အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျနော်ဘလော့လေးမှာ ကျနော်သိထားတာလေးတွေ၊ ကျနော်ဖတ်မိထားတာလေးတွေ ကျနော်စိတ်ကူးပုံရိပ်လေးတွေကိုတင်ပြပေးသွားမှာပါ။ အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။
Monday, February 13, 2012
Sunday, February 12, 2012
Website ပေါ်မှတ်ပုံတင်ခြင်းကို ဘယ်လို ကျော်မလဲ
ယနေ့အင်တာနက်ခေတ်မှာ အရာရာဟာ online ကနေ ပေးရယူရ ရေးရဖတ်ရ တာဖြစ်တယ်။ သတင်းတစ်ခု ဖတ်ချင်ရင်လည်း online မှ website တွေကနေ ဖတ်ရတာပါ။
ဒီလိုအခမဲ့နှင့် သတင်းတွေကို ဖတ်ခွင့်ရအောင် လုပ်ပေးတဲ့သူတွေမှာလည်း ကုန်ကျစရိတ်ရှိပါတယ်။ သူတို့ကလည်း အဲဒီကုန်ကျစရိတ်တွေကို ပြန်ရဖို့နှင့် website ကို ရေရှည် အသက်ရှင် စေနိုင်ဖို့အတွက် ၀င်ငွေပြန်ရှာရပါတယ်။ Website ပေါ်မှာ ကြော်ငြာတွေ ထည့်ထားတာဖြစ်ဖြစ် စာဖတ်ချင်သူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ပေးခိုင်းခြင်းဖြင့် ဖြစ်ဖြစ် ရယူကာ တခြားလုပ်ငန်းတွေဆီကို ပြန်ရောင်းတာမျိုး လုပ်လေ့ရှိပါတယ်။
Website ပေါ်မှာ စာဖတ်ချင်လို့ကိုယ်ရဲ့ email နှင့် ကိုယ်ရေး အချက်အလက်တွေ ပေးတာဟာ ကိုယ့်အတွက်အန္တရာယ် ဖြစ်စေပါတယ်။ ကိုယ်ကလည်း စာတွေဖတ်ချင်တော့ ပေးကိုပေးရတော့မယ်ဆိုရင် သတိထား စဉ်းစားရမှာဖြစ်ပါတယ်။ အဲဒီလိုအခမဲ့ ဆိုက်တွေမှာ အသင်းဝင်အဖြစ် အသုံးပြုမယ့် email လိပ်စာ သတ်သတ်ထားခြင်းဖြင့် ကိုယ့်ရဲ့လွတ်လပ်မှု ကိုကာကွယ်နိုင်ပါတယ်။ လျှောက်လွှာတွေကို ဖြည့်တဲ့အခါမှာ နာမည်ကအစ မွေးသကရာဇ်တို့ လိပ်စာတို့ကို အမှန်အတိုင်း မထည့်မိ မပေးမိဖို့လည်းလိုပါတယ်။
ဒီလိုဆိုက်မျိုးတွေမှာ ၀င်ချင်တယ် ကိုယ့်အကြောင်းကိုလည်း မပေးချင်ဘူးဆိုရင်တော့ www.bugmenot.com ကို သွားပြီး အဲဒီကတဆင့် ယာယီကိုယ်ရေး အချက်အလက်တွေနှင့် ၀င်လို့ရပါတယ်။ Firefox browser ကို သုံးရင်တော့ Bugmenot ဆိုတဲ့ firefox add-on လေးကို ထည့်ထားရင်လည်း သုံးလို့ရပါတယ်။
ဒီလိုအကျင့်လေး ရအောင်လုပ်ခြင်းဖြင့် ပို်ပြီးလုံခြုံမှုကို ရရှိနိုင်ပါစေ။

ကွန်ပျူတာ ပိုမိုမြန်ဆန်စေသော နည်းလမ်းများ
ကွန်ပျူတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်တွေ့ကြုံရရှိလာသော အတွေးအကြုံလေးကို
ပြောပြချင်ပါတယ်။ လူတိုင်း မိမိသုံးနေသော ကွန်ပျူတာ နှေးကွေးလေးလံနေပါက
အသုံးပြုချင်မှာ မဟုတ်သလို စိတ်အနှောင့်အယှက်လဲ ဖြစ်ကြမှာပါ။ ကျွန်တော်
အခု ဖော်ပြမယ့် နည်းလမ်းများက မေးမြန်းလေ့လာထားတဲ့ နည်းလမ်းများ
ဖြစ်ပါတယ်။ လိုအပ်ချက်တော့ ရှိမှာပါ။ ယခုလဲ ကျွန်တော်ကိုယ်တိုင်
လက်တွေ့အသုံးပြုပြီး ကောင်းမွန်တဲ့အတွက် ပန်လည် Share လုပ်ခြင်း
ဖြစ်ပါသည်။ သိတဲ့ လူတွေရှိသလို မသိတဲ့ လူတွေလဲ ရှိမှာပါ။ မသိတဲ့
လူများအတွက် ရည်ရွယ်ပြီး ပြောပြတာပါ။ အောက်ပါအတိုင်း ပြုလုပ်သွားပါ။
အရင်ဦးဆုံး မိမိရဲ့ စက်ကို
အမြင် ပြောင်းလဲရပါမယ်။ အောက်ပါအဆင့်အတိုင်း ပြုလုပ်ပါ။
၁.. Desktop ပေါ်က My Computer ကို Right Click လုပ်ပါ။ Properties ကို ရွေးပါ။
၂.. System Properties Box ကျလာလျှင် Advanced Tab ကို ရွေးပါ။
၃.. Performance အောက်က Settings ကို ရွေးပါ။
၎.. Visual Effects tab မှ Adjust for best performance ကို ရွေးချယ်ပါ။
၅.. Apply လုပ်။ အနည်းငယ်စောင့်။ ပုံပြောင်းသွားလိမ့်မယ်။ ပြီးရင် Ok ပေါ့။
ကွန်ပျူတာစဖွင့်ရာမှ မြန်ဖို့အတွက် မလိုအပ်တဲ့ ဆော့ဝဲတွေကို လျော့ချ ရပါ လိမ့်မယ်။
ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အခါ ဆော့ဝဲလ်မျိုးစုံကို စစ်နေရတဲ့
အတွက် ကြာလှပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ ဆော့ဝဲလ်တွေ ပိတ်သင့်တာကို ပိတ်ရပါလိမ့်မယ်။ ကွန်ပျူတာမှာ အသုံးနည်းတဲ့ လုပ်ငန်းစဉ်ဖိုင်တွေကို ပိတ်ရပါ လိမ့်မယ်။
ဘာတွေလဲဆိုတော့
၁..gttask
၂. Quick Time ကဲ့သို့ Multimedia နှင့် ဆိုင်သည့် Player ဆော့ဝဲလ်များ
၃..Adobe Reader, Adobe Gamma စတာတွေ ဖြစ်ပါတယ်။
တခြား မိမိ အင်စတော သာ လုပ်ထားတယ်။ အသုံးနည်းတယ်ဆိုရင်
ပိတ်ထားနိုင်ပါတယ်။
အထက်ပါ ဖိုင်များကို ပိတ်ဖို့အတွက်
၁.. Start မှ Run ကို ရွေးပါ။
၂.. Run ထဲတွင် msconfig ကို ရိုက်ထည့်ပါ။
၃.. System Configuration Utility Box ပေါ်လာပါက
Startup ကိုရွေးပါ။ Startup တွင် အထက်မှ ပြထားသော ဖိုင်များကို အမှန်ခြစ်ကလေးများ ဖြုတ်၍ ပိတ်နိုင်ပါတယ်။
လုပ်ငန်းစဉ်များ ပြီးစီးပါက Apply , Ok , restart လုပ်ပါ။ restart လုပ်ရာတွင် စက်ပြန်တက်လာသည့်အခါမှာ message box တစ်ခုပေါ်လာပါလိမ့်မည်။ Windows start ပြောင်းလဲခြင်း ဆောင်ရွက်ပြီးကြောင်း၊ ဒီပြောင်းလဲမှုဟာ အမြဲလား နောက်ပြောင်းအုံးမှာလားဆိုတဲ့ မေးခွန်း message ပါ။ Don’t Show this ……………. စာသားကို အမှန်ခြစ်ပေးပြီး Ok လုပ်ပါ။
အခုဖော်ပြတဲ့ ဖိုင်တွေက ကွန်ပျူတာထဲက ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အချိန်မှာ မစစ်အောင်ပဲ ပိတ်ထားတာပါ။ မိမိလိုအပ်တဲ့အချိန် Start မှနေ၍ ပြန်လည် အသုံးပြု၍ ရပါတယ်။ ဥပမာ - Quick Time ကို အသုံးပြုချင်ပါက Start မှ All programs မှ Quick Time ကို Click နှိပ်၍ ပြန်လည်အသုံးပြု၍ ရပါတယ်။ အကယ်၍ မိမိသည် အဆိုပါ ဖိုင်တို့ကို ပိတ်ထားရန် မသေချာပါက ပိတ်မည့် ဖိုင်တို့ကို စာရွက်တစ်ရွက်တွင် ရေးမှတ်ထားပြီးမှ ပြုလုပ်လျှင် ပို၍ ကောင်းပါတယ်။ မိမိပိတ်မည့် ဖိုင်တို့၏ အရေးကြီးပုံ၊ အရေးမကြီးပုံ၊ အသုံးဝင်ပုံတို့ကို ဖတ်ချင်လျှင် အင်တာနက်မှ www.process-library.com ၏ Search Box တွင် သွားရောက် ကြည့်ရှုနိုင်ပါတယ်။
နောက်တစ်ခုက မလိုအပ်တဲ့ လုပ်ငန်းများကို ပိတ်ထားရမှာ ဖြစ်ပါတယ်။
၁.. Start မှ Control Panel မှ Administrative Tools မှ Services ကို ဖွင့်ပါ။
၂.. Run ထဲမှ ဖွင့်ချင်ပါက services.msc ကို ရိုက်ထည့်၍ ဖွင့်နိုင်ပါတယ်။
၃.. Services box ကို ရောက်ရင် အောက်ပါ လုပ်ငန်းများကို ပိတ်ထားနိုင်ပါတယ်။
၁.Alerter ကို ပိတ်ရန်အတွက် Alerter ကို Select မှတ်ပြီး Right Click နှိပ်ပါ။ Properties ကို ရွေးပါ။ startup type အကွက်တွင် Disable ကို ရွေးပါ။ ပြီးလျှင် Apply , Ok ။
၂.. အထက်ပါအတိုင်း Indexing Service , Ms Software Shadow Copy Provider , IMAPI CD-Burning တို့ကို ပိတ်ပါ။
နောက်တစ်ခုက လူတိုင်း မထင်မှတ်ထားတဲ့ အရာလေးပါ။ Fonts များကို လျော့ချရမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ မလိုအပ်တဲ့ font တွေကို လျော့ချရမှာ ဖြစ်ပါတယ်။ တကယ်တမ်း ကိုယ်သုံးနေရတာက ၁၀ ခုတောင် မကျော်ပါဘူး။ ဒါပေမယ့် Font တွေက အလွန်များနေပါတယ်။ အဲဒီတော့ မိမိသုံးတဲ့ Font ကိုပဲ ထားပြီး မလိုဘူးထင်တာတွေ ဖျက်ပစ်ပါ။ တစ်ခုလောက်တော့ သတိပေးချင်ပါတယ်။ ဖောင့်တွေဖျက်တဲ့နေရာမှာ Character Map မှာ ကိုယ်သုံးနေတဲ့ font တွေကိုတော့ မဖျက်ပစ်မိဖို့ ဖြစ်ပါတယ်။ ဥပမာ- Webdings
နောက်တစ်ခုကတော့ Index လုပ်ငန်းစဉ်များကို ပိတ်ရမှာ ဖြစ်ပါတယ်။
၁..My Computer ကို ဖွင့်ပါ။ Local Disk (C:)ကို Right Click လုပ်၍ Properties ကို ရွေးပါ။
၂.. Properties Box ကျလာပါက အောက်ဆုံးတွင်ရှိသော Allow Indexing Service to index this disk for fast file searching ၏ အမှန်ခြစ်ကို ဖြုတ်ပါ။
၃.. Local Disk (D:) ကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပါ။
နောက်တစ်ခုကတော့ လူတိုင်း သိပြီးသားပါ။ Disk Defragmenter လုပ်တာပါ။ ဒီနည်းလမ်းကို နေ့စဉ် စက်ပိတ်ခါနီးတိုင်း ပြုလုပ်ပါက အသင့်တော်ဆုံးဖြစ်ပါတယ်။
၁.. Start မှ Programs မှ Accessories ကို သွားပါ။ ၎င်းတွင် Disk Defragmenter ကို ရွေးပါ။
၂.. Local Disk (C:) ကို Select မှတ်ပြီး လုပ်ပါ။ Local Disk (D:) ကိုလဲ ထိုနည်းအတိုင်း ပြုလုပ်ပါ။ ကဲ ဒီလောက်ဆိုရင် စက်လဲ သွက်လောက်ရောပေါ့။ နောက်ကြုံမှပဲ ဒီထက်ကောင်းတဲ့ နည်းလမ်းများကို ရှာဖွေ ဖော်ပြပေးပါမယ်။ အားလုံး အသုံးဝင်၍ ပျော်ရွှင်ကြပါစေ။

keylogger ကိုလှည့်စားကြည့်ရအောင်
ကျွန်တော်တို့ keylogger ကိုအလွယ်တကူ လှည့်စားကြည့်ကြရအောင်။
အရမ်းကြီးတော့ မခက်ပါဘူး။ keylogger ရဲ့အားနည်းချက်ကို အသုံးပြုရမှာပါ။
အဲဒီအတွက် mouse ပဲလိုအပ်ပါတယ်။
beautiful ကိုရိုက်မယ်ဆိုပါတော့ ပထမti ကိုရိုက်လိုက်ပါမယ်။ ပြီးရင် mouse ကိုအသုံးပြုပြီး cursor ကို t ရဲ့ရှေ့ကိုရွှေ့လိုက်ပါ။ ပြီးရင် be ကိုရိုက်လိုက်ပါမယ်။ ပြီးသွားရင် စောစောကလိုပဲ mouse ကိုအသုံးပြုပြီး cursor ကို i ရဲ့နောက်ကိုရွှေ့လိုက်ပါမယ်။ ပြီးရင် ful ကိုဆက်ရိုက်လိုက်ပါမယ်။ ပြီးသွားရင် cursor ကို t ရဲ့ရှေ့ကို ပြန်ရွှေ့လိုက်ပါ။ ကျန်နေသေးတဲ့ au ကိုရိုက်လိုက်ပါ။ ဒါဆိုရင်တော့ keylogger မှာ tibefulau ဆိုပြီးပေါ်နေမှာပါ။ သတိပြုရမှာက cursor ကိုရွှေ့ရာမှာ လုံးဝ(လုံးဝ) keyboard ပေါ်က arrow key တွေကို အသုံးမပြုမိပါစေနဲ့။ mouse ကိုအသုံးပြုပြီးပဲ ရွှေ့ဖို့လိုအပ်ပါတယ်။ လည်သလိုသာ လှည့်စားကြပေတော့။ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Subscribe to:
Comments (Atom)