Facebook ကိုလုံးဝမသုံးချင်တော့လို့ Delete လုပ်ချင်တယ်ဆိုရင် ဒီနည်းကိုသုံးလို့ ရပါတယ်။ ပထမဆုံး Facebook အကောင့်ကို Browser Tab တစ်ခုကနေ အရင်ဆုံး Sign in ၀င်ထားရပါမယ်။ ပြီးလျှင် နောက်ထပ် New tab (or) Ctrl+t ကိုကလစ်ပြီးနောက် Tab တစ်ခုထပ်ခေါ်လိုက်ပါ။
ထို့နောက် New tab မှာ ဒီ Link https://www.facebook.com/help/contact.php?show_form=delete_accont ကိုရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ ဒါဆိုရင်တော့ Delete My Account ဆိုတဲ့စာသားနဲအတူ Delete လုပ်ပြစ်ဖို့အတွက် Account ကို Submit လုပ်ရမယ့် Alarm ကိုပါ တွေ့ရပါလိမ့်မယ်။ အဲ့ဒါကြောင့် အကောင့်ကို Delete လုပ်ဖို့သေချာပြီးဆိုရင်တောပ့ Submit button ကို တစ်ချက်ကလစ်လိုက်ပါ။
Submit button ကိုကလစ်လိုက်တဲ့အခါမှာတော့ Permanently Delete Account ဆိုတဲ့ Box မြင်တွေ့ရမှာဖြစ်ပါတယ်။ Account ကိုဖျက်ပစ်ဖို့ရာ သေချာဖို့အတွက် Password ကိုထပ်ပေးရမှာဖြစ်ပြီး အောက်မှာရှိတဲ့ Verify your account အောက်က စာလုံးဒီဇိုင်းဆန်းဆန်းလေးနဲ့ ရေးသားထားတဲ့ စကားလုံး (word) ကို သေချာဖတ်ပြီး မှန်မှန်ကန်ကန် ရိုက်ထည့်ပေးပြီး Okay ကို တစ်ချက်ကလစ်လိုက်ပါ။
Account ဖျက်ပစ်ဖို့အတွက် Okay ကိုကလစ်လိုက်တဲ့အချိန်မှာ Permanently Delete Account ဆိုတဲ့ Box နဲ့ ဒီအကောင့်ကို ၁၄ ရက်အတွင်းပြန်သုံးချင်တယ်ဆိုရင် သုံးလို့ရမည်ဖြစ်ပြီး ၁၄ ရက်ထက် ကျော်သွားရင်တော့ လုံးဝဖျက်ပစ်တော့မှာဖြစ်ကြောင်း အသိပေးတဲ့စာသားတွေတက်လာမှာဖြစ်ပါတယ်။
ဒါကြောင့်ပြန်သုံးချင်ရင် ၁၄ ရက်အတွင်းမှာ ပြန်သုံးနိုင်ပါတယ်။ အခု လုံးဝဖျက်ပစ်မှာဖြစ်တဲ့အတွက် Okay ကို တစ်ချက်ကလစ်လိုက်ပါမယ်။
အကောင့် ဖျက်ပြီးသွားတဲ့အချိန်မှာတော့ မကျေနပ်သေးရင်ပြန်ဝင်ကြည့်လိုက်ပါအုံး ။ ၀င်လို့မရတော့ပါဘူး။
No comments:
Post a Comment