ ဖြစ်ပါသည်။ irc.myanm
aronline. net.mm*** spy (real-time spying) [3RD] ဆိုသော module ကို
ထိပ်ဆုံးတွင်တွေ့ရမည် ဖြစ်ပါသည်။ ထို module သည် Chatter များ၏ Privacy
ကိုတန်ဖိုးထားသော မည်သည့် IRC မှ အသုံးပြုခြင်း မရှိပါ။
ထို့ကြောင့်မြန်မာလူမျိုးအချင်းချင်း ကွန်ပြူတာတွင် သူတို့တော်သည်
တတ်သည်ဆိုတိုင်းအခုလို အင်တာနက်ကို အသုံးပြုပြီး အလွဲသုံးစားပြုလုပ်နေသော
Myanmar Online#ygnchat Server တွင် အတက်နိုင်ဆုံး Chatting မပြုလုပ်ဘဲ
နေကြပါရန်အထူးသတိပေးအပ်ပါသည်။ ဤသတင်းအား သင်၏ သူငယ်ချင်းများကို
Forwardလုပ်ပေးခြင်းဖြင့် ထိုသူတို့၏ မတရားပြုလုပ်မှုများကို
တားဆီးကြပါရန် ...။


-irc.myanmaronline.net.mm- *** spy (real-time spying) [3RD]
-
-irc.myanmaronline.net.mm- *** operjoin (Join & sajoin override) [3RD]
-
-irc.myanmaronline.net.mm- *** staff (command /staff) [3RD]
-
-irc.myanmaronline.net.mm- *** ircops (command /ircops) [3RD]
-
-irc.myanmaronline.net.mm- *** m_antidcc bug (Anti mIRC dcc exploit) [3RD]
-
-irc.myanmaronline.net.mm- *** getinfo (command /getinfo) [3RD]
-
-irc.myanmaronline.net.mm- *** clones (command /clones) [3RD]
-
-irc.myanmaronline.net.mm- *** m_chgswho is (commands /chgswhois &
/setswhois) [3RD]
-
-irc.myanmaronline.net.mm- *** cloak (Official cloaking module (md5))
-
-irc.myanmaronline.net.mm- *** commands (Wrapper library for m_ commands)
-
-irc.myanmaronline.net.mm- *** operpassw d (Failed OPER attempts notifier) [3RD]
-
-irc.myanmaronline.net.mm- *** textban (ExtBan ~T (textban) by Syzop) [3RD]

အီးမေးလ်ကို ဘာကြောင့် သုံးကြမလဲ

အစက အီးမေးလ်ဆိုတာ ကုမ္ပဏီကြီးတွေ၊ စီးပွားရေးသမားတွေပဲသုံးပြီး
ငွေကုန်ကြေး ကျများလိမ့်မယ်လို့ ထင်ထားတာပါ။ အိမ်ကသား
စင်ကာပူသွားကျောင်းတက်ရင်း အလုပ်လုပ် နေတော့ အဖေ့အတွက်
အီးမေးလ်လုပ်ထားတယ်။ အင်တာနက်ဆိုင်မှာသွားပြီး သုံးကြည့်ပါ ဆိုတော့မှ
အင်တာနက်ဆိုင်က ကလေးတွေအကူအညီတောင်းပြီးသုံးကြည့်တော့ တယ်လီဖုန်း တို့
သာမန် စာပို့စနစ်တို့ထက် ပိုအဆင်ပြေတာကို တွေ့ရပါတယ်လို့ ဦးထွန်းမြတ်က
ပြောပါ တယ်။

E-mail ဆိုတာက electronic mail ကို ချုံ့ထားတဲ့ စကားလုံးပါ။
ကျွန်တော်တို့နိုင်ငံမှာ က Google ကုမ္ပဏီကပေးတဲ့ Gmail ကို
အသုံးများပါတယ်။ အဲဒီ Gmail နဲ့ e-mail ကို တချို့ က မကွဲပြားဘူး
ဖြစ်နေတယ်။ e-mail ဆိုတဲ့ လျှပ်စစ် စာပို့စနစ်က Fax ကနေ မိုဘိုင်း
အချင်းချင်း SMS ပို့တာထိ ပါဝင်ပါတယ်။ တချို့က ISP ကုမ္ပဏီတွေကရောင်းတဲ့
မေးဆားဗစ် ကိုမှ အီးမေးလ် လို့ထင်တတ်ကြပါတယ်။ အခမဲ့ ၀န်ဆောင်မှုပေးနေတဲ့
အီးမေးလ်တွေက အများကြီး ရှိပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အကြိုက်ချင်း
မတူကြပါဘူး။ မြန်မာတွေက Gmail အသုံးများသလို စင်ကာပူနိုင်ငံသားတွေက MSN
ကို လူတိုင်းနီးပါး သုံးကြပါတယ်။ တချို့နိုင်ငံတွေက Yahoo mail
အသုံးများပါတယ်။ အီးမေးလ် ၀န်ဆောင်မှုတွေ အမျိုးမျိုး ကွဲပြားပေမယ့်
အပြန်အလှန် ပေးပို့ဆက်သွယ်လို့ ရပါတယ်။ ဒါပေမယ့် စကားပြောမယ်၊ Typing
ရိုက်ပြီး ချက်တင်ထိုင်မယ်ဆိုရင်တော့ တူညီတဲ့ဆော့ဝဲလ်ကို အသုံး
ပြုကြရမှာပါ။ Gmail ရှိတဲ့လူတွေက G-talk အချင်းချင်းဆက်သွယ်ပြောဆိုပြီး
Yahoo mail ရှိတဲ့လူတွေက Yahoo messenger ကို အသုံးပြုရမှာပါ။ အခု Gmail
က မြန်မာဘာသာကို ဇော်ဂျီဖောင့် အသုံးပြုပြီး ဆက်သွယ်လို့ရတယ်၊
ချက်တင်ထိုင်ရတဲ့အတွက် ကျွန်တော်တို့နိုင်ငံ မှာက Gmail ကို
အသုံးများပါတယ်။

အီးမေးလ်က အပြန်အလှန်ဆက်သွယ်ထားတဲ့စာတွေ Chatting မှတ်တမ်းတွေကို အလို
အလျောက်သိမ်းထားပေးပါတယ်။ မိမိစာတွေ ပျောက်ပျက်မှာ တခြားသူတွေခိုးဖတ်မှာ
စိုးရိမ် စရာမရှိတဲ့အတွက် အီးမေးလ် အသုံးပြုရတာက
စိတ်ကျေနပ်မှုရစေနိုင်ပါတယ်လို့ ပရိုဂရမ်မာ တစ်ဦးဖြစ်သူ ကိုညီညီက
ပြောပါတယ်။

java သင်ခန်းစာများ မြန်မာလိုစာအုပ်

java programming အကြောင်းကို ရေးထားတာပါ. သဘောတရားတွေကို အဓိကထားပြီး အခြေခံပိုင်းရေးထားတာ ဖြစ်တဲ့အတွက် ဒီစာအုပ် ကို လေ့ လာခြင်း အားဖြင့် တစ်ခြား programming အကြောင်းများကိုပါ အလိုလို နားလည်သွားမှာ ဖြစ်ပါတယ်. ဘယ် programming ကိုပဲ လေ့လာလေ့လာ အခြေခံသဘောတရားချင်းကတော့ အတူတူပါပဲ. သိပ်မကွာပါဘူး. အဲ့ဒါကြောင့်မို့ programming အကြောင်း လေ့လာမယ် ဆိုရင်တော့ အခုတင်ပေးလိုက်တဲ့ စာအုပ်ကို မဖြစ်မနေ ဖတ်ရှု့သင့်ပါတယ်လို့ အကြံဥာဏ်ပေးချင်ပါတယ်. ဒီစာအုပ်ကလေးကို ကိုယ်ချင်းစာသူ ထံမှ မေးလ်ဖြင့်ရရှိထားသော စာအုပ်ဖြစ်ပါတယ်. ကိုယ်ချင်းစာသူကို ကျေးဇူးတင်ပါ တယ်. နောက်လဲ မြန်မာ လို ရေးထားတဲ့ နည်းပညာစာအုပ်များ အခုလိုပဲ မျှဝေပေးနိုင်ပါစေဗျာ. လိုချင်တဲ့သူများ အောက်မှာ Downloaed လုပ်ယူလိုက်ပါ. မြန်မာပြည်မှာ ပိတ်ထားတဲ့ ၀ဘ်ဆိုက်များကို ပြန်ဖွင့်ပေးနေပြီလို့ သတင်း ကြားပါတယ်.ဒါဟာ တစ်ကယ့်ကို ၀မ်းသာစရာကောင်းတဲ့ မင်္ဂလာသတင်းပါ. ကျွန်တော်ကတော့ အတော်လေးကို ၀မ်းသာပါတယ် ဒီသတင်းကိုကြားလိုက်ရတော့ အတိုင်းမသိပဲ.
အစ်ကိုကြီး ကိုညီနေမင်း ဆိုဒ်မှ တဆင့်ကူးယူဖော်ပြပါသည်။

Download mirrorcreator | ifile.it | mediafire | zshare | ziddu

ရေကြည်ထဲက အရိပ်ကလေး

အောက်မှာပုံနမူနာလေး ပေးထားတယ်နော်
ကိုယ်ပိုင်လုပ်ချင်ရင်တော့ ဆော့ဝဲလေး Download ဆွဲလိုက်နော်
အားလုံးအဆင်ပြေပါစေ
ဂျွန်ဖြိုး(ဖူးစာရှင်လေး)




http://www.mm-flashsongs.com/ မှကူးယူ ဖော်ပြထားသည်

Monday, October 3, 2011

ကိုယ်မလိုချင်တဲ့ မေးတွေကိုပိတ်မယ် ...

ကိုယ့်ရဲ့ gmail inbox ထဲကို မှားပြီးဝင်လာတဲ့ junk mail တွေကိုဖြစ်ဖြစ် ...
ကိုယ်မေးမပို့ စေချင်တဲ့ သူဆီကပို့တဲ့ မေးတွေကိုပဲ ဖြစ်ဖြစ်
ကိုယ့်ရဲ့ inbox ထဲကို အ၀င်မခံစေပဲ
တခြားကို ရောက်စေတဲ့ နည်းလေးကိုပြောလိုက်ရပါတယ် ခင်ဗျား ..
လုပ်ပုံလုပ်နည်းလေးကတော့ .....
gmail ကိုဝင် ... settings > Filters > Create a new filter > From ဆိုတဲ့နေ၇ာမှာ
ကိုယ်မပို့စေချင်တဲ့ မေးအကောင့်ကိုထည့် ...
ပြီးရင် next step ကိုသွား ....
ပြီးရင် ပေါ်လာတဲ့ box ကလေးတွေထဲမှာ
ကိုယ်ကြိုက်တာကိုရွေး delete it ကိုရွေးလိုက်တာကတော့ အရှင်းဆုံးပါပဲ .....
ပြီးရင် .... Create Filter ဒါဆိုရင်တော့
လူကြီးမင်း အလိုရှိတာကို ရပါပြီ ....

ကျနော့်အကြောင်းလေး

ကျနော့် နာမည် ဇင်မင်းထွန်း လို့ခေါ်ပါတယ်။
ကျနော် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်းမှာရှိတဲ့
ဆင်းရွှေလီသကြားစက် မှာ အလုပ်လုပ်ကိုင် နေထိုင်လျှက်ရှိပါတယ်။
ဇာတိမြေကတော့ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ၊နောင်ကြီးအိုင်ကျေးရွာကပါ။
ကျနာ် ဘလော့လေးမှာ ကျနော်သိသမျှ လေးတွ ကျနော့ မှတ်တမ်းလေးတွေ ဖော်ပြပေးမှာပါ။
ကျနော် ဖတ်မိထားတဲ့ ဘလော့တွေ၊ ဆိုဒ်တွေက ဟာလေးတွေလည်း ကူးယူခွင့်တောင်းပြီး ဖော်ပြပေးမှာပါ။

မြန်မာ အင်တာနက် ကြည့်တဲ့ ပရိတ်သတ်တွေ အတွက်

မြန်မာ အင်တာနက် ကြည့်တဲ့ ပရိတ်သတ်တွေ အတွက် အဆင်ပြေစေရန် မြန်မာ ၀က်ဆိုဒ် လေး တွေ ကို စုစည်း ပေးထားတာဖြစ် ပါတယ်။ ကိုယ်ကြည့်ချင်တဲ့ web site ကို Address bar မှာ ရိုက်စရာ မလိုပါဘူး။ ကိုယ်ကြည်ချင်တဲ့web site ပေါ်မှာ ကလစ်လေးနှိပ်လိုက်ရုံပါပဲ။

1. www.planet.com.mm  (သတင်းလေးတွေစုံတယ်နော်)
2.www.people.com.mm (မဂ္ဂဇင်း စာအုပ်လေးနော်)
3.www.khitluneg.org.mm (ရွှေဈေး၊ဒေါ်လာဈေးတွေနဲ့ သတင်းစုံတွေ)
4.www.alpha.com.mm (ZawGyi Font လေးတွေယူရအောင်)
5.www.flashband.net (သီချင်းနဲ့ MTV လေးတွေနားထောင်မယ်)
6.www.myanmarmp3.net (သီချင်းတွေ ဒေါင်းမယ်၊နားထောင်မယ်)
7.www.myanmar-music.com(သီချင်းလေးတွေပါပဲ)
8.www.freemyanmarvcd.com(vcd လေးတွေကြည့်မယ်)
9.www.khayanpyareinmat.com(vcd လေးတွေကြည့်မယ်)
10.www.shwedream.com(vcd လေးတွေကြည့်မယ်)  
11.www.burmeseclassic.com(ဓမ္မသီချင်းများ)

12.www.shweclassic.com (ဓမ္မသီချင်းများ)
13.www.royal-myanmar.com (ဒါလည်းစုံတယ်နော်)
14.www.yinkhonthanfm.com
15.www.popularmyanmar.com (ပေါ်ပြူလာဂျာနယ်လေးနော်)
16.www.myanmarpyithar.com
17.www.first-11.com
18.www.weeklyeleven.com (eleven ဂျာနယ်စုံ)
19.www.snapshop.com(လျှပ်တစ်ပြက်ဂျာနယ်)
20.www.myanmar.com(ကြေးမုံ၊မြန်မာ့အလင်းသတင်းစာဖတ်ရအောင်)
21.www.mrtv3.net.mm(ဒါလည်း သတင်းစာရောဖတ်လို့ရပါတယ်)
22.www.myanmarinternetjournal.com(အင်တာနက်ဂျာနယ်ဖတ်ရအောင်)
23.www.soccermyanmar.com(ဘောလုံးသတင်း တွေအစုံပါတယ်)
24.www.livescore.com(ဘောလုံးပွဲစဉ်တွေကြည့်မယ်)
25.www.asianbookie.com(ဘောလုံးပွဲပေါက်ကြေးတွေ ကြည့်မယ်)
26.www.perfectmagazineonline.com(အောင်မြင်မဂ္ဂဇင်းလေးနော်)
27.www.studying-singapore.com(ကျောင်းလျှောက်တာ တွေ ကြည့်ချင်ရင်)
28.www.csstb.gov.mm(၀န်ထမ်း ရွေးချယ်လေ့ကျင့်ရေး က ခေါ်တဲ့ အလုပ်တွေနော်)
29.csstb.imis.com.mm(နေပြည်တော် ရုံးအမှတ် (၁၇) ရဲ့ ကြေငြာချက်တွေကြည့်မယ်)
30.www.unjobs.org(NGO ကခေါ်တဲ့ အလုပ်တွေရှာ မယ်)
31.www.thanzinhlaing.com
32.www.naykabyar.com
33.www.journalopportunity.com ( အလုပ်တွေ ရှာ မယ်နော်)
34.www.iburmese.com
35.www.mymyanmar.net
36.www.myanmar.mmtimes.com (မြန်မာတိုင်းစ် ဂျာနယ်ကိုမြန်မာလိုဖတ်မယ်နော်)
37.www.etrademyanmar.com
38.www.myanmarelibrary.com(အင်္ဂလိပ်-မြန်မာအဘိဓာန်)
39.www.mandalaygazette.com
40.www.shopping.com.mm
41.www.healthymyanmar.com
42.www.jivitahospital.org(ဇီဝိတဒါန ဆေးရုံ အကြောင်း သိချင်ရင်)
43.www.myanmarbible.net
44.www.myanmargoal.com
45.www.myanmarhotjob.com(ဒီမှာလည်း အလုပ်အကြောင်းသိချင်ရင်)
46.www.myanmarscholarship.com
47.www.myanmarmyanmar.com
48.www.bobo.6te.net (ကလေးများ အတွက် ဘိုဘိုရဲ့ လောကနက်ဂိမ်းနဲ့ ကာတွန်း)
49.www.myanmarmedicine.com(ဆေးပညာ အကြောင်းဖတ်ချင်ရင်)
50.www.hird.hypermart.net
51.www.serenapowers.com
52.www.most.gov.mm(နည်းပညာတက္ကသိုလ်အကြောင်းတွေ သိချင်ရင်)
53.www.ucsy.edu.mm (ကွန်ပျူတာတက္ကသိုလ်အကြောင်း တွေ ဖတ်ချင်ရင်)
54.www.bagan.net.mm(မြန်မာတယ်လီပို့စ်အကြောင်းသိချင်ရင်)
55.www.foreverspace.com.mm
56.www.redmyanmar.net
57.www.thanlwin.com
58.www.myanmartraining.com(နိုင်ငံတကာကျောင်းတွေအကြောင်းသိချင်ရင်)
59.www.mysuboo.com(ဒါကတော့ စုဗူးလေးနော်)
60.www.mmthingyan.com(မြန်မာသင်္ကြန်အကြောင်းဖတ်ချင်ရင်)
61.www.ainmat.com(ဘယ်လိုအိမ်မက်တွေမက်ထားလဲ ကြည့်ချင်ရင်)
62.www.yinkhonthanfm.com(FM သီချင်းလေးတွေနားထောင်ရအောင်နော်)
63.www.myanmarelottery.com(အွန်လိုင်းကနေထီ တိုက်ရအောင်နော်)
64.www.myanmarspace.com(ဆောင်ပါးတွေနဲ့ဗွီဒီယိုတွေကြည့်မယ်နော်)
65.www.mysteryzillion.com(နည်းပညာတွေနှီးနှော် ဖလှယ်ရအောင်)
66.www.myanmaritpros.com (နည်းပညာအကြောင်းလေးတွေ ဖတ်ရအောင်)
67. www.dhamadarna.net ( ဓမ္မဒါန  )
68.www.myanmarengineer.org ( မြန်မာ အင်ဂျင်နီယာများအသင်း  )
69. www.phatpa.com (ဖတ်ပါ့ သတင်းဂျာနယ် )
70.www.ourmandalay.net  (ကျွန်ုတို့ ရဲ့ မန္တလေး  )
71. www.myanmarchatonline.org (online သတင်းလေးတွေ )
72. www.problemclean.ning.com( နည်းပညာလေးတွေဆွေးနွေးရအောင် )
73.www.wikimyanmar.org ( မြန်မာ အွန်လိုင်း စွယ်စုံကျမ်း )
74.www.minnkyansis.com ( မင်းကျန်စစ်ရဲ့ ရသကမ္ဘာ )

Gtalk acc ကိုသိရုံနဲ့ ဘယ် ကနေသုံးနေတယ်ဆိုတာကို ကြည့် လို့ရပါတယ်

ကျွန်တော်ကိုယ်တိုင် သုံးနေပါတာ တကယ် လိုအပ်တဲ့ အချိန်တွေမှာပေါ့လေ သူငယ်ချင်းတွေလဲ လိုအပ်ရင် သုံးလို့ရပါတယ်..

မသိသေးတဲ့သူတွေ အတွက် အလိမ်မခံရစေချင်ပါဘူး ............
Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲဆိုတာ သိနိုင်ပါတယ်ဂျ။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။
Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်ဂျာ။ ပထမဆုံးတစ်ခုက Spypig ။

Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။

http://www.spypig.com/

ကိုသွားလိုက်ပါဂျ။
နောက်


Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါနော်။


Step2 မှာ Subject ထည့်ပါ။

Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။

Step4 မှာ 3 ကိုရွေးပါ။
ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။
အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။

အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။
ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။
ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail
ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။
အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့

http://www.ip2location.com/free.asp
ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင်သူဟာ ဘယ်နိုင်ငံကလည်းဆိုတာ ပေါ်လာပါလိမ့်မယ်။

သူငယ်ချင်းတွေအားလုံးအဆက်ပြေမယ်လို့ထင်ပါတယ် ................
မသိသေးသူများအတွက်သာ .....

အင်တာနက်သုံးရင်သိထား(သတိထား)သင့်တာလေးတွေ

(၁) မိမိမသိတဲ့မေးလ်ကို ဖွင့်ဖောက်မကြည့်မိပါစေနဲ့ . ဖွင့်ကြည့်မိသည့်တိုင်အောင် ဓါတ်ပုံနှင့် ပို့ပေးထားသည့် ဘာမှန်းမသိသည့် program ကို install မလုပ်ပါနှင့် . မည်သည့် program ကိုမဆို rename ပြောင်းလို့ရပါတယ် .
(၂) internet ကို အပြင်ဆိုင်များတွင် မဖြစ်မနေသုံးရင် keylogger ရှိမရှိ သေချာဆန်းစစ်ပြီးမှ သုံးပါ ..
(၃) firefox ကို သုံးပြီး email ၀င်တိုင်း remember this computer ကိုတာကို အမှန်ခြစ်မပေးမိပါစေနဲ့ . မိမိရဲ့ password ဟာ firefox browser မှာ ကျန်ခဲ့သလား မကျန်ခဲ့သလား သိချင်ရင် Tools >> options >> security ကို သွားလိုက်ပါ . ပြီးလျှင် saved passwords ကို နှိပ်ပါ . ပေါ်လာတဲ့ box ထဲက show password ကို ဆက်နှိပ်လိုက်ပါ . အဲ့မှာ ကျန်နေခဲ့လျှင် remove all ကို နှိပ်ပြီး ရှင်းလင်းခဲ့နိုင်ပါတယ် . cookies တွေ ကျန်နေခဲ့မှာ စိုးရင်တော့ ccleaner လို program မျိုးနဲ့ ရှင်းခဲ့လျှင် ပိုစိတ်ချနိုင်ပါသည် .
(၄) keylogger ကို ဖျက်ပစ်နည်းကို အရင်ပို့စ်တွေမှာ ရေးခဲ့ပြီးသားပါ . အဲ့ဒီ့အတွက်တော့ နားလည်မယ်လို့ မျှော်လင့်ပါတယ် . နောက်တစ်ခုက keylogger မဟုတ်ဘဲ တစ်ခြား မိမိလုပ်ဆောင်ချင်ကို မှတ်သားပေးနိုင်တဲ့ recorder တွေလဲ ရှိပါသေးတယ် ကျွန်တော် အလျင်းသင့်သလို ရေးသွားပေးပါ့မယ် .
(၅) နောက်တစ်ခုက flash drive တစ်ခုဆောင်ထားပြီး ဆိုင်က program တွေကို မသုံးပဲ လိုအပ်တဲ့ program တွေကို မိမိ flash drive ထဲမှာ portable အဖြစ် ယူလာပြီးသုံးတာ ပိုအဆင်ပြေစေပါတယ် .
ကျနော်အားကိုးရတဲ့ အစ်ကိုကြီး ကိုညီနေမင်းဆိုဒ်မှ ကူယူဖော်ပြသည်။

Sunday, October 2, 2011

Fire fox ကနေ Internet speed မြှင့်ကြည့်ရအောင်


Fire fox ကနေ Internet speed မြန်နှုန်းမြှင့်ကြည့်ရအောင်လားဗျာ .
ကဲ အောက်မှာပေးထားတဲ့အတိုင်း လိုက်လုပ်ကြည့်လိုက်ပါ ။
    * အ၇င်ဆုံးကျွန်တော်တို့အသုံးပြုနေတဲ့ Firefox ၇ဲ့ Address bar မှာ about:config  လို့၇ိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။

    * I'll be careful, I promise! ဆိုပြီးပေါ်လာပါလိမ့်မယ်။ အဲ့ဒီကောင်လေးကိုကလစ်ပေးလိုက်ပါ။ သူ၇ဲ့browserလေးပေါ်လာပါလိမ့်မယ်။ကီးဘုတ်မှ Ctrl + F ကိုနှိပ်လိုက်ပါ။အပေါ်မှာ Search box လေးပေါ်လာပါလိမ့်မယ်။အဲ့ဒီ Search Box လေးထဲမှာကျွန်တော်အောက်မှာ ပေးထားတာလေး တွေကိုထည့်ပြီး၇ှာလိုက်ယုံပါပဲ။

    * အ၇င်ဆုံး  network.http.pipelining  ကို၇ှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီး၇င် Toggle ဆိုတာကိုနှိပ်လိုက်ပါ။ Value တန်ဖိုး false မှ true သို့ပြောင်းသွားပါလိမ့်မယ်။

    * နောက်ထပ် network.http.proxy.pipelining ကိုထပ်၇ှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီး၇င် Toggle ဆိုတာကိုနှိပ်လိုက်ပါ။ Value တန်ဖိုး false မှ true သို့ပြောင်းသွားပါလိမ့်မယ်။

    * နောက်ထပ် network.http.pipelining.maxrequests ကိုထပ်၇ှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီး၇င် Modify ကိုနှိပ်လိုက်ပါ။ကျလာသော Box ထဲတွင် value တန်ဖိုးကို 30 သို့ပြောင်းလိုက်ပြီး OK နှိပ်လိုက်ပါ။

    * နောက်ဆုံးအဆင့်အနေဖြင့်မိမိကြိုက်နှစ်သက်သောနေ၇ာတွင် Right Click နှိပ်လိုက်ပါ။ပြီးလျှင် New ထဲမှ Integer ကိုနှိပ်လိုက်ပါ။ ကျလာသောဘောက်ထဲတွင် nglayout.initialpaint.delay လို့၇ိုက်ထည့်ပြီး OK  ကိုနှိပ်လိုက်ပါ။ နောက်ထပ်ကျလာသောဘောက်ထဲတွင် Value တန်ဖိုးကို 0 ထားပြီး OK ကိုနှိပ်လိုက်ပါ။အားလုံးပြီးပါပြီ။ဒါဆို၇င်မိမိတို့၇ဲ့ Firefox browse ဟာအ၇င်ကထက်သိသိသာသာမြန်လာတာကိုတွေ့ ၇ပါလိမ့်မယ်။

အားလုံးပဲအဆင်ပြေကြပါစေ.......ကျေးဇူးတင်ပါတယ်ခင်ဗျာ.....
www.komyat.com မှ ကူးယူဖော်ပြပါသည်။

ကျနော်စိတ်ကူးနဲ့ဆွဲထားတဲ့ ချယ်ရီပုံလေးပါ