» www.eol.org သက်ရှိများအကြောင်းစာမျက်နှာပေါင်း၃၀၀၀၀ကျော်ဆိုက်
» www. sickgodfishcare.com အလှမွေးရွှေငါးလေးများအကြောင်းဆိုက်
» www.citypetguide.com အလှမွေးခွေးများအကြောင်းဆိုက်
» www.beautifulhairstyles.com ဆံပင်ပုံဆံအမျိုးမျိုးကိုလေ့လာနိုင်တဲ့ဆိုက်ပါ
» www.hearandplay.com ဂစ်တာနှင့်စန္ဒယားလေ့လာသူများအတွက်ဆိုက်ပါ
» www.element.mucter.mm.org ဓာတုဗေဒဒြပ်စင်များဇယားကိုမြန်မာလိုဖော်ပြသောဆိုက်
» www.m-w.com အင်္ဂလိပ်စကားလုံးတွေအသစ်အသစ်သောစကားလုံးတွေ
တွေ့နိုင်တဲ့ဝက်ဆိုက်
» www.ru-mm.org ရုရှားမြန်မာအဘိဓာန်ကိုအခမဲ့ရယူနိုင်တဲ့ဆိုက်
» www.readthekanji.com ဂျပန်စာကိုအခမဲ့နှင့်အခပေးလေ့လာ လေ့ကျင့်နိုင်တဲ့ဆိုက်
» www.babycenter.com ကလေးတစ်ယောက်ကို အရွယ်ရောက်တဲ့အထိပြုစုပျိုး
ထောင်တဲ့
လမ်းညွှန်ချက်တွေပါတဲ့ဝက်ဆိုက်
» www.envirope-dea.org.uk ကမ္ဘာကြီးပူနွေးလာမှုနဲ့ရာသီဥတုတွေဖောက်ပြန်လာရခြင်း
လေ့လာဖို့ဝက်ဆိုက်
» www.shootgar-dening.co.uk ဥယျာဉ်စိုက်ပျိုးရေးဆိုင်ရာဝက်ဆိုက်တစ်ခုပါ
» www.librivox.org ယဉ်ကျေးမှု၊ဘာသာရေးပညာရေးနယ်ပယ်အသီးသီးမှရေး
သားချက်တွေကို အသံဖိုင်အဖြစ်
ပြောင်းပေးထားတဲ့ဆိုက်
» www. grammar.ccc.commnet.edu သဒ္ဒါနဲ့အရေးကိုရှင်းပြထားတဲ့ဝက်ဆိုက်
» www.soundjunction.org ဂီတတူရိယာတီးခတ်ပုံတွေသံစဉ်တွေအကြောင်း၊ဆိုက်
» www.diseno-art.com စက်တပ်ယာဉ်ဒီဇိုင်းတွေတစ်စီးချင်းဖော်ပြထားသောဆိုက်
» www.weath-erpixie.com ကမ္ဘာအနှံ့ကမိုးလေဝသရာသီဥတုကိုကာတွန်းရုပ်ပုံလေး
တွေနဲ့ဖော်ပြ ပေးထားတဲ့ဝက်ဆိုက်
» www.quotationmarks.blogspot.com အင်္ဂလိပ်ဘာသာစကားတွင်
quotationများကြောင့်
မူလအဓိပ္ပါယ်နှင့် လွဲချော်သွားသည်များကို စုစည်း
ဖော်ပြပေးသည့်ဝက်ဆိုက်
» www.brashawfoundation.com ရှေးဦးလူသားများ၏ အနုပညာလက်ရာများနှင့် ပန်းချီ၊စိုက်
ပျိုးရေးသုံးပစ္စည်းများဖော်ပြထားသောဝက်ဆိုက်
» www.bibliodyssey.com ဓါတ်ပုံဝါသနာရှင်များနှင့် သမိုင်းလေ့လာသူများ အတွက်
စိတ်ဝင်စားဖွယ်အထောက်များပါသောဝက်ဆိုက်
» www.acronym-finder.com အင်္ဂလိပ်စာလုံး အတိုကောက်တွေ လေးသန်းကျော်ကို
ဖော်ပြပေးထားတဲ့ဝက်ဆိုက်
» www.intstyle.com နိုင်ငံတကာလူအမျိုးမျိုးရဲ့ အမူအရာ ဝတ်စားဆင်ယင်မှု
တွေအကြောင်းတင်ပြထားတဲ့Blogတစ်ခု
» www.
allmagic.com အဆင့်မြင့်မျက်လှည့်ပညာတွေအကြောင်းဝက်ဆိုက်ပါ
» www.scho-olr.com ဂူဂဲလ်၊ ဝီကီပီးဒီးယား၊ အဘိဓာန်၊ စွယ်စုံကျမ်း၊ဘာသာ
ပြန်၊ ယူနစ်ပြောင်းတဲ့အလုပ်တွေလုပ်နိုင်တဲ့ဆိုက်
» www.pseu-dodictionary.com အင်္ဂလိပ်ဘာသာ နောက်ဆုံးပေါ်အသုံးတွေ၊ အင်တာနက်
ဘန်းစကားတွေ၊ စကားစုတွေအကြောင်းသိနိုင်တဲ့ဆိုက်
» www. chess.com စစ်တုရင်ကစားနည်းစည်းမျဉ်းတွေ လေ့လာနိုင်၊ ကွန်ပျူ
တာနဲ့လည်းကစားနိုင်တဲ့ဝက်ဆိုက်
» www.problogger.net ဘလော့ဂ်တွေကနေဝင်ငွေဖန်တီးနိုင်ဖို့၊ဘလော့ဂ်ကောင်း
တစ်ခုဖြစ်ဖို့လေ့လာနိုင်တဲ့ဆိုက်ပါ
» www.stop-motionanimation.com ရုပ်ရှင်အထူးပြုလုပ်ချက်တွေကိုလေ့လာနိုင်သည့်ဆိုက်
» www.readymech.com စက္ကူရုပ်ခေါက်ချင်သူတွေအတွက်အရောင်အသွေးစုံလင်
တဲ့စက္ကူရုပ်ပေါင်း မြောက်မြားစွာရှိတဲ့ဆိုက်
» www.greatbuildings.com ဘီစီ ၃၀၀၀ ကာလ ဂရိဘုရားကျောင်းတွေကအစ ယခု
် ခေတ်ထိအဆောက်အအုံ၁၀၀၀ကျော်ကို ပြထားသည်
» www.stuckincustoms.com အစစ်နဲ့ ခွဲမရအောင်တူတဲ့ဓာတ်ပုံတွေ ဖန်တီးပုံ ဖန်တီး
နည်းကိုရေးသားထားတဲ့ဝက်ဆိုက်
» www.cities.com ကမ္ဘာ့မြို့ကြီးပေါင်း ၄၀၀၀ကျော်ရဲ့ အကြောင်းကို ဖော်ပြ
ထားတဲ့ဆိုက်ပါ
» www.wdL.org ဘီစီ ၈၀၀၀ ကနေဒီနေ့အထိကမ္ဘာ့သမိုင်းဝင်ဓာတ်ပုံများကို
ဖော်ပြထားတဲ့ site ပါ
» www.Myanimaritresovrce.info
» www.Myanmarengineer.org
» www.Myanmargenivs.org
» www.Giveawayoftheday.com
» www.yatanarpon.com.mm
» www.cnn.com/weather နိုင်ငံတကာမိုးလေ၀သဆိုင်ရာဝက်ဆိုက်
» www.bbeworld.com နိုင်ငံတကာမိုးလေ၀သဆိုင်ရာဝက်ဆိုက်
» www.weather.com နိုင်ငံတကာမိုးလေ၀သဆိုင်ရာဝက်ဆိုက်
» www.theweathernetwork.com နိုင်ငံတကာမိုးလေ၀သဆိုင်ရာဝက်ဆိုက်
» www.earthsky.com နိုင်ငံတကာမိုးလေ၀သဆိုင်ရာဝက်ဆိုက်
» www.spikesworld.spik-jamie.com နိုင်ငံတကာမိုးလေ၀သဆိုင်ရာဝက်ဆိုက်
» www.epa.gov နိုင်ငံတကာမိုးလေ၀သဆိုင်ရာဝက်ဆိုက်
» www.epa.gov/kids နိုင်ငံတကာမိုးလေ၀သဆိုင်ရာဝက်ဆိုက်
» www.seismo-watch.com မြေငလျင်ဆိုင်ရာသတင်းဝက်ဆိုက်ပါ
» www.aboutflowers.com ပန်းမျိုးစုံအကြောင်းဖော်ပြထားသည်
» www.robtcaze.com စက်ရုပ်အကြောင်းပါသောဆိုက်
» www. paclp.com ရုပ်ရှင်များအတွက်soundEffectများနှင့်အခြား Link
ဆိုက်များကိုဖော်ပြထားသည်
» www.4.hairctyles.com ဆံပင်ပုံမျိုးစုံကိုဖော်ပြထားတဲ့ဆိုက်
» www.Supercook.com အချက်အပြုတ်ဆိုင်ရာဆိုက်
» www.Nation Master.com ကမ္ဘာ့နိုင်ငံပေါင်းစုံရဲ့လူမှုရေး ၊စီးပွားရေး၊ ကျန်းမာရေး ၊ပထဝီဆိုင်ရာပေါင်းစုံဖေါ်ပြပေးထားတဲ့ဆိုက်
» www.video Processor.com ကွန်ပြူတာဆိုင်ရာအွန်လိုင်းသင်္ခန်းစာတွေဗီဒီယိုတွေကို
သင်နိုင်တဲ့ဆိုက်
» www.yellowpages.com ကမ္ဘာ့မြေပုံလမ်းညွှန်ဆိုက်များ
» www.superpages.com ကမ္ဘာ့မြေပုံလမ်းညွှန်ဆိုက်များ
» www.YP.yahoo.com ကမ္ဘာ့မြေပုံလမ်းညွှန်ဆိုက်များ
» www.science.com သိပ္ပံသုတဆိုင်ရာဝက်ဆိုက်
» www.animal.discovery.com တိရစ္ဆာန်ဆိုင်ရာသုတများရှိသည့်ဝက်ဆိုက်
» www.lizehacker.com တိုတိုထွာထွာနည်းပညာများ၏ဝက်ဆိုက်
» www.petaztheday.com တိရစ္ဆာန်များအကြောင်းဝက်ဆိုက်
» www.cuzeovenload.com ထူးဆန်းတဲ့တိရစ္ဆာန်များ
» www.sclencedaily.com ကမ္ဘာကြီးရဲ့သိပ္ပံဆိုင်ရာလေ့လာတွေ့ရှိချက်တွေကိုပုံမှန်
ဖေါ်ပြပေးနေတဲ့ဆိုက်
» www.techcrunch.com ပညာရှင်တွေရဲ့နောက်ဆုံးပေါ်နည်းပညာသတင်းတွေ
ဖော်ပြပေးထားတဲ့ဆိုက်
» www.cartalk.com ကမ္ဘာတစ်ဝန်းကမော်တော်ကားအကြောင်းဆိုက်
» www.bmw.com မော်တော်ကားဝက်ဆိုက်များ
» www.toyota.com မော်တော်ကားဝက်ဆိုက်များ
» www.lexus.com မော်တော်ကားဝက်ဆိုက်များ
» www.mercedes-benz.com မော်တော်ကားဝက်ဆိုက်များ
» www.familycar.com မော်တော်ကားဝက်ဆိုက်များ
» www.supercars.net မော်တော်ကားဝက်ဆိုက်များ
» www.mitsubishi-motors.co.th မော်တော်ကားဝက်ဆိုက်များ
» www.carsdirect.com မော်တော်ကားဝက်ဆိုက်များ
» www.auto.howstuffworks.com မော်တော်ကားဝက်ဆိုက်များ
» www.fast-autos.net မော်တော်ကားဝက်ဆိုက်များ
» www.cars.com မော်တော်ကားဝက်ဆိုက်များ
» www.audi.com မော်တော်ကားဝက်ဆိုက်များ
» www.minicooper.org မော်တော်ကားဝက်ဆိုက်များ
အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျနော်ဘလော့လေးမှာ ကျနော်သိထားတာလေးတွေ၊ ကျနော်ဖတ်မိထားတာလေးတွေ ကျနော်စိတ်ကူးပုံရိပ်လေးတွေကိုတင်ပြပေးသွားမှာပါ။ အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။
Saturday, February 25, 2012
ပညာရေးဝက်ဆိုဒ်လိပ်စာများ
»
www.pearsonpte.com မြန်မာပြည်တွင်းအွန်လိုင်းအင်္ဂလိပ်စာ 4scale ဖြေဆိုနိုင်
သောဝက်ဆိုက်
» www.Yuonline-wbts.com ရန်ကုန်တက္ကသိုလ် onlineစာမေးပွဲဆိုင်ရာဝက်ဆိုက်
» www.ru-mm.org ရုရှားမြန်မာအဘိဓာန်ကိုအခမဲ့ရယူနိုင်တဲ့ဆိုက်
» www.edu.mysteryzillon.org
» www.worldenglishinstitute.org ရေးဖတ်ပြော အင်္ဂလိပ်စာသင်ခန်းစာများ အခမဲ့ လေ့လာ
နိုင်တဲ့
» www.pearsonpte.com မြန်မာပြည်တွင်း အွန်လိုင်းအင်္ဂလိပ်စာ 4scale ဖြေဆိုနိုင်
သောဆိုက်ပါ
» www.Ielts.org အင်္ဂလိပ်စာ IELT စာမေးပွဲဆိုင်ရာဝက်ဆိုက်
» www.Juniper.net နိုင်ငံတကာအခမဲ့ Network စာမေးပွဲအကြောင်း ပါသော
ဝက်ဆိုက်
» www.studying-singapore.com ပြည်ပမှတက္ကသိုလ်များကို onlineမှတက်ရောက်နိုင်ရန်
ကြည့် ရှု နိုင်သောဆိုက်
» www. internationalstudent.com နိုင်ငံခြားမှာ ပညာသင်နေတဲ့ ကမ္ဘာ့လူငယ်ကျောင်းသား
များ အတွက် ဝက်ဆိုက်
» www.burmait.net နိုင်ငံရပ်ခြားပညာသင်ကြားလိုသူများအတွက် ပညာသင်
ဆုများ အကြောင်းဝက်ဆိုက်
» www.niied.go.uk တက္ကသိုလ်ဝင်တန်းအောင်ပြီးသူများ ကိုရီးယားပညာသင်
ဆု လျောက်နိုင်သောဝက်ဆိုက်
» www.Jasso.go.JP မြန်မာကျောင်းသားတွေကို နှစ်စဉ်ဂျပန်ဘာသာအရည်
အချင်းစစ်စာမေးပွဲကျင်းပပြီးပညာသင်ဆုပေးနေတဲ့ဆိုက်
» www.bca.ac.uk ukနိုင်ငံဘာမင်ဂမ်မြို့တက္ကသိုလ်ရဲ့ဝက်ဆိုက်
» www.W.L.C.co.uk ukနိုင်ငံ၏ wlc ကောလိပ်၏ဝက်ဆိုက်

Monday, February 13, 2012
Sunday, February 12, 2012
Website ပေါ်မှတ်ပုံတင်ခြင်းကို ဘယ်လို ကျော်မလဲ
ယနေ့အင်တာနက်ခေတ်မှာ အရာရာဟာ online ကနေ ပေးရယူရ ရေးရဖတ်ရ တာဖြစ်တယ်။ သတင်းတစ်ခု ဖတ်ချင်ရင်လည်း online မှ website တွေကနေ ဖတ်ရတာပါ။
ဒီလိုအခမဲ့နှင့် သတင်းတွေကို ဖတ်ခွင့်ရအောင် လုပ်ပေးတဲ့သူတွေမှာလည်း ကုန်ကျစရိတ်ရှိပါတယ်။ သူတို့ကလည်း အဲဒီကုန်ကျစရိတ်တွေကို ပြန်ရဖို့နှင့် website ကို ရေရှည် အသက်ရှင် စေနိုင်ဖို့အတွက် ၀င်ငွေပြန်ရှာရပါတယ်။ Website ပေါ်မှာ ကြော်ငြာတွေ ထည့်ထားတာဖြစ်ဖြစ် စာဖတ်ချင်သူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ပေးခိုင်းခြင်းဖြင့် ဖြစ်ဖြစ် ရယူကာ တခြားလုပ်ငန်းတွေဆီကို ပြန်ရောင်းတာမျိုး လုပ်လေ့ရှိပါတယ်။
Website ပေါ်မှာ စာဖတ်ချင်လို့ကိုယ်ရဲ့ email နှင့် ကိုယ်ရေး အချက်အလက်တွေ ပေးတာဟာ ကိုယ့်အတွက်အန္တရာယ် ဖြစ်စေပါတယ်။ ကိုယ်ကလည်း စာတွေဖတ်ချင်တော့ ပေးကိုပေးရတော့မယ်ဆိုရင် သတိထား စဉ်းစားရမှာဖြစ်ပါတယ်။ အဲဒီလိုအခမဲ့ ဆိုက်တွေမှာ အသင်းဝင်အဖြစ် အသုံးပြုမယ့် email လိပ်စာ သတ်သတ်ထားခြင်းဖြင့် ကိုယ့်ရဲ့လွတ်လပ်မှု ကိုကာကွယ်နိုင်ပါတယ်။ လျှောက်လွှာတွေကို ဖြည့်တဲ့အခါမှာ နာမည်ကအစ မွေးသကရာဇ်တို့ လိပ်စာတို့ကို အမှန်အတိုင်း မထည့်မိ မပေးမိဖို့လည်းလိုပါတယ်။
ဒီလိုဆိုက်မျိုးတွေမှာ ၀င်ချင်တယ် ကိုယ့်အကြောင်းကိုလည်း မပေးချင်ဘူးဆိုရင်တော့ www.bugmenot.com ကို သွားပြီး အဲဒီကတဆင့် ယာယီကိုယ်ရေး အချက်အလက်တွေနှင့် ၀င်လို့ရပါတယ်။ Firefox browser ကို သုံးရင်တော့ Bugmenot ဆိုတဲ့ firefox add-on လေးကို ထည့်ထားရင်လည်း သုံးလို့ရပါတယ်။
ဒီလိုအကျင့်လေး ရအောင်လုပ်ခြင်းဖြင့် ပို်ပြီးလုံခြုံမှုကို ရရှိနိုင်ပါစေ။

ကွန်ပျူတာ ပိုမိုမြန်ဆန်စေသော နည်းလမ်းများ
ကွန်ပျူတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်တွေ့ကြုံရရှိလာသော အတွေးအကြုံလေးကို
ပြောပြချင်ပါတယ်။ လူတိုင်း မိမိသုံးနေသော ကွန်ပျူတာ နှေးကွေးလေးလံနေပါက
အသုံးပြုချင်မှာ မဟုတ်သလို စိတ်အနှောင့်အယှက်လဲ ဖြစ်ကြမှာပါ။ ကျွန်တော်
အခု ဖော်ပြမယ့် နည်းလမ်းများက မေးမြန်းလေ့လာထားတဲ့ နည်းလမ်းများ
ဖြစ်ပါတယ်။ လိုအပ်ချက်တော့ ရှိမှာပါ။ ယခုလဲ ကျွန်တော်ကိုယ်တိုင်
လက်တွေ့အသုံးပြုပြီး ကောင်းမွန်တဲ့အတွက် ပန်လည် Share လုပ်ခြင်း
ဖြစ်ပါသည်။ သိတဲ့ လူတွေရှိသလို မသိတဲ့ လူတွေလဲ ရှိမှာပါ။ မသိတဲ့
လူများအတွက် ရည်ရွယ်ပြီး ပြောပြတာပါ။ အောက်ပါအတိုင်း ပြုလုပ်သွားပါ။
အရင်ဦးဆုံး မိမိရဲ့ စက်ကို
အမြင် ပြောင်းလဲရပါမယ်။ အောက်ပါအဆင့်အတိုင်း ပြုလုပ်ပါ။
၁.. Desktop ပေါ်က My Computer ကို Right Click လုပ်ပါ။ Properties ကို ရွေးပါ။
၂.. System Properties Box ကျလာလျှင် Advanced Tab ကို ရွေးပါ။
၃.. Performance အောက်က Settings ကို ရွေးပါ။
၎.. Visual Effects tab မှ Adjust for best performance ကို ရွေးချယ်ပါ။
၅.. Apply လုပ်။ အနည်းငယ်စောင့်။ ပုံပြောင်းသွားလိမ့်မယ်။ ပြီးရင် Ok ပေါ့။
ကွန်ပျူတာစဖွင့်ရာမှ မြန်ဖို့အတွက် မလိုအပ်တဲ့ ဆော့ဝဲတွေကို လျော့ချ ရပါ လိမ့်မယ်။
ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အခါ ဆော့ဝဲလ်မျိုးစုံကို စစ်နေရတဲ့
အတွက် ကြာလှပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ ဆော့ဝဲလ်တွေ ပိတ်သင့်တာကို ပိတ်ရပါလိမ့်မယ်။ ကွန်ပျူတာမှာ အသုံးနည်းတဲ့ လုပ်ငန်းစဉ်ဖိုင်တွေကို ပိတ်ရပါ လိမ့်မယ်။
ဘာတွေလဲဆိုတော့
၁..gttask
၂. Quick Time ကဲ့သို့ Multimedia နှင့် ဆိုင်သည့် Player ဆော့ဝဲလ်များ
၃..Adobe Reader, Adobe Gamma စတာတွေ ဖြစ်ပါတယ်။
တခြား မိမိ အင်စတော သာ လုပ်ထားတယ်။ အသုံးနည်းတယ်ဆိုရင်
ပိတ်ထားနိုင်ပါတယ်။
အထက်ပါ ဖိုင်များကို ပိတ်ဖို့အတွက်
၁.. Start မှ Run ကို ရွေးပါ။
၂.. Run ထဲတွင် msconfig ကို ရိုက်ထည့်ပါ။
၃.. System Configuration Utility Box ပေါ်လာပါက
Startup ကိုရွေးပါ။ Startup တွင် အထက်မှ ပြထားသော ဖိုင်များကို အမှန်ခြစ်ကလေးများ ဖြုတ်၍ ပိတ်နိုင်ပါတယ်။
လုပ်ငန်းစဉ်များ ပြီးစီးပါက Apply , Ok , restart လုပ်ပါ။ restart လုပ်ရာတွင် စက်ပြန်တက်လာသည့်အခါမှာ message box တစ်ခုပေါ်လာပါလိမ့်မည်။ Windows start ပြောင်းလဲခြင်း ဆောင်ရွက်ပြီးကြောင်း၊ ဒီပြောင်းလဲမှုဟာ အမြဲလား နောက်ပြောင်းအုံးမှာလားဆိုတဲ့ မေးခွန်း message ပါ။ Don’t Show this ……………. စာသားကို အမှန်ခြစ်ပေးပြီး Ok လုပ်ပါ။
အခုဖော်ပြတဲ့ ဖိုင်တွေက ကွန်ပျူတာထဲက ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အချိန်မှာ မစစ်အောင်ပဲ ပိတ်ထားတာပါ။ မိမိလိုအပ်တဲ့အချိန် Start မှနေ၍ ပြန်လည် အသုံးပြု၍ ရပါတယ်။ ဥပမာ - Quick Time ကို အသုံးပြုချင်ပါက Start မှ All programs မှ Quick Time ကို Click နှိပ်၍ ပြန်လည်အသုံးပြု၍ ရပါတယ်။ အကယ်၍ မိမိသည် အဆိုပါ ဖိုင်တို့ကို ပိတ်ထားရန် မသေချာပါက ပိတ်မည့် ဖိုင်တို့ကို စာရွက်တစ်ရွက်တွင် ရေးမှတ်ထားပြီးမှ ပြုလုပ်လျှင် ပို၍ ကောင်းပါတယ်။ မိမိပိတ်မည့် ဖိုင်တို့၏ အရေးကြီးပုံ၊ အရေးမကြီးပုံ၊ အသုံးဝင်ပုံတို့ကို ဖတ်ချင်လျှင် အင်တာနက်မှ www.process-library.com ၏ Search Box တွင် သွားရောက် ကြည့်ရှုနိုင်ပါတယ်။
နောက်တစ်ခုက မလိုအပ်တဲ့ လုပ်ငန်းများကို ပိတ်ထားရမှာ ဖြစ်ပါတယ်။
၁.. Start မှ Control Panel မှ Administrative Tools မှ Services ကို ဖွင့်ပါ။
၂.. Run ထဲမှ ဖွင့်ချင်ပါက services.msc ကို ရိုက်ထည့်၍ ဖွင့်နိုင်ပါတယ်။
၃.. Services box ကို ရောက်ရင် အောက်ပါ လုပ်ငန်းများကို ပိတ်ထားနိုင်ပါတယ်။
၁.Alerter ကို ပိတ်ရန်အတွက် Alerter ကို Select မှတ်ပြီး Right Click နှိပ်ပါ။ Properties ကို ရွေးပါ။ startup type အကွက်တွင် Disable ကို ရွေးပါ။ ပြီးလျှင် Apply , Ok ။
၂.. အထက်ပါအတိုင်း Indexing Service , Ms Software Shadow Copy Provider , IMAPI CD-Burning တို့ကို ပိတ်ပါ။
နောက်တစ်ခုက လူတိုင်း မထင်မှတ်ထားတဲ့ အရာလေးပါ။ Fonts များကို လျော့ချရမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ မလိုအပ်တဲ့ font တွေကို လျော့ချရမှာ ဖြစ်ပါတယ်။ တကယ်တမ်း ကိုယ်သုံးနေရတာက ၁၀ ခုတောင် မကျော်ပါဘူး။ ဒါပေမယ့် Font တွေက အလွန်များနေပါတယ်။ အဲဒီတော့ မိမိသုံးတဲ့ Font ကိုပဲ ထားပြီး မလိုဘူးထင်တာတွေ ဖျက်ပစ်ပါ။ တစ်ခုလောက်တော့ သတိပေးချင်ပါတယ်။ ဖောင့်တွေဖျက်တဲ့နေရာမှာ Character Map မှာ ကိုယ်သုံးနေတဲ့ font တွေကိုတော့ မဖျက်ပစ်မိဖို့ ဖြစ်ပါတယ်။ ဥပမာ- Webdings
နောက်တစ်ခုကတော့ Index လုပ်ငန်းစဉ်များကို ပိတ်ရမှာ ဖြစ်ပါတယ်။
၁..My Computer ကို ဖွင့်ပါ။ Local Disk (C:)ကို Right Click လုပ်၍ Properties ကို ရွေးပါ။
၂.. Properties Box ကျလာပါက အောက်ဆုံးတွင်ရှိသော Allow Indexing Service to index this disk for fast file searching ၏ အမှန်ခြစ်ကို ဖြုတ်ပါ။
၃.. Local Disk (D:) ကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပါ။
နောက်တစ်ခုကတော့ လူတိုင်း သိပြီးသားပါ။ Disk Defragmenter လုပ်တာပါ။ ဒီနည်းလမ်းကို နေ့စဉ် စက်ပိတ်ခါနီးတိုင်း ပြုလုပ်ပါက အသင့်တော်ဆုံးဖြစ်ပါတယ်။
၁.. Start မှ Programs မှ Accessories ကို သွားပါ။ ၎င်းတွင် Disk Defragmenter ကို ရွေးပါ။
၂.. Local Disk (C:) ကို Select မှတ်ပြီး လုပ်ပါ။ Local Disk (D:) ကိုလဲ ထိုနည်းအတိုင်း ပြုလုပ်ပါ။ ကဲ ဒီလောက်ဆိုရင် စက်လဲ သွက်လောက်ရောပေါ့။ နောက်ကြုံမှပဲ ဒီထက်ကောင်းတဲ့ နည်းလမ်းများကို ရှာဖွေ ဖော်ပြပေးပါမယ်။ အားလုံး အသုံးဝင်၍ ပျော်ရွှင်ကြပါစေ။

keylogger ကိုလှည့်စားကြည့်ရအောင်
ကျွန်တော်တို့ keylogger ကိုအလွယ်တကူ လှည့်စားကြည့်ကြရအောင်။
အရမ်းကြီးတော့ မခက်ပါဘူး။ keylogger ရဲ့အားနည်းချက်ကို အသုံးပြုရမှာပါ။
အဲဒီအတွက် mouse ပဲလိုအပ်ပါတယ်။
beautiful ကိုရိုက်မယ်ဆိုပါတော့ ပထမti ကိုရိုက်လိုက်ပါမယ်။ ပြီးရင် mouse ကိုအသုံးပြုပြီး cursor ကို t ရဲ့ရှေ့ကိုရွှေ့လိုက်ပါ။ ပြီးရင် be ကိုရိုက်လိုက်ပါမယ်။ ပြီးသွားရင် စောစောကလိုပဲ mouse ကိုအသုံးပြုပြီး cursor ကို i ရဲ့နောက်ကိုရွှေ့လိုက်ပါမယ်။ ပြီးရင် ful ကိုဆက်ရိုက်လိုက်ပါမယ်။ ပြီးသွားရင် cursor ကို t ရဲ့ရှေ့ကို ပြန်ရွှေ့လိုက်ပါ။ ကျန်နေသေးတဲ့ au ကိုရိုက်လိုက်ပါ။ ဒါဆိုရင်တော့ keylogger မှာ tibefulau ဆိုပြီးပေါ်နေမှာပါ။ သတိပြုရမှာက cursor ကိုရွှေ့ရာမှာ လုံးဝ(လုံးဝ) keyboard ပေါ်က arrow key တွေကို အသုံးမပြုမိပါစေနဲ့။ mouse ကိုအသုံးပြုပြီးပဲ ရွှေ့ဖို့လိုအပ်ပါတယ်။ လည်သလိုသာ လှည့်စားကြပေတော့။ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Subscribe to:
Posts (Atom)