Thursday, January 26, 2012

Ubuntu ဆိုတာဘာလဲ

Ubuntu ဆိုတာဘာလဲ။


Ubuntu ဟာ အာဖရိကန်ဘာသာနဲ့ဆို “တဦးနဲ့ တဦး စာနာထောက်ထားခြင်း” လို့ အဓိပ္ပာယ်ရပါတယ်။
Mark Shuttleworth ဆိုတဲ့ တောင်အာဖရိကသား တစ် ယောက်ရဲ့ Canonical Ltd ကနေ
 Free Cost & Freedom ပေးထားတဲ့ Ubuntu OS လို့ သိကြပါတယ်။ DEBIAN Linux OS ပေါ်မှာ အခြေခံပြီး
Euro အခြေစိုက် Canonical ဆိုတဲ့ ကုမ္ပဏီက ထုတ်လုပ်ပါတယ်။ အမြဲတမ်း အခမဲ့ပေး မယ်လို့လဲ အာမခံထားပါတယ်။
 အိမ်သုံး၊ ရုံးသုံးကနေ Server တွေအထိ အသုံးပြုနိုင်ပါတယ်။ သူ့ရဲ့ မျိုးကွဲတွေ အနေနဲ့ အခြေခံအားဖြင့်
Kbuntu(KDE), Xubuntu (Xfce), Ebuntu(Education) ဆိုတာတွေ ရှိနိုင်ပြီး Multimedia Professional သမားတွေအတွက်
Tools တွေ အစုံထည့် ပေးထားတဲ့  Ubuntu-Studio Edition, ဘာသာရေးနဲ့ ကိုက်ညီ အဆင်ပြေအောင် ပြုလုပ်ထားတဲ့
 Ubuntu ME(Muslim Edition),Ubuntu CE(Christian Edition),
MythTV ကနေ ထုတ်တော့ mythbuntu, Google ကနေ Green OS ဆိုပြီးထုတ်တော့
 gOS အဲလို မူကွဲပေါင်းများစွာ ရှိပါတယ်။ ကိုယ်နဲ့ အဆင်ပြေတာကို သုံးရုံပါပဲ။

Debian Linux Base, (FOSS) Free and Open Source Software.



အခမဲ့ ပေးထားတော့ ရေရှည်စိတ်ချရပါ့မလား၊ သူတို့ ကကော ဘယ်ဝင်ငွေနဲ့ရပ်တည်လဲ။

Canonical ကတော့ Customer Engineering Services, Support, Certification နဲ့ Training စတာတွေနဲ့ ရပ်တည်ပါတယ်။
Application တွေ ရေးဆွဲပေးခြင်းနဲ့ အသစ်ထွက်တဲ့ အခမဲ့ Application တွေကို အမြန်ဆုံး အရောက်ပို့တာတို့ ရှိပါတယ်။
 အဲဒါတွေကလည်း Ubuntu အပေါ်မှာ မှီခိုနေတာတွေဆိုတော့ ရေရှည်အတွက် စိတ်ချရပါတယ်။ Ubuntu အတွက်
ရံပုံငွေအနေနဲ့ကတော့ Ubuntu Logo ရိုက်နှိပ်ထားတဲ့ KeyChange, ကော်ဖီခွက် တွေကနေ T-Shirt, ခရီးဆောင်အိတ်,
 ဦးထုတ် စတာတွေ အထိ မျိုးစုံရောင်းပါတယ်။



Ubuntu Software တင်ဖို့ ခက်ခဲလား။

Windows တစ်ခု တင်တာလောက်တောင် မခက်ခဲ ပါဘူး။

Wubi နဲ့တင်ရင် Forum တစ်ခုမှာ Login လုပ်ရတာ လောက် လွယ်ပါတယ်။



Ubuntu တင်ဖို့အတွက် Partition ထပ်ပိုင်းရင် Data ပျောက်ဆုံးတာတွေ ဖြစ်မသွားနိုင်ဘူးလား။
 Windows နဲ့ Ubuntu တွဲတင်လို့ရလား။ ရရင်ရော လွယ်ပါ့မလာ။


Windows မှာတောင် Partition ကို မကိုင်တွယ် တတ်ရင်တော့ ခင်ဗျားရဲ့ Data တွေကို Services သမားနဲ့ ပြန်ရှာရမှာပါပဲ။
ဒါပေမယ့် Ubuntu မှာ အဲဒါကို ရှောင်ရှား နိုင်မယ့်နည်းလမ်းတွေ ပါလာပါတယ်။
 Ubuntu Install DVD နဲ့ဖြစ်စေ CD နဲ့ဖြစ်စေ လွယ်လွယ်လေး တင်လို့ရနိုင်ပါ တယ်။
လိုအပ်တဲ့ Partition ကို Free Space ကနေ Side Bar လေး ဘယ်ညာရွေ့ရုံနဲ့တင်ယူမလား ရတယ်။
Free Space တွေကပဲ ချိန်ညှိယူသွားတာဖြစ်လို့ ဘာ Data မှ မပျောက်စေရဘူး။ DVD နဲ့တင်ရင် Software တွေ အစုံအလင်ပါနိုင်ပေမယ့်
 CD နဲ့တင်ရင်တော့ WUBI ကို အသုံးပြုနိုင်လို့ ပိုလွယ်ကူပါလိမ့်မယ်။
Partition မပိုင်းပဲ Folder လေးတစ်ခုထဲမှာတင် Ubuntu တင်မလား Wubi ကို သုံးရုံပဲလေ။
Windows ရဲ့ Installer တစ်ခုတင်တာ လောက်တောင် မခက်စေရဘူး။
နောက်တစ်ခါ boot တက် ရင် Windows နဲ့ Ubuntu ကြိုက်ရာရွေးသုံးလို့ရပြီလေ။



Wubi ဆိုတာဘာလဲ။ ဆိုက်ဘယ်လောက်ရှိလဲ။ သူ့ကို သုံးရင် ဘယ်လောက်ပေးရလဲ။

Wubi ဆိုတာ Windows User တွေအတွက် Ubuntu Installer လေးပါ။ ဆိုက်ကတော့ 1.5 MB ရှိပါ လိမ့်မယ်။
 Ubuntu CD မှာဆို တစ်ခါတည်းပါလာပါတယ်။  သူ့ဆိုက်မှာ ရေးထားတာတွေ့ရင် ခင်ဗျား ပိုသဘောကျ သွားနိုင်ပါတယ်။
 Wubi ကို Run လိုက်ပါ၊ Username နဲ့ Password ကိုဖြည့်ပါ။ Install ကိုနှိပ်ပြီးရင်တော့
Coffee သောက်ပြီး Ubuntu သုံးဖို့ စောင့်နေရုံပါပဲတဲ့။ သူပြောတာ မှန်ပါတယ်ဗျာ။ အရမ်းကို လွယ်ကူပါတယ်။
 သူက ခင်ဗျား ရဲ့ Harddisk ပေါ်မှာ 5 GB လောက် Folder လေးတစ်ခုပဲ တင်ထားမှာ Ubuntu ကို
မလိုချင်တော့ရင် Windows ရဲ့ Add & Remove Software ဒါမှမဟုတ် Ubuntu ဆိုတဲ့ Folder
အောက်က Uninstall ကနေပြန်ပြီး Uninstall လုပ်လိုက်ရုံပဲ။



Ubuntu တင်ပြီးမှ မကြိုက်တော့ရင် ပြန်ဖြုတ်ရ ခက်မလား။ Partition၊ Data တွေ ပျောက်နိုင်လား။

Wubi သုံးပြီးတော့ Ubuntu ကို Install လုပ်ထား တယ်ဆိုရင်တော့ Wubi ကို Unistall လုပ်လိုက်ရုံပဲ၊
Partition မပိုင်းထားတဲ့အတွက် ဘာမှမပြောင်းလဲ မသွား ပါဘူး။ အပျက်အစီး မဖြစ်နိုင်ပါဘူး။

Ubuntu တင်ဖို့ ဘာတွေလိုလဲ။

Windows မှာနေရာအလွတ် 5GB လောက် ကျန် နေသေးရင် Ubuntu ကို တင်နိုင်ပါတယ်။

RAM 256 MB, HDD 5 GB ဆိုရင် Ubuntu ကို တင်လို့ ရပါပြီ။ Xubuntu ဆိုရင် RAM 128 MB ရှိရင် တင်လို့ ရပါတယ်။
 ကြိုက်မကြိုက် CD နဲ့အရင် Live လေးကြည့်ပြီး စမ်းလိုက်ပါဦး။ အခွေထည့်ထားပြီး Boot တက်ရင်
Ubuntu ကို Office Tool တွေ Internet Tools တွေ သုံးလို့ ရနေပြီဗျ။ သဘောကျမှ မိမိ Computer ထဲကို install
လုပ် မယ်ဆိုလည်း ဖြစ်ပါတယ်။ အဲဒီ Live Function လေးကို အသုံးပြုပြီး Windows မတက်တော့တဲ့ စက်တွေက
 Data တွေကို Recover ပြန်ဆယ်လို့ ရပါတယ်။



Windows နဲ့ Ubuntu ဘာတွေ ကွာသလဲ။

ပထမဆုံးကတော့ Price ပါ။

Windows ကို $ 300 လောက်ပေးရင် One User အတွက် ရပါတယ်။ စက်တစ်လုံးစာပဲပေါ့။

Ubuntu ကတော့ CD အခွေ နှစ်ရာမှာရင်  £ 135.32 ပေးရပါတယ်။

အခွေနှစ်ဆယ်အထိကတော့ အခမဲ့ မှာနိုင်ပါ တယ်။ 20 ကနေ 100 အထိက £ 80.85 ပေးရပါမယ်။

ပါဝင်တဲ့ Application တွေလဲ Ubuntu မှာက အခမဲ့ပါ။

လွန်ခဲ့တဲ့ သုံးနှစ်က စစ်တမ်းအရ Virus ကတော့ Windows မှာ ရှိတာ 2000 ဆိုရင် Linux မှာ 1 ။

အသုံးပြုရလွယ်ကူမှုကတော့ windows သုံးနေကျ လူတွေအနေနဲ့ နည်းနည်းစိမ်းသလိုရှိပေမယ့်
GUI ကတော့ Design တူတူထားရင် Windows Vista တွေ Windows7 တွေနဲ့ နှိုင်းယှဉ်ပြရာမှာ
Microsoft ရဲ့ Windows တွေက Process နဲ့ Memory ပိုလိုအပ်တယ်။ Design ပိုင်းမှာ ဘယ်
လောက်သာတယ် လှတယ်လို့ပြောပြော အသုံးပြုနေဆဲ ဖြစ်တဲ့ အသားကျပြီးသား Windows XP ရဲ့နေရာနဲ့တော့
သွားယှဉ်လို့ ရမှာမဟုတ်ဘူး။ DTP သမားတွေအတွက် ကတော့ XP က လောလောဆယ် အဆင်ပြေဆုံး ဖြစ်နေ တယ်လေ။



Ubuntu မှာကော Virus မရှိဘူးလား။

တကယ်တော့ Linux ရဲ့ လုံခြုံရေးစနစ်ကြောင့် Virus နဲ့ Trojan တွေဟာ Ubuntu မှာ အလုပ်မလုပ် နိုင်ပါဘူး။

ခက်ခဲတဲ့ အဆင့်တော်တော်များများကို User ကနေ သေသေချာချာ ပြုလုပ်ပေးရင်တောင် Virus Run ဖို့ မလွယ်ကူပါဘူး။
Windows နဲ့ယှဉ်ပြရရင် User အနေနဲ့ Admin လို Root User, Group လို Signin User,
နောက် Everyone လို Other User ဆိုပြီး သုံးမျိုးခွဲထားပါတယ်။ လုံခြုံရေးအနေနဲ့ Read, Write, Execute
ဆိုပြီး သုံးခုမှာ Other User အနေနဲ့ Read လောက်ပဲ ရပါလိမ့်မယ်။ Setting တစ်ခုခုလေးချိန်းရင်တောင်
Password တောင်းပါ လိမ့်မယ်။ System ကို ပြောင်းလဲမယ်ဆိုရင်တော့ Root User အနေနဲ့မှသာ လုပ်ဆောင်နိုင်မှာပါ။
Ubuntu ကတော့ Default Root ကို Disable လုပ်ထားပါတယ်။ အားသာတာ တစ်ခုက Windows Virus တွေက
 Ubuntu (Linux) မှာ Platform မတူတဲ့အတွက် အလုပ်မလုပ်ပါဘူး။ Linux အတွက် Virus က သပ်သပ်ရေးရတာပါ။

   Microsoft က ထုတ်တဲ့ Windows တိုင်းကတော့ အပြင်ကနေ (Web Browser ကနေပြီးတော့ပဲ ဖြစ်ဖြစ်)
Run နိုင်အောင် လုပ်ထားတာပါ။ Web Pages တွေကနေ Active လုပ်တာ Install လုပ်တာ
 အဆင်ပြေအောင်ပါ။ လက်ရှိအခြေအနေမှာတော့ Email တွေ IM Client (eg. mIRC) တွေ Browser
တွေကနေတစ်ဆင့် Virus တွေ Trojan တွေ Malware တွေဟာ လွယ်လွယ်ကူကူနဲ့ Run တော့တာပဲ။
 နေရာတစ်နေရာကနေ ပုန်းပြီး အလုပ်လုပ် ပါတယ်။ တချို့မေးတေ၊ွ Web တွေက Download ဆွဲမှ
Install လုပ်မှ ဖြစ်တာပါ။ တချို့ Web တွေကတော့ Browser ကနေ ဖွင့်လိုက်တာနဲ့ အလုပ် စလုပ်တော့တာ
ပါပဲ။ Click လုပ်ပေးစရာတောင် မလိုပါဘူး။

အဲဒါဆိုရင် Linux (Ubuntu) က လုံးဝစိတ်ချရလား မေးပါလိမ့်မယ်။ အဲဒီလိုတော့လဲ မဟုတ်သေးပါဘူး။
 ကိုယ်တိုင်က Root account ကို မလိုပဲသုံးပြီး တွေ့သမျှ install မလုပ်ဖို့ Click မလုပ်ဖို့ လိုပါတယ်။
 (Root User နဲ့ဆိုရင် ဘာမှ ပြန်မမေးတော့ဘူး။ User ခိုင်းတဲ့အတိုင်း လုပ်ပေးပါလိမ့်မယ်။)



ဒီလိုဆို Ubuntu အတွက် Anti-Virus Software မရှိဘူးပေါ့ ဟုတ်လား။

Kaspersky, Panda, Vexira Antivirus, RAV Antivirus, Trend Micro, Sophos တို့ကို အသုံးပြုနိုင်ပါ တယ်။
BitDefender ဆိုရင် အခမဲ့ Version အပြင် 7.0 ကို 1 year license အခမဲ့ပေးနေပါတယ်။
နာမည်ကြီးတာ ကတော့ Clamav ဆိုတဲ့ Anti-Virus ရှိပါတယ် FOSS ပါပဲ။ သူက Windows အတွက် Software လဲထုတ်ပေးပါတယ်။
http://www.clamav.net

နောက် firewall အတွက်  Firestarter ကို သုံးနိုင်ပါ တယ်။ အခြားခြားသော Software တွေလဲ ရှိပါသေး တယ်။
 ဒါတွေကတော့ အကောင်းဆုံးလို့ မဲပေးခံရတဲ့ Software လေးတွေပါ။



Ubuntu မှာ သုံးဖို့ Software တွေက ဈေးကြီး နိုင်လား။ ဘာ Software ပါမလဲ။

အကုန်လုံးနီးပါး GPL FOSS တွေပါပဲ။ အခမဲ့ ပေးထားတာတွေပါ။ Microsoft ရဲ့ $ 700 တန် Office လိုမျိုး အလုပ်လုပ်တဲ့
Open Office ပါပါတယ်။ MS Office မှာ မပါတဲ့ PDF အဖြစ်တောင် တိုက်ရိုက် Save လုပ်နိုင်ပါ လိမ့်မယ်။
$ 700 တန် Photoshop လိုမျိုး GIMP ပါလာ ပါတယ်။ Movie Player တွေ Internet သုံးဖို့ Firefox Browser ပါမယ်။
Gtalk, Yahoo, AIM, MSN, QQ စတဲ့ IM တွေ သုံးဖို့က Pidgin ပါမယ်။

CD နဲ့ သွင်းရင်တောင် အဲဒါတွေပါပြီးသား ဖြစ်နေ မှာပါ။ လိုချင်တာရှိသေးရင် Internet က Download ဆွဲပြီး
တော့ဖြစ်စေ LRC(Linux Resource Center) မှာ အခွေသွား ကူးပြီးတော့ဖြစ်စေ ရယူနိုင်ပါတယ်။

Ubuntu မှာ Driver တွေကိုရှာရခက်မလား။

အရမ်းကြီး ရှားပါးနေတဲ့ Driver တွေ မဟုတ်ခဲ့ရင် အလွယ်တကူပါပြီးသား ဖြစ်ပါတယ်။  Windows မှာ သီးသန့်ထပ်တင်ပေးရတဲ့
Audio Driver တွေ Graphic Driver တွေ Ubuntu မှာ တစ်ခါတည်းပါပြီးသားပါ။
 Audio/Video Code ပဲထည့်ပေးရမှာပါ။ Ubuntu တက် တာနဲ့ Audio ပါ တန်းတက်လာပါလိမ့်မယ်။
mp4 player တွေ Mobile Phone တွေဆိုရင် Windows က USB အနေ နဲ့ပဲ သိပေမယ့် Ubuntu မှာက
Phone/Firmware Model ကိုပါ သိပါတယ်။ Printer Scanner တွေလဲ Autodetect သိပါတယ်။
 ဘာမှ သိပ်ထွေထွေထူးထူး တင်ပေးစရာ မရှိ ပါဘူး။ Internet ချိတ်ဆက်ထားမယ်ဆိုရင် အလို အလျောက် Driver Update လုပ်ပေးသွားဦးမှာပါ။



Windows Application exe ဖိုင်တွေ Ubuntu မှာ RUN နိုင်မလား။

ရနိုင်ပါတယ်။ Wine Installer ဆိုတာ ရှိပါတယ်။ Windows Emulator ဆိုပါတော့။ IE တို့ Photoshop တို့ ကနေ
တချို့ ဂိမ်းတွေအထိ ရပါတယ်။ Half-Life2, Day of Defeat, Call of Duty, Star War စတာတွေကို
အကောင်းဆုံး Platinum List ထဲမှာ တွေ့ရပါတယ်။ Final Fantasy XI, Counter-Strike, Command &
Conquer 3, Command & Conquer 3 စတာတွေလည်း အသုံးပြုလို့ ရနိုင်ပါတယ်။
exe တွေ့တိုင်း အကုန်လုံးတော့ အဆင် မပြေသေးပါဘူး။ လောလောဆယ်တော့ exe application ပေါင်း
၇၈၀၀ ကျော် အသုံးပြုနိုင်ပါတယ်။

Ubuntu မှာ Myanmar fonts သုံးလို့ရမရ။

Ubuntu မှာ Win fonts, CE fonts နဲ့ Unicode fonts တွေ။
ဥပမာ Myanmar2, Myanmar3, Zawgyi-One, Myazedi စတာတွေ အသုံးပြုနိုင်ပါတယ်။



အခမဲ့ပေးတယ်ဆိုတော့ မြန်မာပြည်ကနေ မှာလို့ ရမလား။

ရပါတယ်။  Canonical Ltd ကနေ မှာယူမယ်ဆိုရင်
https://shipit.ubuntu.com/ မှာ Register လုပ်ပြီး
အခမဲ့ မှာ ယူနိုင်ပါတယ်။  4 week ကနေ 6 week ကြာမယ်လို့ တော့ သတိပေးထားပါတယ်။ 4 Week လောက်ဆို အခွေ ရောက်ပါတယ်။
 ဗိုလ်အောင်ကျော်လမ်း အောက် ဘလောက် စာတိုက်ကြီးနားက ဆက်သွယ်ရေးရုံးမှာ ပါဆယ်သွားထုတ်ရပါတယ်။
 မှတ်ပုံတင်၊ သန်းခေါင် စာရင်း/ ဧည့်စာရင်းတွေ မိတ္တူကူးပြီး ယူသွားရပါမယ်။ Nick Name
 နဲ့ မမှာမိပါစေနဲ့။ အဖွဲ့အစည်း Company နာမည်နဲ့မှာရင် Company ရဲ့ ထောက်ခံချက်ပါ ယူသွားဖို့ လိုပါလိမ့်မယ်။

တကယ်လို့ အဲဒီလောက် မစောင့်ချင်ရင်
http://www.ubuntu-myanmar.org/ သို့မဟုတ် http://friend4.wordpress.com/ တို့တွင် အခွေမှာ၍ဖြစ်စေ၊ MM-LRC မှာ 
အခွေလွတ်ဖြင့် သွားရောက်ကူးယူ၍ဖြစ်စေ ရယူ နိုင်ပါတယ်။


အဆင်ပြေကြပါစေ။
အဲ ဒါကတော့ ကျနော်ဘယ်ကကူးလာတာမှန်းမမှတ်မိတော့ဘူး။
အခုပြန်ရှာတော့တွေ့လို့တင်ထားလိုက်တာပါ။

Facebook Account ကို ဖျက်ပြစ်ချင်ရင်

Facebook ကိုလုံးဝမသုံးချင်တော့လို့ Delete လုပ်ချင်တယ်ဆိုရင် ဒီနည်းကိုသုံးလို့ ရပါတယ်။ ပထမဆုံး Facebook အကောင့်ကို Browser Tab တစ်ခုကနေ အရင်ဆုံး Sign in ၀င်ထားရပါမယ်။ ပြီးလျှင် နောက်ထပ် New tab (or) Ctrl+t ကိုကလစ်ပြီးနောက် Tab တစ်ခုထပ်ခေါ်လိုက်ပါ။
ထို့နောက် New tab  မှာ ဒီ Link https://www.facebook.com/help/contact.php?show_form=delete_accont  ကိုရိုက်ထည့်ပြီး  Enter ခေါက်လိုက်ပါ။ ဒါဆိုရင်တော့ Delete My Account ဆိုတဲ့စာသားနဲအတူ Delete လုပ်ပြစ်ဖို့အတွက် Account  ကို Submit လုပ်ရမယ့် Alarm ကိုပါ တွေ့ရပါလိမ့်မယ်။ အဲ့ဒါကြောင့် အကောင့်ကို Delete လုပ်ဖို့သေချာပြီးဆိုရင်တောပ့ Submit button ကို တစ်ချက်ကလစ်လိုက်ပါ။
Submit button ကိုကလစ်လိုက်တဲ့အခါမှာတော့ Permanently Delete Account ဆိုတဲ့ Box  မြင်တွေ့ရမှာဖြစ်ပါတယ်။ Account  ကိုဖျက်ပစ်ဖို့ရာ သေချာဖို့အတွက် Password ကိုထပ်ပေးရမှာဖြစ်ပြီး အောက်မှာရှိတဲ့ Verify your account အောက်က စာလုံးဒီဇိုင်းဆန်းဆန်းလေးနဲ့ ရေးသားထားတဲ့ စကားလုံး (word) ကို သေချာဖတ်ပြီး မှန်မှန်ကန်ကန် ရိုက်ထည့်ပေးပြီး Okay ကို တစ်ချက်ကလစ်လိုက်ပါ။
Account ဖျက်ပစ်ဖို့အတွက် Okay ကိုကလစ်လိုက်တဲ့အချိန်မှာ Permanently Delete Account ဆိုတဲ့ Box  နဲ့ ဒီအကောင့်ကို ၁၄ ရက်အတွင်းပြန်သုံးချင်တယ်ဆိုရင် သုံးလို့ရမည်ဖြစ်ပြီး ၁၄ ရက်ထက် ကျော်သွားရင်တော့ လုံးဝဖျက်ပစ်တော့မှာဖြစ်ကြောင်း အသိပေးတဲ့စာသားတွေတက်လာမှာဖြစ်ပါတယ်။
ဒါကြောင့်ပြန်သုံးချင်ရင် ၁၄ ရက်အတွင်းမှာ ပြန်သုံးနိုင်ပါတယ်။ အခု လုံးဝဖျက်ပစ်မှာဖြစ်တဲ့အတွက် Okay ကို တစ်ချက်ကလစ်လိုက်ပါမယ်။
အကောင့် ဖျက်ပြီးသွားတဲ့အချိန်မှာတော့ မကျေနပ်သေးရင်ပြန်ဝင်ကြည့်လိုက်ပါအုံး ။ ၀င်လို့မရတော့ပါဘူး။

Wednesday, January 18, 2012

ကျနော်တို့ဇနီးမောင်နှံ


ဒီနည်းလေးမဆိုဘူး

တစ်ခါက ရွာတစ်ရွာမှာ စိတ်သိပ်မမှန်တဲ့ ကိုဘိုကြီးဆိုတဲ့သူတစ်ယောက်ရှိတယ်။
အဲဒီကိုဘိုကြီးက စိတ်ကသာ သိပ်မမှန်တာ အလှူပွဲ ၊ မင်္ဂလာပွဲရှိလို့ကတော့ အရင်သွားစားပြီးသားပဲ။
တစ်ရက်မှာ ကိုဘိုကြီးအကြောင်းသိတဲ့လူအချိုက ကိုဘိုကြီး မင်္ဂလာဆောင်ကပြန်လာတာကိုသိရော
အဖွဲ့ထဲမှတစ်ယောက်က
`ကိုဘိုကြီး ´
`ဘာလည်းကွ´
မထုံတက်ထေးမျက်နှာနဲ့ပြန်ထူးတယ်
`ဘယ်ကပြန်လာတာလည်းဗျ´
သိသိကြီးနဲ့လည်းမေးမှန်းသိတော့သိပ်မဖြေချင်ဘူး ။ ဒါပေမဲ့မဖြစ်မနေပြန်တော့ဖြေရှာပါတယ်။
`မင်္ဂလာဆောင်ကပြန်လာတာ´
ထပ်မေးတယ်
`ဘာကျွေးလည်းဗျ´
`လက်ဖတ်ရည်နဲ့ ကိတ်မုန့်´
 `ဘယ်လောက်စားခဲ့လည်း´
ကိုဘိုကြီး အစားကြီးမှန်းသိတော့ ထပ်မေးတာပေါ့။
`လက်ဖတ်ရည် သုံးခွက်နဲ့ ကိတ်မုန့် ခုနှစ်ခု´
`ဘယ်လောက်လက်ဖွဲ့ခဲ့သလည်းဗျ´
ဒီမေးခွန်ကိုကြားတော့ မုန်တေတေနဲ့ပြန်ဖြေတာကြောင့် အဖွဲများ ပြုံးလိုက်ရယ်လိုက်ကြပါတယ်။
ကိုဘိုကြီးပြန်ဖြေတာက
`ဘာလို့လက်ဖွဲ့ရမှာတုန်း ငါနဲ့မှမသိတာ ´


မိတ်ဆွေတို့လည်း ကိုဘိုကြီးနည်းလေးသုံးကြည့်ပါလား။ မဆိုးဘူးနော်။
စားချင်သေလောက်စားပြီးမှ လက်ဖွဲ့ဖို့ကြတော့ `ဘာလို့လက်ဖွဲ့မှာတုန်း ငါနဲ့မှမသိတာ ´တဲ့

Friday, January 13, 2012

တောင်းပန်ခြင်း

အင်တာနက်လိုင်း ပျက်တောက်နေမှုကြောင့် ဘလော့လည်း update လုပ်မရ ဘာမှကိုလုပ်မရလို့ ဒီအတိုင်းပြစ်ထားရတာကြာနေတာကို တောင်းပန်ပါတယ်ဗျာ။

အခုမှ စကောင်းရုံရှိသေးတာမို့ ဘာပို့စ် မှမတင်နိုင်သေးတာခွင့်လွှတ်ကြပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။

Saturday, November 26, 2011

Memory stick မှာမကြာခဏတွေ့ရသော..virus များကို အလွယ်တကူရှင်းနည်း

ဒီတစ်ခါ…Memory Stick တွေမှာ ကြုံတတ်တဲ့ပြသာနာလေးတွေဖြေရှင်းတဲ့နည်းလေးရေးပေးလိုက်တယ်နော်

သိပြိးသားဆိုလဲ နည်းနည်းစိတ်ရှည်ရှည်ထားပီးတော့ဖတ်ပေးပေါ့နော်...ဟီးး :D တယ်ချင်းတို့ ကြုံဖူးကြမှာပါ…

Memory Stick ထိုးလိုက်တာနဲ့ …Autorun.inf တို့  Recycled.exe တို့  Rundll32.exe တို့ ..စတာတွေပေါ့......

အဲဒီ virus တွေကို USB Disk Security မှာလာပြတယ်လေ…အဲဒါတွေကို အရမ်းရမ်းကောင်းပါတယ်ဆိုတဲ့..Kasper ကတောင် မဖျက်နိုင်ဘူး… Avira ကတော့ မဆိုးပါဘူး တစ်ချို့ဟာတွေကို နိုင်တယ် ......... ကဲပါလေ အဲ့ဒါတွေ ထားပါ.....

USB Disk Security မှာ Delete လုပ်လဲ တစ်ချို့  ဟာတွေကို delete လုပ်လို့ မရပါဘူး……အဲဒီတော့ ဘာ software မှ သုံးစရာမလိုတဲ့ ဒီအောက်မှာ ပြပေးထားတဲ့ နည်းလေး သုံးကြည့်လိုက်....

ရှိသမျှ virus တွေ အကုန်သေသွားစေရမယ်..
virus ရှင်းတဲ့နည်းက တစ်ခြားထွေထွေထူးထူး ဘာမှ မဟုတ်ပါဘူး…. Bat file နဲ့  command တွေရေးပြီးရှင်းတဲ့နည်းလေးပါ…..

ပထမဦး ဆုံး Notepad တစ်ခုကိုဖွင့်ပါ…ပြီးရင် အောက်မှာ ရေးပေးထားတဲ့ command တွေကို copy ကူးထည့်လိုက်ပါ…
( @echo del: E:Autorun.inf del: F:Autorun.inf del: G:Autorun.inf del: H:Autorun.inf del: E:Recycled.exe del: F:Recycled.exe del: G:Recycled.exe del: H:Recycled.exe del: E:RUNDLL32.exe del: F:RUNDLL32.exe del: G:RUNDLL32.exe del: H:RUNDLL32.exe @echo )
ပြီးရင်တော့.. နာမည်တစ်ခုခု.bat (eg. Killvirus.bat) ဆိုပြီး ကိုယ့်ရဲ့ Memory Stick ထဲမှာ Save လိုက်ပါ…

အဲဒီ Killvirus.bat ဆိုတဲ့ file လေးကိုတော့ မဖျက်ပစ်လိုက်နဲ့နော်…Stick ထိုးတိုင်း အဲဒီ file လေးကို double click လုပ်ပြီး run လိုက်ပေါ့…

ဒါဆိုရင် ကိုယ့်ရဲ့ Memory Stick ထဲက virus တွေအကုန်ရှင်းသွားလိမ့်မယ်……
အမှားပါရင် ခွင့်လွှတ်ပါနော်.........

RECYCLER folder virus သတ်နည်း

(၁)Tools >>Folder Options >> View ကိုသွားပြီး အောက်မှာပြထားတဲ့နံပါတ်တွေကို အမှန်ခြစ်လေးပြန်ဖြုတ်ပေးလိုက်ပါ။
 (1) display the contets of system folders
 (2) hide extensions for known file types
 (3) hide protected operating system files(Recomended)

unlocker ကို Download လုပ်လိုက်ပါ . ပြီးတာနဲ့ recycler ဆိုတဲ့ဖိုင်ကို unlock လုပ်ပြီး ဖျက်ပစ်လိုက်ပါ
ဗိုင်းရစ်ကိုသတ်တဲ့ အချိန်မှာ " can not delete RECYCLER:access is denied." ဆိုပြီး error message ပေါ်လာပါလိပ့်မယ် OK ပေးလိုက်ပြီး unlocker ပေါ်လာတတ်ပါတယ် . အဲ့ဒီလိုပေါ်လာတဲ့အခါမှာ "noaction","delete","rename","move" ထဲက Delete ကိုပေးလိုက်ပြီး ဖျက်ပစ်ပါ .. RECYCLER virus ပျက်သွားပါလိမ့်မယ် ..


(၂)Recycler.exe ဗိုင်းရပ်စ်သည်သည် jwgjvsq.vmx လို့အမည်ပေးထားတဲ့
worm-type အမျိုးအစား ဗိုင်းရပ်စ် ဖြစ်ပါတယ်။ အထူးသဖြင့်
USB/portable Drives တို့က ကူးစက်သလို Network
ကတစ်ဆင့် ပျံ့နှံ့လာတယ်လို့ သိရပါတယ်။ ဖိုင်လ်ဒါနဲ့အတူ
autorun.inf ဆိုတဲ့ ဖိုလ်ဒါတစ်ခုကိုလည်း သတိပြုမိပါလိမ့်မယ်။
၎င်းဖိုလ်ဒါများကို Hidden လုပ်ဖျောက်ထားလို့ ပုံမှန်အားဖြင့် မမြင်ရပါ။
၎င်း Recycler ဖိုလ်ဒါကိုထပ်ဖွင့်ကြည့်ရင် jwgkvsq.vmx ဆိုတဲ့ ဖိုင်ရှိပါတယ်။
အဲဒီဖိုင်သည် ဗိုင်းရပ်စ်လား၊ ဘယ်လိုကူးစက်အောင်လုပ်ထားတယ်ဆိုတာ
တော့ ဖိုင်ကိုဆက်ပြီး မဖွင့်ရဲလို့ မသိပါ။ Anti-virus ဆော့ဖ်ဝဲလ် အများစုက
၎င်းကို detect မလုပ်နိုင်သလို ဖျက်လို့လည်း မရပါ။ အနီးဆုံးတူတဲ့
ဗိုင်းရပ်စ်များကို ရှာကြည့်တဲ့အခါ
w32/confi, W32/Conficker.worm!inf, Win32/Conficker.B-CA
လို့တွေ့ရပါတယ်။

အဲဒီလို ဗိုင်းရပ်စ်မျိုးကူးစက်ထားရင်>>>

@။ကွန်ပျူတာစနစ် နှေးလာပါမယ်

@။Network မှာရှိတဲ့ ကွန်ပျူတာများသိုပါ ကူးစက်ပါမယ်။

@။USB များသို့ ကူးစက်ပါမယ်။ USB Port မှာလာတပ်တဲ့

@။USB Drive, Flash Drives, portable external hard drives,
mobile phone, mp3 players စသည်တို့ကိုလည်း ကူးပါလိမ့်မယ်။
ထိခိုက်မှုအနေနဲ့ “Show Hidden Files and Folders”
အလုပ်မလုပ်နိုင်တော့ပါ။
Tools/Folder Options/View (tab) က “Show hidden files and folders”
ကိုရွေးချယ်လိုက်ပေမယ့် ပြန်ထွက်တဲ့အခါ
“Do Not Show Hidden Files and Folders”
ပြန်ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင် ဗိုင်းရပ်စ်ကူးနေပါပြီ။

@။ကွန်ပျူတာမှာ USB Drive တပ်လိုက်တာနဲ့ ၎င်းသည်
autorun.inf ဖိုင်နဲ့ RECYCLER ဖိုလ်ဒါကို တည်ဆောက်ပါလိမ့်မယ်။
အဲဒီအထဲမှာ jwgkvsq.vmx virus ဖိုင်ပါသွားပါလိမ့်မယ်။

@။အဲဒီအချိန်မှာ network နဲ့ အင်တာနက် ချိတ်ဆက်မှုတွေ ပြုတ်ကုန်တာ၊
သုံးမရတာတွေ့ရပါမယ်။ ထို့အတူ antivirus websites, mircrosoft.com
စသည်တို့ကို ဆက်သွယ်လို့ မရနိုင်တော့ပါ။

@။ကွန်ပျူတာသည် Safe Mode သို့လည်း ၀င်မရတော့ပါ။

@။Safe Mode သို့ဝင်ဖို့ ကြိုးစားတိုင်း ကွန်ပျူတာသည် Restart
ပြန်ဖြစ်နေပါမယ်။ သို့မဟုတ် ပိတ်သွားပါလိမ့်မယ်။


ဘာပဲဖြစ်စေ ဖြေရှင်းမယ့် နည်းလမ်းများကို ရှာကြည့်ရအောင်။>>>
Symantac.com ဆိုက်ဒ်ကနေ “Fix Downadup.exe ” ကိုရယူပါ။
မရရင် BitDefender.com ဆိုက်ဒ်ကနေ anti-Downadup-EN.zip
ကိုရယူပါ။
အသုံးမလိုပေမယ့် Sysinternals ကနေ Process Explorer နဲ့
Autoruns

တို့ကို Download ချရယူထားပါ။
တကယ်လို့ ဖိုင်လ်အချို့ကို ဖျက်မရရင် သုံးရအောင် MoSo Force Delete
ကိုလည်း လိုလိုမယ်မယ် ရယူထားပါ။
လိုအပ်တဲ့ ဆော့ဖ်ဝဲနဲ့ Utility တွေစုမိပြီဆိုရင်
ကွန်ပျူတာမှာ Network ချိတ်ဆက်မှုရှိရင် ၎င်း Network ကနေ
အဆက်ဖြတ်လိုက်ပါ။ Network ကြိုးကို ဖြုတ်ထားပါ။
FixDownadup.exe ကို run ပါ။ ၎င်းသည် ဗိုင်းရပ်စ်များကို ရှင်းထုတ်နိုင်ပါတယ်။
အချိန်အတန်ကြာ Scanning လုပ်ပြီးတာနဲ့ Report ပေါ်လာပါမယ်။
၎င်း Report မှာ W32.Downadup ကိုအောင်မြင်စွာ
ဖယ်ထုတ်ပြီးကြောင်း ဖေါ်ပြပါလိမ့်မယ်။
ထို့အတူ ကွန်ပျူတာကို Restart ပြန်လုပ်ဖို့နဲ့
MS08-067 အတွက် Patch ကို တင်ပေးမယ်လို့ ပြပါမယ်။
ကွန်ပျူတာကို Restart ပြန်လုပ်ပါ။


USB Device မှ ဖယ်ထုတ်ခြင်း>>>

USB Drive ကနေ jwgkvsq.vmx ဗိုင်းရပ်စ်ကို ဖယ်ထုတ်ကြပါမယ်။
ကွန်ပျူတာကို Safe Mode နဲ့ဖွင့်ပါ။ ၎င်းအတွက် F8 ကိုနှိပ်ထားပါ။
ပေါ်လာတဲ့ Menu ကနေ Safe Mode ကိုရွေးချယ်ပါ။
USB Port မှာ USB Device ကိုတပ်ပါ။ Safe Mode မှာ autorun.inf ဖိုင်မပွင့်ပါ။
Tools/Folder Options/View(tab) ကနေ “Show Hidden Files and Folders” ကိုဖွင့်ပါ။
Autorun.inf ဖိုင် သို့မဟုတ် ဖိုလ်ဒါကို Delete လုပ်ဖျက်ပါ။
RECYCLER ဖိုလ်ဒါကိုလည်း ဖျက်ပါ။


RECYCLER ကိုဖျက်ခြင်း>>>

အထက်ဖေါ်ပြပါအတိုင်း ဆောင်ရွက်ရာမှာ RECYCLER
ဖိုလ်ဒါကို ဖျက်မရပါက
၎င်းကိုအရင် Disable လုပ်ကြည့်ပါမယ်။ Desktop ပေါ်က
Recycle Bin (icon) ကို Right Click နှိပ်ပြီး Properties ကို ရွေးချယ်ပါ။
၎င်းတွင် “Configure Drives Independently” ကိုရွေးချယ်ပါ။
ထို့နောက် External Drive ရှိရာသို့ ပြောင်းပြီး
“Do not move files to the recycle bin” ကိုရွေးချယ်ပါ။
Apply. OK လုပ်ပါ။
အကယ်၍ Flash Drive ဖြစ်ပါက MoSo Force Delete
ဆော့ဖ်ဝဲကို အသုံးပြုပြီး Delete လုပ်ပါ။


Registry တွင်ပြင်ခြင်း>>>


၎င်းဗိုင်းရပ်စ်သည် Refistry မှာဝင်ပြီး ပြင်ကောင်းပြင်နိုင်ပါတယ်။
Run (box) မှာ regedit လို့ရိုက်ထည့်ပြီး Registry Editor သို့ဝင်ပါ။
Jwgkvsq.vmx ဖိုင်အမည်ကို ရှာပါ။
တွေ့ရင် Right Click လုပ်ပြီး Delete လုပ်ပါ။
တကယ်လို့ သင့်ကွန်ပျူတာမှာ Network ရှိတယ်ဆိုရင်
အခြားဆက်သွယ်ထားတဲ့ ကွန်ပျူတာအားလုံးကိုလည်း စစ်ဆေးသင့်ပါတယ်။
ဒါမှမဟုတ်ရင် သင့်ကွန်ပျူတာကို ဗိုင်းရပ်စ်ပြန်ကူးဖို့ လွယ်ကူနေပါလိမ့်မယ်။