Sunday, December 23, 2012

Excel 2007 2010 အခြေခံစာအုပ် (၃) အုပ် မြန်မာလို Ebook

 
Excel တောင်းဆိုထားတဲ့ အစ်ကိုအတွက် Excel 2007 2010 အခြေခံစာအုပ် (၃) အုပ် ကိုတစ်စုတစ်စည်း တည်းတင်ပေးလိုက်ပါတယ်။ Download ရယူနိုင်ပါပြီ
 
 

တောင်းပန်ခြင်း

ကျနော်သည် မြို့ပေါ်မဟုတ်သော နယ်တစ်ခုမှာ နေသောသူဖြစ်သောကြောင့် အင်တာနက်ကို
အလွန်နှေးကွေးလှစွာသောလိုင်းဖြင့် အလုပ်တာဝန်တစ်ဖက်မှနေအသုံးပြုနေရသောသူ
ဖြစ်သောကြောင့် ပို့များ တင်နိုင်ခြင်းမရှိပါ။ သေခါနီးလိပ်ဖိုးဖိုးခြေကျိုး အင်တာနက်လိုင်း
သဘောကောင်းသည့်အခါများမှာသာ ၀င်နိုင်ခြင်းဖြစ်ပါသည်။ ၀င်လို့ရသည့်အခါတွင်လည်း
အကြားကြီးထိုင်ဆောင့်နေရသည်ကို စိတ်မရှည်သည်ကတကြောင်း ၊ အလုပ်တာဝန်များ
လုပ်ကိုင်နေရသည်ကတစ်ကြောင်းဖြစ်၍ ပို့မတင်နိုင်တာ ခွင့်လွှတ်ပေးပါရန်တောင်းပန်အပ်ပါသည်။

Tuesday, October 16, 2012

ပုံလေးကိုသေခြာကြည့်ရအောင်


ဘယ်ကလည်းတော့မမှတ်မိဘူး ။ သဘောကြလို့ပါ။

မော်နီတာကြာကြာကြည့်နိုင်ဖို့


အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ဒီတစ်ခါတော့ ကွန်ပြူတာနဲ့ အမြဲတစေ ထိတွေ့ကိုင်တွယ် အသုံးပြုနေရတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် ကျန်းမာရေးအရ အသုံးတည့်မယ့် ဆော့ဖ်ဝဲလ်လေးတစ်ခု လက်ဆင့်ကမ်းမျှဝေချင်ပါတယ်.

ကွန်ပြူတာကို အမြဲလိုလိုအသုံးပြုနေရသူတွေမှာ ဖြစ်တတ်တာတွေက အညောင်းမိတာ၊ ခါးနာတာ၊ မျက်ရည်ပူတွေ ကျလာတာ စတဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်. ခါးနာတာတို့ အညောင်းမိတာတို့အတွက် နောက်ဆုံးပေါ် memory foam လို့ခေါ်တဲ့ ခေါင်းအုံးလေးတွေ၊ ကျောမှီလေးတွေနဲ့ အဆင်ပြေအောင် ပြုပြင်လို့ရပါတယ်.


မျက်စိညောင်းတာ၊ မျက်ရည်ပူကျတာတွေကို ကာကွယ်ဖို့အတွက်ကတော့ ကျွန်တော်တို့တွေ သိပ်ပြီး အာရုံစိုက်လေ့ မရှိတတ်ကြပါဘူး. ကျွန်တော်ဒီနေ့ ပြောချင်တာကတော့ အဲဒီ့ ပြဿနာပါပဲ.

များသောအားဖြင့် မျက်စိကို မထိခိုက်စေချင်ရင် မော်နီတာရှေ့မှာ Filter အပြားလေးခံလို့ရပါတယ်. ဒါပေမယ့် အဲဒါက Desktop monitor အကြီးကြီးတွေ သုံးသူတွေအတွက်ပဲ အသုံးဝင်မှာပါ. Laptop ကွန်ပြူတာလေးတွေ သုံးနေသူတွေအတွက်ကတော့ မော်နီတာရှေ့မှာ Filter ပြားခံဖို့ အဆင်မပြေနိုင်ပါဘူး. ဒါကြောင့် အခု ကျွန်တော်ပေးမယ့် ဆော့ဖ်ဝဲလ်လေးကို အင်စတောလ်လုပ်လိုက်ရင် ဒီပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားမယ့်အပြင် ရေရှည်အတွက်လည်း အကျိုးများစေပါလိမ့်မယ်.

နာမည်က F.lux ပါ. သူ့ရဲ့ အထူးပြုအကြောင်းအရာကတော့ မော်နီတာတွေအတွက် အလင်းရောင်ကို အလိုအလျှောက်ချိန်ပေးတာပါပဲ.

နေ့ခင်းမှာ နေ့ခင်းအလျှောက်၊ ညနေခင်း အလင်းရောင်နည်းသွားချိန်မှာ နည်းသွားတဲ့အလျှောက်၊ ညဉ့်နက်သန်းခေါင် သန်းလွဲအချိန်မှာလည်း သူ့အချိန်အခါအလျှောက် ရှိသင့်တဲ့အလင်းရောင်ပမာဏကို ချိန်ပေးသွားတာပါ.

Download Links:

1. For XP/Vista/Windows 7 Users

2. For Mac OS X

3. For Linux Users



သုံးစွဲကြည့်လိုက်ပါ. ကြိုက်ရင်ဆက်သုံးပါ. မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေကိုလည်း မျှဝေပေးလိုက်ပါ. 

မကြိုက်ရင်တော့ ပြန်ဖြုတ်လိုက်ပါ. No Big Deal!

း)

အားလုံးပဲ ကိုယ်ပိုင်ဆိုင်တဲ့ မော်နီတာလေးတွေကို အားရပါးရ မျက်စိမညောင်းတမ်း ရှုစားအရသာခံနိုင်ကြပါစေဗျားးးးး

မှတ်ချက်။

ဒီနေရာက ပို့စ်လေးကို သင့်တော်သလို ဘာသာပြန်ရေးသားထားတာ ဖြစ်ပါတယ်.

ချစ်ခင်စွာဖြင့်

ရန်အောင်.

ဒီနေရာ ကနေ တဆင့်ပြန်ယူလာတာပါ။

Pagemaker, InDesign နှင့် ဇော်ဂျီ...


Pagemaker မှာ ဇော်ဂျီဖောင့် သုံးလို့ ရမရ တစ်ယောက်ကမေးလာတာကြောင့် ကျွန်တော် pagemaker ကို ဒေါင်းလုပ်ချပြီး စမ်းကြည့်ပါတယ်. အဆင်မပြေပါဘူး. နောက်ဆုံး အကြံကုန်လာတာနဲ့ Alpha Mandalay က ဦးရဲမြတ်သူဆီကို အီးမေးလ်ပို့ပြီး မေးမြန်း အကူအညီတောင်းကြည့်ပါတယ်. ကျွန်တော့်အထင် ၁၅ မိနစ်လောက် အတွင်းမှာပဲ ဦးရဲမြတ်သူဆီက စာပြန်လာပါတယ်.

ကျွန်တော်တစ်ယောက်တည်းအတွက်သာမက အများအတွက်ပါ အကျိုးများစေနိုင်မယ့် သိမှတ်ဖွယ်ရာ ဗဟုသုတလေးတွေ ပါနေတာကြောင့် ဦးရဲမြတ်သူဆီက ခွင့်တောင်းပြီး အားလုံးအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်ခင်ဗျာ.

တတ်သိနားလည်သူများအနေနဲ့ ကော်မန့်မှာ ပါဝင်အကြံပြုဆွေးနွေးပေးဖို့လည်း နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်.

မင်္ဂလာပါ ကိုရန်အောင်


Pagemaker ဟာ ကျွန်တော်တို့မှီသမျှပြောရရင် windows 3.1 တုန်းက ပိုင်ရှင်တစ်ဦးပါ။ ဒီအရင်ကတော့ apple မှာပဲ ရှိပါတယ်။aduld လားမသိပါ။ နောက် adobe ကနေဝယ်လိုက်ပါတယ်။ adobe ဟာ pdf တွေ photoshop တွေ ထုတ်တဲ့ software ဆရာကြီးပါ။ နောက်ပြီးသူ့လက်ထဲမှာ Pagemaker ဆိုတဲ့နာမည်နဲ့ version အသစ်မထုတ်ဘဲ InDesign ဆိုပြီးထုတ်ပါတယ်။ InDesign ဟာ Pagemaker file ကို ဖတ်ပါတယ်။ unicode လဲ support လုပ်ပါတယ်။ 

ခင်ဗျားမှတ်မိသေးလားတော့မသိဘူး အရင်က foxpro ကို တော်တော်သုံးခဲ့ကြရာက Microsoft က ဝယ်တယ် ပြီးတော့ access ကို ဆွဲတင်ပြီး fox ကိုထားခဲ့ပါတယ်။ ဒီလိုဘဲ wordperfect ကို corel draw ကဝယ်တယ် xera ကို ဝယ်တယ်။ market ဝေစုပြိုင်ကြပေါင်းကြ လုကြတာပါ။ 

ဆိုလိုချင်တာက VB6 မှာတုန်းက MS လည်း unicode support မလုပ်ပါဘူး dotnet ခေတ်ကျမှလုပ်ပါတယ်။ Pagemaker လည်း သူ့ခေတ်မှာ unicode မရှိပါဘူး unicode ခေတ်ကောင်းလာတာ မကြာသေးဘူးလို့ပြောလို့ ရပါတယ်။ Microsoft တောင် အရင် office တွေ မှာ windows မှာ multilanguage အတွက် unicode မသုံးပါဘူး၊ အခြား encode standard တွေရှိပါတယ်။ ဒီတော့ Pagemaker ဟာ unicode ကို အဲဒီနာမည်သုံးစဉ် support မလုပ်ဘူးဆိုနိုင်ပါတယ် adobe လက်ထဲရောက်တော့ Pagemaker အမည်ကနေ InDesign လို့လဲပြောင်းရော မြန်မာတွေက လိုက်မသုံးကြတော့ပါဘူး အစွဲအလန်းကြီးတယ်လေ။ 

တကယ်လို့သာ Pagemaker 10 တို့ ဘာတို့ဆိုပြီးထုတ်ရင်တော့ သုံးကြမယ်လို့ထင်ပါတယ်။ InDesign ဟာ world Publishing လောကရဲ့ပြောင်းလဲလာတဲ့ trend အတွက်ထုတ်တာဖြစ်လို့ မြန်မာနဲ့ ကိုက်ချင်မှကိုက်ပါမယ်။ သူ့မှာ font converter ကအစ script management တွေအဆုံး အရမ်းကောင်းတာတွေပါပေမဲ့ software အလကားရနေတာတောင် စမ်းသုံးခံရတာ နည်းနေပါသေးတယ်။ 

ဇော်ဂျီနဲ့ပတ်သက်လို့ကတော့ ဇော်ဂျီဟာ ကျွန်တော်ပိုင်မဟုတ်ဘဲ သုံးစွဲသူများအားလုံးပိုင်တဲ့ web 2.0 ပစ္စည်းတခုပါ။ အားလုံးကောင်းဖို့ ဝိုင်းလုပ်ကြတာကို ချီးကျူးပါတယ်။ 
ကျွန်တော်အာမခံနိုင်တာတစ်ခုက 5.1 ပေါ်လာတာ လမ်းအသစ်တခုပါ။ ဇော်ဂျီမပျောက်နိုင်ပါဘူးဆိုတာပါပဲ။

ဇော်ဂျီမပေါ်ခင်ကတည်းက myanmar font storage standard ဆိုတာရှိပါတယ် 4.1 ပါ 3 years ကြာခံပါတယ်။ သုံးတဲ့သူသာသိပ်မတွေ့ရတာပါ။ သူလည်း ရရစ် တစ်ခုတည်းသိမ်းပြီးပြောင်းပေးပါတယ်။ 

အခု 5.1 ပေါ်လာတာလည်းကောင်းပါတယ်။ MS office 2007 မှာ 5.1 fully support လုပ်ပါတယ်။ သိုသော် zawgyi ကို လက်ခံပါတယ်။ ဇော်ဂျီရိုက်မရအောင် MS google စတာတွေက မလုပ်ဘူးလို့ ကျွန်တော်ယုံတယ်။ မြန်မာ အချို့ကတော့ ဒီလိုဖြစ်အောင် လုပ်ကောင်းလုပ်နိုင်ပါတယ်။

ဇော်ဂျီကို အာမခံတာဟာ 5000-10000 ကြားမှာရှိတဲ့ web content တွေကြောင့်ပါဘဲ။ လက်ရှိအချိန်မှာ migration stage ကိုမကျော်ဘဲ encode စနစ်အသစ် မဖြစ်နိုင်လို့ပါ။ ဇော်ဂျီနဲ့ပတ်သက်လို့ နည်းနည်းပါးပါးပြောင်းချင်တာတောင် user group ကြီးကြောင့် keyboard input မှာဘဲ လွတ်လွတ်လပ်လပ်ပြောင်းရပါတယ်။

ရေးချင်တာက DTP မှာ Ascii ကို zawgyi ရော unicode ကရော နေရာဝင်မယူနိုင်သေးဘူး၊ ဇော်ဂျီယူတာနေရာအသစ်။ ဒီလိုပဲ 5.1 ပေါ်လာရင် သူနေရာရမရတော့ မသေချာသေးဘူးရခဲ့ရင်လဲ အသစ်ဖြစ်ပါလိမ့်မယ်။ တစ်ခုတော့ရှိတယ် ကျွန်တော်တို့ဆီမှာ standard လုပ်သူမရှိတော့ Ascii က စံမဟုတ်တဲ့ မြန်မာစာ ဖြစ်နေတယ်။ 

တကယ်တော့ နိုင်ငံတကာမှာ Ascii standard ရှိ တယ်။ zawgyi လဲ nonrendering unicode ဒီဖက်တိုစတန်းဒတ်ဘဲ၊ render မရှိလို့ standard မဖြစ်ရဘူးဆိုရင် ၊ mobile phone, MP3, mp4 player, DVD , sattlite resiver, poctet PC,.....industial using myanmar font,....စတာတွေလည်း ဘယ်တော့မှ စတန်းဒတ်နဲ့မဖြစ်လာနိုင်ဘူး။ 
ပြောရင်းရှည်သွားပြီ။ ဆိုလိုချင်တာ က solution ကို ရောင်းကြတဲ့ ခေတ်မှာ အစွဲကင်းသင့်တယ်။

Pagemaker ကအဆင်ပြေရင် Ascii OK ရင် မပြောင်းစေချင်ဘူး DTP မှာ ပြောင်းဖို့ လိုရင် word သို့မဟုတ် InDesign လို ဘက်ကိုလေ့လာစေလိုတယ်။ searchable ဖြစ်မယ် unicode အစွမ်းနဲ့။ zawgyi လဲ type phase design 4 ခုထပ်ထွက်ဖို့ ရှိတယ် dtp မှာ OK သို့ သော် web မှာ ဖောင့်မရှိရင် လေးထောင့်အတုံးလေးတွေ မပေါ်အောင် family font ကိစ္စစမ်းနေကြတယ်။

စာရှည်သွားပြီ

ရဲမြတ်သူ


ဒီမှာ ကိုရန်အောင်တင်ထားတဲ့ပို့လေးကူးလာတာပါ။

ဗုဒ္ဓမြတ်စွာအား ရိုင်းပျစွာ နောက်​ပြောင်​ခဲ့​သည့် NBC ရုပ်သံအစီအစဉ်



2158 NBC_SNL_Rude_Buddha
(Updated: Mar. 05, 2012 12:04 AM EST)
အမေရိကန် ရုပ်သံလိုင်းကြီး တစ်ခုဖြစ်သည့် NBC ရုပ်သံတွင် ယမန်နေ့က ထုတ်လွှင့်ပြသခဲ့သည့် အပတ်စဉ် ဟာသအစီအစဉ် ဖြစ် သည့် Saturday Night Live (SNL) တွင် ဗုဒ္ဓမြတ်စွာအား နောက်ပြောင်စော်ကားသည့် Rude Buddha (ရိုင်းပျသော ဗုဒ္ဓ) ဟု အမည်ရသည့် တစ်ခန်းရပ် အစီအစဉ်တစ်ခုအား ယမန်နေ့က ထုတ်လွှင့်သွားခဲ့သည်။
ယင်းအစီအစဉ်တွင် SML သရုပ်ဆောင် Andy Samnberg က သင်္ကန်းရုံကာ ဗုဒ္ဓအဖြစ် သရုပ်ဆောင်သွားခဲ့ပြီး ဗုဒ္ဓမြတ်စွာအား ရိုင်း ပျသော၊ ညစ်ညမ်းသော အသုံးအနှုန်းများ၊ အပြုအမူများဖြင့် နောက်ပြောင်ပြီး ပုံတူဖော်သွားခဲ့သည်။
ဦးစွာပထမအနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က ဗုဒ္ဓပွင့်ခဲ့ကြောင်း၊ ညောင်ပင်အောက်၌ နေထိုင်ရင်း အလုံးစုံသိမြင်သော သဗ္ဗညုတဉာဏ်ကို ရရှိခဲ့ကြောင်း၊ လူအများ၏ ရှေ့ဆောင်လမ်းပြသူ၊ လွတ်မြောက်ရာအား လမ်းညွှန်ပြသသူ ဖြစ်လာခဲ့ကြောင်း၊ သို့သော်လည်း ဗုဒ္ဓအနေဖြင့် လူအများမသိသော၊ အနီးကပ်တပည့်များသာသိသော အချက်များရှိသေးကြောင်း၊ ယခုပြသမည့် ဗီဒီယို သည် ရိုင်းပျသော ဗုဒ္ဓ၏ အကြောင်းအရာများဖြစ်ကြောင်း စာတမ်းထိုးသွားခဲ့သည်။
ထို့နောက်တွင် သင်္ကန်းရုံကာ ဗုဒ္ဓအသွင်ဖန်တီးထားသည့် Andy Samberg က ယင်းအား လူအများက လာရောက်တွေ့ဆုံပြီး မေးခွန်းများ မေးမြန်းခဲ့သည်များကို တင်ဆက်ပြသသွားခဲ့သည်။
ပထမဦးစွာ လာရောက်ခဲ့သည့် ပုဂ္ဂိုလ်က "ဗုဒ္ဓခင်ဗျား။ ကျွန်တော်ရဲ့စိတ်တွေက အမြဲတမ်း ဂဏာမငြိမ်ဖြစ်နေပါတယ်။ တရားရရှိရေး နဲ့ စိတ်အေးချမ်းရေးကို မည်သို့ဆောင်ရွက်ရပါမလဲ။" ဟု မေးမြန်းခဲ့ရာ ဗုဒ္ဓသရုပ်ဆောင်နေသည့် Andy Samberg က တည်ငြိမ်စွာ ပင် "သင်နှစ်ခြိုက်သော ပန်းတစ်ပွင့်သည် ကြွေကျမြေခမည် ဖြစ်သကဲ့သို့၊ သင်မနှစ်မြို့သော ပေါင်းပင်မှာလည်း ပေါက်​ရောက်ရှင်  သန်မည်သာဖြစ်သည်။" ဟု ဖြေကြားခဲ့သည်။
2158 NBC_SNL_Rude_Buddha1
အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြီး "ဒါဆိုရင် အရာအရာတိုင်းကို အရှိအတိုင်း လက်ခံရမည်လား။" ဟု ထပ်လောင်းမေးမြန်းရာ Samberg က "မိုင်ထောင်ချီ ရှည်လျားသည့် ခရီးအားလည်း ပထမဆုံးခြေလှမ်းဖြင့်ပင့် စတင်ရမည်ဖြစ်သည်။" ဟု ပြန်လည်​ဖြေကြား ခဲ့သည်။
ပုဂ္ဂိုလ်က ကျေးဇူးတင်ကြောင်း ပြောကြားကာ ထွက်ခွာသွားပြီးနောက် ဗုဒ္ဓသရုပ်ဆောင်နေသည့် Samberg က ယင်း၏ အနီးတွင် ထိုင်နေသည့် တပည့် ၂ ဦး ဘက်သို့လှည့်ကာ "ဒီလူရဲ့ ပထမဆုံးခြေလှမ်းက တောင်စောင်းကပဲ ဖြစ်ရမယ်။ ဟားဟားဟား။ အရှိကို အရှိအတိုင်း လက်ခံရမယ်ဟုတ်လား။ အရှိအတိုင်းကတော့ ဒီလူဘယ်တော့မှ မိန်းမနဲ့မှ အိပ်ရမှာမဟုတ်ဘူး။ ဟားဟားဟား။" ဟု နောက်ပြောင်ပြောဆိုခဲ့သည်။
ထို့နောက် အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့ပြီး "ကျွန်မရဲ့ ယောက်ခမနဲ့ အဆင်မပြေရပါ။ စိတ်ဒုက္ခ ရောက်ရပါတယ်။ ဒီဘဝကြီးမှာ မနေချင်တော့ပါ။" ဟု ဆိုခဲ့ရာ Samberg က "တရားရဖို့ နည်းလမ်းတစ်ခုထဲသာ ရှိတာမဟုတ်ပါဘူး။ ရေခွက်တစ်ခုကို ရေတစ်​ပေါက်​ခြင်း ဖြည့်ရင်းနဲ့ပဲ ပြည့်သွားရတာပါ။" ဟု ပြောကြားသွားခဲ့သည်။
ထိုအမျိုးသမီး ထွက်သွားပြီးနောက် တပည့်များဘက်သို့လှည့်ကာ "ခွက်လို့ပြောလို့၊ ဒီမိန်းကကိုယ်ပေါ်က မုတ်ခွက်တွေကို တွေ့လိုက်လား။ မိုက်လိုက်တာ။ လိင်စိတ်တောင် ကြွလာပြီနော်။ ဟားဟားဟား။ ဗုဒ္ဓလည်း ဒါမျိုးကြိုက်တတ်ပါတယ်။ ဟားဟားဟား။" ဟု ရိုင်းပျစွာ ဆိုသွားခဲ့သည်။
အဆိုးရွားဆုံးမှာ နောက်ဆုံးရောက်ရှိလာသည့် အမျိုးသမီး (Lindsay Lohan) နှင့် ပြောကြားခဲ့သည့် စကားများပင်ဖြစ်သည်။ အဆိုပါ အမျိုးသမီးက ယင်းအနေဖြင့် တရားကျင့်ကြံနေရာ အောင်မြင်မှု မရှိကြောင်း၊ နိဗ္ဗာန်ရောက်ကြောင်း တရားဟောပေးပါဟု တောင်းဆိုခဲ့ရာ Samberg က တပည့်ထံသို့ မသိမသာလှည့်ပြီး ရယ်ခဲ့ပြီးနောက် မျက်နှာအမူအရာ မပျက်စေဘဲ အမျိုးသမီးအား "ရှိတာပေါ့ သမီးငယ်။ သမာဓိနည်းလမ်း (Zen) ကို ပြပေးနိုင်ပါတယ်။ ဒီည ၁၁ နာရီလောက်ကို ပြန်လာခဲ့လေ။ အတူတူ တရား အားထုတ်တာပေါ့။" ဟု ဆိုခဲ့သည်။
ထို့နောက် Lindsay Lohan က "ဒါဆို အရှင်ဘုရားထံမှာပဲ တရားရရှိမှာပေါ့နော်။" ဟု မေးခဲ့ရာ Samberg က ရယ်မောလျက် "ငါ​ရောက်​မှာတော့ သေချာတာပေါ့။ ဟားဟားဟား။ သမီးအနေနဲ့ကတော့ အချိန်ပို လုပ်ရမယ်ထင်တယ်။" ဟု ဆိုခဲ့ရာ Lohan က ကျေးဇူးတင်စကားပြောပြီး ထွက်ခွာသွားခဲ့သည်။
Lohan ထွက်သွားပြီးနောက် ဗုဒ္ဓအသွင်ဖမ်း Samberg က တပည့်များထံလှည့်ကာ "သမာဓိနည်း (zen) ဟုတ်လား။ ဟုတ်တာက​တော့ ဒီကောင်မလေးကို အိမ်ခေါ်သွားမယ်။ ပြီးရင် အဝတ်တွေချွတ်မယ်။ ကောင်မလေး ဂျူးလူမျိုး မဟုတ်လောက်ဘူးထင်ပါတယ်။ သူ့ကို ဝက်သားလို မြိန်မြိန်စားချင်လို့ပါ။ ဟားဟားဟား။ ငါ့ရဲ့ (သစ်ပင်) သာ ကောင်မလေးရဲ့ (ချုံပုတ်) ထဲ လဲကျမယ်ဆိုရင် အိမ်နီး ချင်း​တွေတောင် ကြားရမှာကွ။ ဟားဟားဟား။" ဟု ရိုင်းပြသည့် အသုံးအနှုန်းများဖြင့် ပြောကြားသွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
SNL အစီအစဉ်သည် အမေရိကန်နိုင်ငံတွင် နာမည်ကျော်သော ဟာသအစီအစဉ် တစ်ခုဖြစ်ပြီး အများသူငါအား ပွင့်လင်းစွာ လှောင်​ပြောင်သည့် (Spoofs) အသုံးအနှုန်းများ အစဉ်အမြဲ အသုံးပြုလေ့ရှိသည်။ ယင်းတို့အနေဖြင့် ယခင်က ယေရှုအားလည်း ယခုကဲ့သို့ပင် နောက်ပြောင်ခဲ့ဖူးသည်။
ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံတစ်ခုတွင် လူတိုင်းလူတိုင်း လွတ်လပ်ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခွင့် ရှိသည်မှာ မှန်သော်လည်း ယခု ကဲ့သို့ ဘာသာတရားတစ်ခုအား ပြက်ရယ်ပြုခြင်း၊ ဗုဒ္ဓမြတ်စွာအား အတုယောင်ပြုပြီး ညစ်ညမ်းသော အသုံးအနှုန်းများဖြင့် နောက် ပြောင်ပြောဆိုခဲ့ခြင်းတို့မှာ လုံးဝဥဿုံ မလုပ်သင့် မလုပ်ထိုက်သည့် အရာများဖြစ်ခြင်းကြောင့် NBC ရုပ်သံလှိုင်းနှင့် SNL အစီအစဉ် အား ရွှေလုံးမှ ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။
(မှတ်ချက် - SNL အစီအစဉ်မှ တာဝန်ရှိသူများအား ဆက်သွယ်ရန် ကြိုးပမ်းခဲ့ရာ အောင်မြင်မှု မရရှိခဲ့သလို အီးမေးလ်အားလည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ကမ္ဘာတစ်ဝန်းမှ ဗုဒ္ဓဘာသာဝင်များထံသို့ ဤသတင်းအား မျှဝေပါရန် တိုက်တွန်းအပ်ပါသည်။ ဤသတင်းအပေါ် စာဖတ်သူတို့၏ တုန့်ပြန်ပြောဆိုမှုများအားလည်း NBC ရုပ်သံဌာနသို့ ပေးပို့သွားမည်ဖြစ်ပါသည်။) 
---
Video courtesy of nbc.com. All Rights Reserved. 

Tuesday, May 1, 2012

Window 7 မှ ဝင်းဒိုးတွေ ထပ်နေတဲ့ ပြဿနာ ဘယ်လိုရှင်းမလဲ


ကျွန်တော်တို့ Windows 7 သုံးတဲ့ သူငယ်ချင်း အတော်များများ ကြုံခဲ့ရတဲ့ နည်းလေးပါ။ အကြောင်းကတော့ Windows တင်ခဲ့စဉ်မှာ မှုလ တင်ခဲ့ပြီးသာ Windows ကို Delete လုပ် ပြီး Format မရိုက်ခဲ့လို့ ကြုံရတဲ့ ပြဿနာဖြစ်ပါတယ်။ ကြုံရတာက မိမိ C: partition ထဲမှာ Windows folder တွေ မိမိ တကြိမ်တင်ရင် တင်ခဲ့သလောက် Windows တွေ ထပ်နေတတ်ပါတယ်။ အကြောင်းက အပေါ်မှာ ပြောခဲ့သလို Windows တင်တဲ့ အချိန်မှာ မှုလ Windows ကို Format မရိုက်ခဲ့လို့ ဖြစ်ပါတယ်။ ဒါကြောင့် Harddisk ထဲမှာ မလိုအပ်ဘဲ နေရာတွေ ပြည့်နေတတ်ပါတယ်။ အကြိမ်ရေ နည်းတဲ့ အခါမှာ ပြဿနာ မဟုတ်ပေမဲ့ အကြိမ်ရေ များလာတဲ့ အခါမှာ ပြဿနာ တက်လာတက်ပါတယ်။ ဘယ်လို ဖြစ်ရတာလဲဆိုတော့ ကျွှန်တော်တို့ Window 7 မှာ computer ဖွင့်လိုက်တဲ့အခါ window start up လုပ်နေစဉ် အတွင်းမှာ မိမိဘယ် Window နဲ့ boot တက်မလဲ ဆိုတာကို ရွေးချယ်ပေးရတဲ့ Boot option အပိုင်းရှိပါတယ်။ Window တခုတည်း ဆိုရင်တော့ သူကအချိန် အနည်းငယ်ပဲ ပေါ်လာပီး မိမိတင်ထားတဲ့ Window 7 အတိုင်းဆက် အလုပ်လုပ်ပါတယ်။ တကယ်လို့ ကိုယ်ကအရင်က Window XP တင်ခဲ့ပြီး Window 7 ပြောင်းသုံးတဲ့အခါ အရင်Window Xp ကို Format မရိုက်မိဘဲ Window ဆက်တင်မိတဲ့ အခါမျိုမှာဆိုရင် Boot တက်တဲ့အခါ Window Version နှစ်ခုထဲက တစ်ခုခုကို ရွေးပေးဖို့ Boot option လုပ်နေစဉ်မှာ ပေါ်လာတတ်ပါတယ်။ အခုနပြောသလို အခြေအနေမျိုးမှာ စက်ဖွင့်တဲ့အခါတိုင်း ကိုယ်ကရွေးပေးနေရပါတယ်။ မရွေးပေးဘဲ သူ့ဘာသာ Boot တက်ရင်တော့ နောက်ဆုံးတင်ထားတဲ့ Window 7 အတိုင်းပဲ အလုပ်ဆက်လုပ်ပါတယ်။ ဒါပေမယ့် ကျွှန်တော်တို့ အဲ့ဒီအရင်က Window Xp ဒါမှမဟုတ် Vista တခုခုပေါ့ ) လက်ရှိသုံးနေတဲ့ Window 7 မတင်ခင် အရင် Window တခုခုကို Earlier Version Of Window လို့ခေါ်ပါတယ်။ အဲ့ဒီ Earlier Version အပိုင်းကြီးကို Boot တက်တဲ့အခါ မမြင်ရအောင် Remove လုပ်ပစ်ထားလိုက်ရင် နောက်ဆို ရွေးပေးစရာ မလိုတော့ပါဘူး။ စက်ဖွင့်လိုက်တိုင်း သူ့ဘာသာ မြန်မြန်ဆန်ဆန် Window7 တက်လာပါလိမ့်မယ်။ကျွှန်တော်တို့ ပြောနေတာအရမ်း များသွားပြီ။ ကျွန်တော်တို့ အလွယ်မြင်အောင် အောက်က ပုံကိုကြည့်လိုက်ပါ။ အောက်မှာတော့ Windows က နှစ်ခုသာ ပြထားပါတယ်။ ဒီထက်ပိုနေတဲ့ စက်တွေကိုလဲ တွေ့ခဲ့ဖူးပါတယ်။ အောက်မှာ ရှင်းတဲ့ နည်းကို ကျွန်တော် အသေးစိတ်တင်ပြပေးထားပါတယ်။ အောက်က ပုံကို အရင်ကြည့် ကြည့်ပါ။



ပြုပြင်နည်း

1. Command Prompt လို့ခေါ်တဲ့ Cmd ကို Run as administrator နဲ့အရင် ဖွင့်လိုက်ပါ။ ရိုးရိုးအတိုင်း Wndkey+R လို့ရိုက်ပီး ပေါ်လာတဲ့ Run Box မှာ cmd လို့ရိုက်ထည့်ပီး ဖွင့်ပီးပေါ်လာတဲ့ cmd မှာဆို အလုပ်မလုပ်ပါဘူး။ ဒါကြောင့် ခုနပြောသလိုပဲ Run as administrator နဲ့ပဲ ဖွင့်လိုက်ပါ။



2.ပေါ်လာတဲ့ Cmd Box မှာ bcdedit လို့ရိုက်လိုက်ပါ။ ကျလာတဲ့ဘောက်ထဲမှာ windows Legacy os Loader ကို တွေ့ရပါလိမ့်မည်။


 3.နောက်ဆုံးအနေနဲ့ ကျွှန်တော်တို့က မလိုအပ်တဲ့ အပိုင်းဖြစ်တဲ့ Windows Lagacy OS loader အပိုင်းကို Delete လုပ်ပေးရပါမယ်။ Command Prompt မှာ bcdedit /delete {ntldr} /f လို့ ရိုးရိုးလေး ရိုက်ပေးပီး Enter ခေါက်ပေးလိုက်ပါပါ။ အားလုံး အဆင်ပြေသွားပါပီ။



Ref:http://designerkaye.blogspot.com

Saturday, February 25, 2012

လူမှုစီးပွား နှင့် အခြားဝက်ဆိုဒ်များ

»  www.arteventmyanmar.multiply.com     ပြည်တွင်းးပြည်ပပန်းချီအနုပညာရှင်များ၊ပြခန်းများ၊
                                                            လိပ်စာများနှင့်ဂီတစုံပါဝင်တဲ့ဆိုက်
 »  www.myanmarphotoimage.com            မြန်မာ့ဓာတ်ပုံအနုပညာဝက်ဆိုက်
                                                            (သင့်ဓာတ်ပုံတွေကိုတင်နိုင်)
 »  www.myanmar-Image.com          မြန်မာ့ဓာတ်ပုံအနုပညာဝက်ဆိုက်ပါ
 »  awkwardfamilyphotos.com           ထူးထူးဆန်းဆန်းအိုက်တင်နဲ့ရိုက်ထားတဲ့ဓာတ်ပုံနမူနာ
                                                    လေးတွေလေ့လာဖို့ရှိတဲ့ဝက်ဆိုက်
 »  www.artistdirect.com                  ကမ္ဘာကျော်MTVသီချင်းနှင့်အနုပညာရှင်များအကြောင်း
                                                    A.toz ဖော်ပြထားတဲ့ဝက်ဆိုက်
 »  www.music.e-favourite.com        ကမ္ဘာကျော်MTVသီချင်းနှင့်အနုပညာရှင်များအကြောင်း
                                                    ဖော်ပြထားတဲ့ဝက်ဆိုက်

 »  www.rosab.net                          နှစ်စဉ်ပန်းချီစကောလားရှစ်တွေခေါ်တဲ့ဝက်ဆိုက်
 »  www.4.retmuseum.org               အနုပညာဆိုင်ရာဝက်ဆိုက်
 »  www.wdL.org                           ဘီစီ ၈၀၀၀ ကနေဒီနေ့အထိကမ္ဘာ့သမိုင်းဝင်ဓာတ်ပုံများကို
                                                    ဖော်ပြထားတဲ့ဝက်ဆိုက်
 »  www.arteyelopedia.com              ကမ္ဘာကျော်အနုပညာရှင်များစွာရဲ့လက်ရာတွေကိုအမည်၊
                                                    ပြတိုက်၊အမျိုးအစားစတဲ့စကားလုံးတွေနဲ့ရှာနိုင်တဲ့ဆိုက်
 »  www.artrenewal.org                   အကြီးဆုံးအွန်လိုင်းအနုပညာပြတိုက်၏ဝက်ဆိုက်
 »  www.new7wonders.com            ကမ္ဘာ့အံ့ဖွယ်အဆောက်အအုံနေရာတွေ အရာတွေကို
                                                    နှစ်စဉ်ရွေးချယ်ဖော်ပြပေးတဲ့ဝက်ဆိုက်
 »  www.www.artseoul.net
 »  www.picassomio.com
 »  www.commodityindia.com
 »  www.stedelijk.nl
 »  www.culture.gr
 »  www.ben.fjmiro.es
 »  www.newmuseum.org
 »  www.tolmantokyo.com
 »  www.sothebys.com
 »  www.bhristies.com
 »  www.crac.com
 »  www.artlex.com
 »  www.art.com
 »  www.moma.org

 »  www.Yellowmappages.com         ရန်ကုန်မြို့စီးပွားရေးလုပ်ငန်းအချို့ကိုမြေပုံပေါင်း ၂၀၀
                                                    ကျော်နဲ့ဖေါ်ပြပေးထားသည်
 »  www.myanmarUReady.com         အိမ်ခြံကားဝယ်ရောင်းအကျိုးဆောင်ဆိုက်
 »  www.myanmarhotjobs.com         မြန်မာပြည်တွင်းအလုပ်အကိုင်ကြော်ငြာများကိုကြည့်နိုင်
                                                    သည်
 »  www.employmentbestselect.com       ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းရှာဖွေရန်ဆိုက်
 »  www.yangondirectory.com          ရန်ကုန်လမ်းညွှန်စာအုပ်ရဲ့ site
 »  www.mandalaydirectory.com       မန္တလေး လမ်းညွှန်စာအုပ်ရဲ့ site
 »  www.essentialforall.com              ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့်ဈေးဝယ်လမ်းညွှန်
 »  www.Themyanmardirectory.com  မြန်မာ လမ်းညွှန်
 »  www. xe.com                            ကမ္ဘာ့ငွေကြေးလဲနှုံးဖေါ်ပြထားတဲ့ site
 »  www.kitco.com                         ကမ္ဘာ့ရွှေ၊ငွေ၊ပလက်တီနမ်စသည့်ဈေးနှုံးနှင့်ငွေလဲနှုန်း
                                                    တွေကိုဖော်ပြထား
 »  www.myanmarUReady.com         အိမ်ခြံကားဝယ်ရောင်းအကျိုးဆောင်ဆိုက်
 »  www.ngoinmyanmar.org             မြန်မာNGO အဖွဲ့များဆိုင်ရာအလုပ်အကိုင်ဆိုက်
 »  www.winmyanmarmotor.com      မြန်မာပြည်၏မော်တော်ယာဉ်ထုတ်လုပ်ရေး
 »  www.myanmars.net                   မြန်မာပြည်ရဲ့အွန်လိုင်းကွန်ပျူတာစတိုး
 »  www.shop-myanmars.net            မြန်မာပြည်ရဲ့အွန်လိုင်းကွန်ပျူတာစတိုး
 »  www.etrademyanmar.com           မြန်မာ့ကုန်သွယ်ရေးဆိုင်ရာဝက်ဆိုက်
 »  www.myanmarchampionkennel.com     ခွေးမျိုးစုံ online မှဝယ်ယူနိုင်သောမြန်မာဝက်ဆိုက်
 »  www.cafepress.com                   ကိုယ်ပိုင်ပစ္စည်းတွေ၊ဒီဇိုင်းတွေ အနုပညာတွေကို online                                                     မှကိုင်ပိုင်ဆိုင်ခန်းဖွင့်ငွေရှာနိုင်တဲ့ဆိုက်
 »  www.epee.mom.gov.sg             စင်္ကာပူမှာအလုပ်လုပ်ချင်သူတွေယာယီနေထိုင်ခွင့်ကို
                                                   အွန်လိုင်းကနေလျောက်ထားနိုင်တဲ့ဆိုက်
 »  www. realindexer.com                ပြည်တွင်းအိမ်၊ခြံ၊မြေ၊ရောင်းဝယ်ငှားကြော်ငြာနိုင်တဲ့ဆိုက်
 »  www.Jewelrytradecenter.com      မြန်မာ online ကျောက်မျက်ရောင်းဝယ်ရေးစတိုး

 »  www.amp.guide.com                  ပြည်တွင်းဖုန်းမဂ္ဂဇင်းတစ်ခုမှလွှင့်တင်ထားသောဖုန်းနဲ့ဆိုင်
                                                    သောwebsite
 »  www.craiglook.com                    ရောင်းလိုဝယ်လိုသောပစ္စည်းကဏ္ဍစုံကိုကြည့်နိုင်၊ တင်နိုင်
                                                   သော site
 »  www.Etsy.com                          ကမ္ဘာ့လက်မှုပစ္စည်းများရောင်းဝယ်အကြံဥာဏ်များကို
                                                    ကြည့်ရှု့နိုင်တဲ့ဝက်ဆိုက်
 »  www.asianjobbus.com                တစ်ကမ္ဘာလုံးကအလုပ်ခေါ်စာတွေကြည့်နိုင်
 »  www.kiva.com                           ဖွံ့ဖြိုးဆဲနိုင်ငံလေးတွေကလူတွေပိုက်ဆံချေးနိုင်တဲ့ဆိုက်
 »  www.ConsvmerSearch.com         အသစ်ထွက်လူသုံးကုန်ပစ္စည်းသစ်တွေအကြောင်းဝေဖန်
                                                    ဖေါ်ပြထားတဲ့ဆိုက်
 »  www.Myanmar-Myanmar.com       မြန်မာ့စီးပွားရေးအခွင့်အလမ်း၊ခရီးသွားလုပ်ငန်းဆိုင်ရာ
                                                    အချက်အလက်များဖေါ်ပြထားတဲ့ဆိုက်
 »  www.Thein minn.com                ကွန်ပျူတာလက်တော့ကင်မရာအရောင်းဆိုင်တစ်ခုရဲ့
                                                    ဝက်ဆိုက်တစ်ခုပါ

ဘာသာရပ်ဆိုင်ရာ ၀က်ဆိုဒ်လိပ်စာများ

»  www.eol.org                             သက်ရှိများအကြောင်းစာမျက်နှာပေါင်း၃၀၀၀၀ကျော်ဆိုက်
 »  www. sickgodfishcare.com           အလှမွေးရွှေငါးလေးများအကြောင်းဆိုက်
 »  www.citypetguide.com               အလှမွေးခွေးများအကြောင်းဆိုက်
 »  www.beautifulhairstyles.com        ဆံပင်ပုံဆံအမျိုးမျိုးကိုလေ့လာနိုင်တဲ့ဆိုက်ပါ
 »  www.hearandplay.com                ဂစ်တာနှင့်စန္ဒယားလေ့လာသူများအတွက်ဆိုက်ပါ
 »  www.element.mucter.mm.org     ဓာတုဗေဒဒြပ်စင်များဇယားကိုမြန်မာလိုဖော်ပြသောဆိုက်
 »  www.m-w.com                          အင်္ဂလိပ်စကားလုံးတွေအသစ်အသစ်သောစကားလုံးတွေ
                                                    တွေ့နိုင်တဲ့ဝက်ဆိုက်
 »  www.ru-mm.org                        ရုရှားမြန်မာအဘိဓာန်ကိုအခမဲ့ရယူနိုင်တဲ့ဆိုက်
 »  www.readthekanji.com               ဂျပန်စာကိုအခမဲ့နှင့်အခပေးလေ့လာ လေ့ကျင့်နိုင်တဲ့ဆိုက်
 »  www.babycenter.com                ကလေးတစ်ယောက်ကို အရွယ်ရောက်တဲ့အထိပြုစုပျိုး
                                                    ထောင်တဲ့ လမ်းညွှန်ချက်တွေပါတဲ့ဝက်ဆိုက်
 »  www.envirope-dea.org.uk           ကမ္ဘာကြီးပူနွေးလာမှုနဲ့ရာသီဥတုတွေဖောက်ပြန်လာရခြင်း
                                                    လေ့လာဖို့ဝက်ဆိုက်
 »  www.shootgar-dening.co.uk        ဥယျာဉ်စိုက်ပျိုးရေးဆိုင်ရာဝက်ဆိုက်တစ်ခုပါ
 »  www.librivox.org                        ယဉ်ကျေးမှု၊ဘာသာရေးပညာရေးနယ်ပယ်အသီးသီးမှရေး
                                                    သားချက်တွေကို အသံဖိုင်အဖြစ် ပြောင်းပေးထားတဲ့ဆိုက်
 »  www. grammar.ccc.commnet.edu    သဒ္ဒါနဲ့အရေးကိုရှင်းပြထားတဲ့ဝက်ဆိုက်
 »  www.soundjunction.org              ဂီတတူရိယာတီးခတ်ပုံတွေသံစဉ်တွေအကြောင်း၊ဆိုက်
 »  www.diseno-art.com                  စက်တပ်ယာဉ်ဒီဇိုင်းတွေတစ်စီးချင်းဖော်ပြထားသောဆိုက်
 »  www.weath-erpixie.com             ကမ္ဘာအနှံ့ကမိုးလေဝသရာသီဥတုကိုကာတွန်းရုပ်ပုံလေး
                                                    တွေနဲ့ဖော်ပြ ပေးထားတဲ့ဝက်ဆိုက်
 »  www.quotationmarks.blogspot.com    အင်္ဂလိပ်ဘာသာစကားတွင် quotationများကြောင့်
                                                         မူလအဓိပ္ပါယ်နှင့်  လွဲချော်သွားသည်များကို  စုစည်း
                                                         ဖော်ပြပေးသည့်ဝက်ဆိုက်
 »  www.brashawfoundation.com      ရှေးဦးလူသားများ၏ အနုပညာလက်ရာများနှင့် ပန်းချီ၊စိုက်
                                                    ပျိုးရေးသုံးပစ္စည်းများဖော်ပြထားသောဝက်ဆိုက်
 »  www.bibliodyssey.com                ဓါတ်ပုံဝါသနာရှင်များနှင့် သမိုင်းလေ့လာသူများ အတွက်
                                                    စိတ်ဝင်စားဖွယ်အထောက်များပါသောဝက်ဆိုက်
 »  www.acronym-finder.com            အင်္ဂလိပ်စာလုံး  အတိုကောက်တွေ လေးသန်းကျော်ကို
                                                    ဖော်ပြပေးထားတဲ့ဝက်ဆိုက်
 »  www.intstyle.com                      နိုင်ငံတကာလူအမျိုးမျိုးရဲ့ အမူအရာ  ဝတ်စားဆင်ယင်မှု
                                                    တွေအကြောင်းတင်ပြထားတဲ့Blogတစ်ခု
 »  www. allmagic.com                     အဆင့်မြင့်မျက်လှည့်ပညာတွေအကြောင်းဝက်ဆိုက်ပါ
 »  www.scho-olr.com                      ဂူဂဲလ်၊ ဝီကီပီးဒီးယား၊ အဘိဓာန်၊ စွယ်စုံကျမ်း၊ဘာသာ
                                                    ပြန်၊ ယူနစ်ပြောင်းတဲ့အလုပ်တွေလုပ်နိုင်တဲ့ဆိုက်
 »  www.pseu-dodictionary.com        အင်္ဂလိပ်ဘာသာ နောက်ဆုံးပေါ်အသုံးတွေ၊ အင်တာနက်
                                                    ဘန်းစကားတွေ၊ စကားစုတွေအကြောင်းသိနိုင်တဲ့ဆိုက်
 »  www. chess.com                        စစ်တုရင်ကစားနည်းစည်းမျဉ်းတွေ လေ့လာနိုင်၊ ကွန်ပျူ
                                                    တာနဲ့လည်းကစားနိုင်တဲ့ဝက်ဆိုက်
 »  www.problogger.net                  ဘလော့ဂ်တွေကနေဝင်ငွေဖန်တီးနိုင်ဖို့၊ဘလော့ဂ်ကောင်း
                                                    တစ်ခုဖြစ်ဖို့လေ့လာနိုင်တဲ့ဆိုက်ပါ
 »  www.stop-motionanimation.com   ရုပ်ရှင်အထူးပြုလုပ်ချက်တွေကိုလေ့လာနိုင်သည့်ဆိုက်
 »  www.readymech.com                 စက္ကူရုပ်ခေါက်ချင်သူတွေအတွက်အရောင်အသွေးစုံလင်
                                                    တဲ့စက္ကူရုပ်ပေါင်း မြောက်မြားစွာရှိတဲ့ဆိုက်
 »  www.greatbuildings.com             ဘီစီ ၃၀၀၀ ကာလ ဂရိဘုရားကျောင်းတွေကအစ  ယခု
်                                                    ခေတ်ထိအဆောက်အအုံ၁၀၀၀ကျော်ကို ပြထားသည်
 »  www.stuckincustoms.com           အစစ်နဲ့ ခွဲမရအောင်တူတဲ့ဓာတ်ပုံတွေ ဖန်တီးပုံ  ဖန်တီး
                                                    နည်းကိုရေးသားထားတဲ့ဝက်ဆိုက်
 »  www.cities.com                         ကမ္ဘာ့မြို့ကြီးပေါင်း ၄၀၀၀ကျော်ရဲ့ အကြောင်းကို ဖော်ပြ
                                                    ထားတဲ့ဆိုက်ပါ
 »  www.wdL.org                           ဘီစီ ၈၀၀၀ ကနေဒီနေ့အထိကမ္ဘာ့သမိုင်းဝင်ဓာတ်ပုံများကို
                                                    ဖော်ပြထားတဲ့ site ပါ
 »  www.Myanimaritresovrce.info
 »  www.Myanmarengineer.org
 »  www.Myanmargenivs.org
 »  www.Giveawayoftheday.com
 »  www.yatanarpon.com.mm

 »  www.cnn.com/weather              နိုင်ငံတကာမိုးလေ၀သဆိုင်ရာဝက်ဆိုက်
 »  www.bbeworld.com                   နိုင်ငံတကာမိုးလေ၀သဆိုင်ရာဝက်ဆိုက်
 »  www.weather.com                    နိုင်ငံတကာမိုးလေ၀သဆိုင်ရာဝက်ဆိုက်
 »  www.theweathernetwork.com    နိုင်ငံတကာမိုးလေ၀သဆိုင်ရာဝက်ဆိုက်
 »  www.earthsky.com                    နိုင်ငံတကာမိုးလေ၀သဆိုင်ရာဝက်ဆိုက်
 »  www.spikesworld.spik-jamie.com  နိုင်ငံတကာမိုးလေ၀သဆိုင်ရာဝက်ဆိုက်
 »  www.epa.gov                           နိုင်ငံတကာမိုးလေ၀သဆိုင်ရာဝက်ဆိုက်
 »  www.epa.gov/kids                     နိုင်ငံတကာမိုးလေ၀သဆိုင်ရာဝက်ဆိုက်
 »  www.seismo-watch.com             မြေငလျင်ဆိုင်ရာသတင်းဝက်ဆိုက်ပါ

 »  www.aboutflowers.com              ပန်းမျိုးစုံအကြောင်းဖော်ပြထားသည်
 »  www.robtcaze.com                    စက်ရုပ်အကြောင်းပါသောဆိုက်
 »  www. paclp.com                        ရုပ်ရှင်များအတွက်soundEffectများနှင့်အခြား Link
                                                    ဆိုက်များကိုဖော်ပြထားသည်
 »  www.4.hairctyles.com                 ဆံပင်ပုံမျိုးစုံကိုဖော်ပြထားတဲ့ဆိုက်
 »  www.Supercook.com                  အချက်အပြုတ်ဆိုင်ရာဆိုက်
 »  www.Nation Master.com             ကမ္ဘာ့နိုင်ငံပေါင်းစုံရဲ့လူမှုရေး ၊စီးပွားရေး၊ ကျန်းမာရေး                                                                ၊ပထဝီဆိုင်ရာပေါင်းစုံဖေါ်ပြပေးထားတဲ့ဆိုက်

 »  www.video Processor.com           ကွန်ပြူတာဆိုင်ရာအွန်လိုင်းသင်္ခန်းစာတွေဗီဒီယိုတွေကို
                                                    သင်နိုင်တဲ့ဆိုက်
 »  www.yellowpages.com               ကမ္ဘာ့မြေပုံလမ်းညွှန်ဆိုက်များ
 »  www.superpages.com                ကမ္ဘာ့မြေပုံလမ်းညွှန်ဆိုက်များ
 »  www.YP.yahoo.com                   ကမ္ဘာ့မြေပုံလမ်းညွှန်ဆိုက်များ
 »  www.science.com                      သိပ္ပံသုတဆိုင်ရာဝက်ဆိုက်
 »  www.animal.discovery.com          တိရစ္ဆာန်ဆိုင်ရာသုတများရှိသည့်ဝက်ဆိုက်
 »  www.lizehacker.com                   တိုတိုထွာထွာနည်းပညာများ၏ဝက်ဆိုက်
 »  www.petaztheday.com               တိရစ္ဆာန်များအကြောင်းဝက်ဆိုက်
 »  www.cuzeovenload.com             ထူးဆန်းတဲ့တိရစ္ဆာန်များ
 »  www.sclencedaily.com                ကမ္ဘာကြီးရဲ့သိပ္ပံဆိုင်ရာလေ့လာတွေ့ရှိချက်တွေကိုပုံမှန်
                                                    ဖေါ်ပြပေးနေတဲ့ဆိုက်
 »  www.techcrunch.com                ပညာရှင်တွေရဲ့နောက်ဆုံးပေါ်နည်းပညာသတင်းတွေ
                                                    ဖော်ပြပေးထားတဲ့ဆိုက်
 »  www.cartalk.com                       ကမ္ဘာတစ်ဝန်းကမော်တော်ကားအကြောင်းဆိုက်
 »  www.bmw.com                         မော်တော်ကားဝက်ဆိုက်များ
 »  www.toyota.com                       မော်တော်ကားဝက်ဆိုက်များ
 »  www.lexus.com                         မော်တော်ကားဝက်ဆိုက်များ
 »  www.mercedes-benz.com           မော်တော်ကားဝက်ဆိုက်များ
 »  www.familycar.com                    မော်တော်ကားဝက်ဆိုက်များ
 »  www.supercars.net                    မော်တော်ကားဝက်ဆိုက်များ
 »  www.mitsubishi-motors.co.th       မော်တော်ကားဝက်ဆိုက်များ
 »  www.carsdirect.com                   မော်တော်ကားဝက်ဆိုက်များ
 »  www.auto.howstuffworks.com    မော်တော်ကားဝက်ဆိုက်များ
 »  www.fast-autos.net                   မော်တော်ကားဝက်ဆိုက်များ
 »  www.cars.com                          မော်တော်ကားဝက်ဆိုက်များ
 »  www.audi.com                          မော်တော်ကားဝက်ဆိုက်များ
 »  www.minicooper.org                  မော်တော်ကားဝက်ဆိုက်များ