(၁) မိမိမသိတဲ့မေးလ်ကို
ဖွင့်ဖောက်မကြည့်မိပါစေနဲ့ . ဖွင့်ကြည့်မိသည့်တိုင်အောင် ဓါတ်ပုံနှင့်
ပို့ပေးထားသည့် ဘာမှန်းမသိသည့် program ကို install မလုပ်ပါနှင့် . မည်သည့်
program ကိုမဆို rename ပြောင်းလို့ရပါတယ် .
(၂) internet ကို အပြင်ဆိုင်များတွင် မဖြစ်မနေသုံးရင် keylogger ရှိမရှိ သေချာဆန်းစစ်ပြီးမှ သုံးပါ ..
(၃) firefox
ကို သုံးပြီး email ၀င်တိုင်း remember this computer ကိုတာကို
အမှန်ခြစ်မပေးမိပါစေနဲ့ . မိမိရဲ့ password ဟာ firefox browser မှာ
ကျန်ခဲ့သလား မကျန်ခဲ့သလား သိချင်ရင် Tools >> options >>
security ကို သွားလိုက်ပါ . ပြီးလျှင် saved passwords ကို နှိပ်ပါ .
ပေါ်လာတဲ့ box ထဲက show password ကို ဆက်နှိပ်လိုက်ပါ . အဲ့မှာ
ကျန်နေခဲ့လျှင် remove all ကို နှိပ်ပြီး ရှင်းလင်းခဲ့နိုင်ပါတယ် . cookies
တွေ ကျန်နေခဲ့မှာ စိုးရင်တော့ ccleaner လို program မျိုးနဲ့
ရှင်းခဲ့လျှင် ပိုစိတ်ချနိုင်ပါသည် .
(၄) keylogger
ကို ဖျက်ပစ်နည်းကို အရင်ပို့စ်တွေမှာ ရေးခဲ့ပြီးသားပါ . အဲ့ဒီ့အတွက်တော့
နားလည်မယ်လို့ မျှော်လင့်ပါတယ် . နောက်တစ်ခုက keylogger မဟုတ်ဘဲ တစ်ခြား
မိမိလုပ်ဆောင်ချင်ကို မှတ်သားပေးနိုင်တဲ့ recorder တွေလဲ ရှိပါသေးတယ်
ကျွန်တော် အလျင်းသင့်သလို ရေးသွားပေးပါ့မယ် .
(၅) နောက်တစ်ခုက
flash drive တစ်ခုဆောင်ထားပြီး ဆိုင်က program တွေကို မသုံးပဲ လိုအပ်တဲ့
program တွေကို မိမိ flash drive ထဲမှာ portable အဖြစ် ယူလာပြီးသုံးတာ
ပိုအဆင်ပြေစေပါတယ် .
ကျနော်အားကိုးရတဲ့ အစ်ကိုကြီး ကိုညီနေမင်းဆိုဒ်မှ ကူယူဖော်ပြသည်။
No comments:
Post a Comment