Dos Command အကြောင်းကို အသုံးပြုပုံမပြောခင် Dos Command ကိုဘယ်နေရာမှာ အသုံးပြုသလည်းဆိုတာ အရင်သိထားသင့်ပါတယ်။
MS_DOS ရဲ့ အမည်က(Microsoft Disk Operating System) ပါ။ Dos Command ကနေလုပ်နိုင်တာတွေကတော့ အများကြီးပါ။
ီDos Command ကနေ File Copy ကူးခြင်း၊ File ဖျက်ခြင်း၊ internet Connection ရမရ ကိုပါ Dos Command ကနေ စစ်နိုင်ပါတယ်။
Dos Command မည်သည့် Website က မည်သည့် IP Address ကို အသုံးပြုနေတာက အစ သိရှိနိုင်ပါတယ်။
Dos Command ပတ်သက်လို့လုပ်နိုင်တာတွေကတော့အများကြီးပါ။
Dos Command ကို မည်သည့် OS (Windows) မဆို အသုံးပြုနိုင်ပါတယ်။
ဘာSoftware Install လုပ်စရာမလို အသုံးပြုစရာ မလိုဘဲ။ Dos Command ကိုအသုံးပြုနိုင်ပါတယ်။
Dos Command ကို စတင်ဝင်မည်ဆိုပါက
၁။ ပထမဆုံး start ကနေ Run Box ကို နှိပ်ပါ။ (or) Windows Logo Key နဲ့ R ကိုနှိပ်ရင်လည်း။ Run ဆိုတဲ့ Box ကျလာပါတယ်။
၂။ အဲ့ဒီ Run box တွင် cmd (or) Command ကိုရိုက်ထည့်ပါ။
၃။ Dos Command box ကျလာပါလိမ့်မယ်။
အဲ့ဒီမှာ Dos command file များကိုရိုက်ထည့်ပြီးအသုံးပြုနိုင်ပါတယ်။
Dos command မှာ C:\ ဆိုရင် C:\ ထဲရောက်သွားပါပြီ။
မိမိ အသုံးပြုထားသော File Type Chage ချင်ရင်။ ဥပမာ C:\> ကနေ D:\ ကို Directory Change ချင်ရင်။
C:\>D:
D:\>
ဒါဆိုရင် C:\ ကနေ Drive D:\ကိုရောက်သွားပါပြီ။
C:\ မှာ Folder အခန်းတည်ဆောက်ချင်ရင်
C:\>MD Myanmar
C:\Myanmar>
ဒါဆို Myanmar ဆိုတဲ့ Folder မိမိမှာတည်ဆောက်ပြီးသားရပါပြီ။
မိမိအသုံးပြုနေသော Dos Command Screen သေးနေပါက ALT+ENTER ကိုနှိပ်ကာ Full Screen ဖြင့်ကြည့်နိုင်ပါတယ်။
မိမိ Screen မှာ စာများများနေပါက Clear Screen ဖြင့်ရှင်းထုတ်ပါ။ Clear Screen ဆိုတာက cls ရိုက်လိုက်ရင်ရပါတယ်။
Dos Command အကြောင်း ဆက်လက် လေ့လာချင်ရင် အခုကျွန်တော်ပေးတဲ့ Website မှာလေ့လာကြည့်ပါ။
http://www.users.globalnet.co.uk/~jchap/tvdt.htm
http://terpconnect.umd.edu/~nsw/ench250/dostutor.htm#1B
http://www.microsoft.com/en/us/default.aspx
Dos Command နဲ့ပတ်သက်တဲ့ Web site တွေကတော့ အများကြီးရှိပါတယ်။
ကျွန်တော် မသိသေးတဲ့ Dos_Command တွေလည်းအများကြီးရှိဦးမယ်ထင်ပါတယ်။
စမ်းသုံးကြည့်ပါဦး ရမယ်ထင်ပါတယ်။
No comments:
Post a Comment