Tuesday, January 1, 2013

U8825D ကို Root လုပ်မယ်



သူငယ်ချင်းရဲ့ Huawei တစ်လုံး root ခိုင်းတာနဲ့ ရှာဖွေ့လို့ တွေ့လာတာလေး
 ပြန်လည်မျှဝေလိုက်ပါတယ်။ ဆိုဒ်တော့မမှတ်မိဘူး။ ဒီက လို့တော့ထင်တာပဲ။

U8825D Root လို့ ရပါပြီ ဒီနေ့ တနေ့ လုံး တရုတ်စာတတ်တဲ့ သူငယ်ချင်း(Google Translate)ကို အကူညီတောင်းပြီးတော့တင်ပေးလိုက်ပါတယ် bootloader Unlock လုပ်ဖို့ နည်းနည်းတော့ အချိန်ပေးရပါမယ်
bootloader Unlock  လုပ်ဖို့ အတွက် driver ကိုအရင်ဒေါင်းပါ ဒီမှာပါ https://www.dropbox.com/s/nvq2to78o71txfj/Handset%2BWinDriver.rar
ဒေါင်းပြီးရင်တော့ မိမိ pc ထဲ install လုပ်လိုက်ပါ ပြီးရင်တော့ မိမိ ဖုန်း ထဲက system settings>developer options> USB debugging ကို onထားပေးပါပြီးရင်  bootloader Unlock သွားလုပ်ရပါမယ် bootloader Unlock  လုပ်ဖို့  အောက်ကလင့်ကိုသွားလိုက်ပါ
အဲ့ ဒီကိုရောက်ပြီဆိုရင် ပထမ စာမျက်နှာ ရဲ့ အောက်ဆုံးမှာ အမှန်ချစ်ပေးဖို့  အကွက်လေးရှိပါတယ် အမှန်ချစ်ပေးလိုက်ပါ ပြီးရင် သူ့ အောက်မှာ အနီရောင် အကွက်မှာတရုတ်စာ 3 လုံးပါတဲ့ အကွက်လေးကိုနိပ်လိုက်ပါ 
ဘေးက 1 to 6 နံပါတွေကိုတော့ ကျွန်တော်ဖြည့်ထားဒါပါ 
၁။  电子邮箱 ဒီနေရာမှာ မိမိရဲ့ Email ကိုထည့်ပေးပါ
၂။ 产品类别 ဒီနေရာမှာ မှာတော့ အကွက်လေးရဲ့ မျှားလေးကိုနိပ်လိုက်ရင် တရုတ်စာ 3 ကြောင်းတွေ့ ပါမယ် အောက်ဆုံးက စာကိုရွေးပေးပါ
၃။ 产品型号 ဒီနေရာမှာ မှာတော့ အကွက်လေး ကိုနိပ်လိုက်ရင် c8812 / c8812E / U8825D ဆိုပြီးပေါ်လာပါမာ် ဘာကိုရွေးရမယ်ဆိုဒါ အထူးပြောစရာမလိုပါဘူးနော် သိတယ်မဟုတ်လာ
၎။ 产品S/N ဒီနေရာမှာတော့ မိမိဖုန်းရဲ့  S/N number ကိုထည့်ပေးပါ
၅။ 产品IMEI/MEID ဒီနေရာမှာတော့ မိမိဖုန်းရဲ IMEI/MEID number ကိုထည့်ပေးပါ IMEI/MEID number ကိုတော့ မိမိဖုန်း ဘက်ထရီကိုဖြုတ်ပြီးကြည့်လိုက်ပါ စာရွက်ပေါ်မှာမှတ်ထားပေးပါ
၆။ 产品识别码  ဒီနေရာမှာတော့ Product ID ကိုထည့်ပေးပါ Product IDကိုသိဖို့ အတွက် ဖုန်းခေါ်တတဲ့ ခလုပ်ကိုနိပ်ပါ *#*#1357946#*#* ရိုက်ထည့်လိုပါ  Product IDပေါ်လာပါမယ်
  အားလုံးဖြည့်ပြီးပြီ ဆိုရင် အောက်က အနီရောင်အကွက်လေးကိုနိပ်ပေးလိုက်ပါ မိမိ Email ထဲကို Unlock code ပို့ ပေးပါလိမ့်မယ် Email ထဲကို Unlock     code ရောက်ဖို့ အချိန်နည်းနည်းတော့ကြာပါမယ် Unlock code ရပြီးဆိုရင်တော့ လိုအပ်ဒါတွေကို အောက်ကလင့်မှာဒေါင်းလိုက်ပါ
 ( Google Translate နဲ့.. ဖြည့်လို့ရပါတယ် )
အားလုံးဒေါင်းပြီးပြီဆိုရင် Unlock အရင်လုပ်ရပါမယ် Unlock လုပ်ဖို့ အတွက် မိမိဖုန်းရဲ့  Settings>Application>Fast boot ကို ပိတ်ပေးပါပြီးရင် ဖုန်းကို ပိတ်လိုက်ပါ 10 စက္ကန့်လောက်စောင့်ပါ 
၁။ vol down + power ကိုနိပ်ထားပေးပါ Bootloader မှာရမ်နေပါမယ် ပြီးရင် ဖုန်း နဲ့  pc ကိုချိတ်လိုက်ပါ
၂။ G330D a key to unlock file ထဲက G330D键解锁.exe Run လိုက်ပါ box တစ်ခုပေါ်လာပါမယ် မိမိ Email  ထဲကိုးရောက်လာတဲ့ unlock coad ထည့်ပေးပြီး Enter နိပါလိုက်ပါ    auto Reboot လုပ်သွားပါမယ်
၃။ ဖုန်းပြန်တက်လရင် ဘက်ထရီကိုဆွဲဖြုတ်လိုက်ပါ 10 စက္ကန့် လောက်စောင့်ပါ ပြီးရင် vol down + power ကိုနိုပ်ထားပါ Bootloader မှာရပ်နေပါမယ်
    Recovery6.0.1.0_AscendG330D.rar file ထဲံက recovery6.0.1.2_AscendG330D.exe ကို Run လိုက်ပါ ပြီးရင် 1 ကိုရွေးပြီး Enter နှစ်ချက် နိပ်ပေးလိုက်ပါ auto Reboot လုပ်သွားပါလိမ့်မယ်
၎။  ဖုန်ကိုပြန်မိတ်လိုက်ပါ ပြီးရင် sd card ထဲကို Root Recovery.zip ကို ထည့်လိုက်ပါ ပြီးရင် vol up + power ကိုနိပ်ပေးထားပါ CWM-based Recovery ကိုရောက်သွားပါမယ်
    install zip from sdcard ကိုရွေးပေးပါ ပြီးရင် Root Recovery.zip ရွေးပေးလိုက်ပါ auto install လုပ်သွားပါမယ်
၅။ ပြီးရင် Reboot လုပ်ပေးလိုက်ပါ ဖုန်းပြန်တက်လာရင် superuser စက်ရုပ်လေးနဲ့ လန်းလို့ ရပါပြီ 
အားလုံးအစဉ်ပြေပါစေ
ကိုအောင်ထက်ထွန်း ရေဒါလေးထည့်ပေးလိုက်တယ်နော်။
အပေါ်က Root Recovery.zip အဆင်မပြေသူများ
ဒါလေးနဲ့သုံးလိုက်ပါ ကျွန်တော်စမ်းပြီးပါပြီးအဆင်ပြေပါလိမ့်မယ်။
 ကျနော်တော့Root Zip အောက်ကလင့်နဲ့ပိုအဆင်ပြေတယ်ဗျာ။

Mobile apk များ ကွန်ပျူတာနဲ့ ပုံလေးတွေမြင်နိုင်တဲ့ဆော့ဝဲ

မိုဘိုင်းဖုန်းက ဆော့ဝဲလေးတွေကို ကွန်ပျူတာနဲ့ ကြည့်ရင် ဖြူဖြူကြီးဘဲ မြင်ရတယ် အဲဒါကို ဒီကောင်လေး
မောင်းထည့်ပြီး Restart ချလိုက်ရင် မြင်ရပါပြီ။ ဒါဘာဆော့ဝဲဆိုတာသိတာပေါ့ဗျာ။ Icon လေးတွေမြင်ရတော့
ပိုပြီး ကောင်းတာပေါ့။ ဒီကောင်လေးက တစ်ခါတစ်လေမှာ မပြဘဲနေတတ်တယ်။ အဲဒီလိုဖြစ်လာရင် ပြန်
မောင်းထည့်ပြီး Restart ပြန်ချပေးပါ။ ဒါဆိုမြင်ရပါတယ်။ ကျုပ်လည်း ဒီလိုဘဲ သုံးနေရတာပါဘဲဗျာ။ သူများ
ထုတ်ထားတဲ့ ဆော့ဝဲလေးတွေဆိုတော့ ပြင်လည်း မပြင်တတ်နဲ့ ဒီတိုင်းဘဲ မမြင်ရပြန်ရင် ပြန်ထည့်ပြီး သုံး
တာဘဲ။ ကဲ သဘောကျတယ် မရှိသေးရင်တော့ ဒေါင်းပြီး သုံးစမ်းကြပါ။

۩۩۩۩  DOWNLOAD HERE  ۩۩۩۩
 
 ဒါလည်း ဒီက ပဲ။

Mobile for apk အသုံးဝင် ကလိဝဲလေးများ

 football managerဆိုတဲ့ ကစားဝဲလေးကတော့ ဘောလုံးဝါသနာအိုးတွေအတွက်ပါ။ ဒီမှာ DOWNLOAD
WDJ Softwar လေးလိုချင်ရင်တော့ ဒီမှာ DOWNLOAD လိုက်ပါ။
SHADOWGUN ကစားဝဲလေးကတော့ ဒီမှာ DOWNLOAD လိုက်ပါ။
Modern Unlock လေးလိုချင်ရင်တော့ ဒီမှာ DOWNLOAD လိုက်ပါ။
Karaweik Palace Go Locker လေးလိုချင်ရင်တော့ ဒီမှာ DOWNLOAD လိုက်ပါ။
လိုင်း အခြေအနေမကောင်းလို့ ဒီလိုလေးတင်ထားတာကိုတော့ ခွင့်လွတ်နားလည်ပေးကြပါ။ မိမိအတွက်
အသုံးလိုမယ်ထင်တာကို ယူသွားကြပေါ့ဗျာ။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဒီက နေမျှဝေပါတယ်.။

Sunday, December 23, 2012

Excel 2007 2010 အခြေခံစာအုပ် (၃) အုပ် မြန်မာလို Ebook

 
Excel တောင်းဆိုထားတဲ့ အစ်ကိုအတွက် Excel 2007 2010 အခြေခံစာအုပ် (၃) အုပ် ကိုတစ်စုတစ်စည်း တည်းတင်ပေးလိုက်ပါတယ်။ Download ရယူနိုင်ပါပြီ
 
 

တောင်းပန်ခြင်း

ကျနော်သည် မြို့ပေါ်မဟုတ်သော နယ်တစ်ခုမှာ နေသောသူဖြစ်သောကြောင့် အင်တာနက်ကို
အလွန်နှေးကွေးလှစွာသောလိုင်းဖြင့် အလုပ်တာဝန်တစ်ဖက်မှနေအသုံးပြုနေရသောသူ
ဖြစ်သောကြောင့် ပို့များ တင်နိုင်ခြင်းမရှိပါ။ သေခါနီးလိပ်ဖိုးဖိုးခြေကျိုး အင်တာနက်လိုင်း
သဘောကောင်းသည့်အခါများမှာသာ ၀င်နိုင်ခြင်းဖြစ်ပါသည်။ ၀င်လို့ရသည့်အခါတွင်လည်း
အကြားကြီးထိုင်ဆောင့်နေရသည်ကို စိတ်မရှည်သည်ကတကြောင်း ၊ အလုပ်တာဝန်များ
လုပ်ကိုင်နေရသည်ကတစ်ကြောင်းဖြစ်၍ ပို့မတင်နိုင်တာ ခွင့်လွှတ်ပေးပါရန်တောင်းပန်အပ်ပါသည်။

Tuesday, October 16, 2012

ပုံလေးကိုသေခြာကြည့်ရအောင်


ဘယ်ကလည်းတော့မမှတ်မိဘူး ။ သဘောကြလို့ပါ။

မော်နီတာကြာကြာကြည့်နိုင်ဖို့


အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ဒီတစ်ခါတော့ ကွန်ပြူတာနဲ့ အမြဲတစေ ထိတွေ့ကိုင်တွယ် အသုံးပြုနေရတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် ကျန်းမာရေးအရ အသုံးတည့်မယ့် ဆော့ဖ်ဝဲလ်လေးတစ်ခု လက်ဆင့်ကမ်းမျှဝေချင်ပါတယ်.

ကွန်ပြူတာကို အမြဲလိုလိုအသုံးပြုနေရသူတွေမှာ ဖြစ်တတ်တာတွေက အညောင်းမိတာ၊ ခါးနာတာ၊ မျက်ရည်ပူတွေ ကျလာတာ စတဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်. ခါးနာတာတို့ အညောင်းမိတာတို့အတွက် နောက်ဆုံးပေါ် memory foam လို့ခေါ်တဲ့ ခေါင်းအုံးလေးတွေ၊ ကျောမှီလေးတွေနဲ့ အဆင်ပြေအောင် ပြုပြင်လို့ရပါတယ်.


မျက်စိညောင်းတာ၊ မျက်ရည်ပူကျတာတွေကို ကာကွယ်ဖို့အတွက်ကတော့ ကျွန်တော်တို့တွေ သိပ်ပြီး အာရုံစိုက်လေ့ မရှိတတ်ကြပါဘူး. ကျွန်တော်ဒီနေ့ ပြောချင်တာကတော့ အဲဒီ့ ပြဿနာပါပဲ.

များသောအားဖြင့် မျက်စိကို မထိခိုက်စေချင်ရင် မော်နီတာရှေ့မှာ Filter အပြားလေးခံလို့ရပါတယ်. ဒါပေမယ့် အဲဒါက Desktop monitor အကြီးကြီးတွေ သုံးသူတွေအတွက်ပဲ အသုံးဝင်မှာပါ. Laptop ကွန်ပြူတာလေးတွေ သုံးနေသူတွေအတွက်ကတော့ မော်နီတာရှေ့မှာ Filter ပြားခံဖို့ အဆင်မပြေနိုင်ပါဘူး. ဒါကြောင့် အခု ကျွန်တော်ပေးမယ့် ဆော့ဖ်ဝဲလ်လေးကို အင်စတောလ်လုပ်လိုက်ရင် ဒီပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားမယ့်အပြင် ရေရှည်အတွက်လည်း အကျိုးများစေပါလိမ့်မယ်.

နာမည်က F.lux ပါ. သူ့ရဲ့ အထူးပြုအကြောင်းအရာကတော့ မော်နီတာတွေအတွက် အလင်းရောင်ကို အလိုအလျှောက်ချိန်ပေးတာပါပဲ.

နေ့ခင်းမှာ နေ့ခင်းအလျှောက်၊ ညနေခင်း အလင်းရောင်နည်းသွားချိန်မှာ နည်းသွားတဲ့အလျှောက်၊ ညဉ့်နက်သန်းခေါင် သန်းလွဲအချိန်မှာလည်း သူ့အချိန်အခါအလျှောက် ရှိသင့်တဲ့အလင်းရောင်ပမာဏကို ချိန်ပေးသွားတာပါ.

Download Links:

1. For XP/Vista/Windows 7 Users

2. For Mac OS X

3. For Linux Users



သုံးစွဲကြည့်လိုက်ပါ. ကြိုက်ရင်ဆက်သုံးပါ. မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေကိုလည်း မျှဝေပေးလိုက်ပါ. 

မကြိုက်ရင်တော့ ပြန်ဖြုတ်လိုက်ပါ. No Big Deal!

း)

အားလုံးပဲ ကိုယ်ပိုင်ဆိုင်တဲ့ မော်နီတာလေးတွေကို အားရပါးရ မျက်စိမညောင်းတမ်း ရှုစားအရသာခံနိုင်ကြပါစေဗျားးးးး

မှတ်ချက်။

ဒီနေရာက ပို့စ်လေးကို သင့်တော်သလို ဘာသာပြန်ရေးသားထားတာ ဖြစ်ပါတယ်.

ချစ်ခင်စွာဖြင့်

ရန်အောင်.

ဒီနေရာ ကနေ တဆင့်ပြန်ယူလာတာပါ။