အစက အီးမေးလ်ဆိုတာ ကုမ္ပဏီကြီးတွေ၊ စီးပွားရေးသမားတွေပဲသုံးပြီး
ငွေကုန်ကြေး ကျများလိမ့်မယ်လို့ ထင်ထားတာပါ။ အိမ်ကသား
စင်ကာပူသွားကျောင်းတက်ရင်း အလုပ်လုပ် နေတော့ အဖေ့အတွက်
အီးမေးလ်လုပ်ထားတယ်။ အင်တာနက်ဆိုင်မှာသွားပြီး သုံးကြည့်ပါ ဆိုတော့မှ
အင်တာနက်ဆိုင်က ကလေးတွေအကူအညီတောင်းပြီးသုံးကြည့်တော့ တယ်လီဖုန်း တို့
သာမန် စာပို့စနစ်တို့ထက် ပိုအဆင်ပြေတာကို တွေ့ရပါတယ်လို့ ဦးထွန်းမြတ်က
ပြောပါ တယ်။
E-mail ဆိုတာက electronic mail ကို ချုံ့ထားတဲ့ စကားလုံးပါ။
ကျွန်တော်တို့နိုင်ငံမှာ က Google ကုမ္ပဏီကပေးတဲ့ Gmail ကို
အသုံးများပါတယ်။ အဲဒီ Gmail နဲ့ e-mail ကို တချို့ က မကွဲပြားဘူး
ဖြစ်နေတယ်။ e-mail ဆိုတဲ့ လျှပ်စစ် စာပို့စနစ်က Fax ကနေ မိုဘိုင်း
အချင်းချင်း SMS ပို့တာထိ ပါဝင်ပါတယ်။ တချို့က ISP ကုမ္ပဏီတွေကရောင်းတဲ့
မေးဆားဗစ် ကိုမှ အီးမေးလ် လို့ထင်တတ်ကြပါတယ်။ အခမဲ့ ၀န်ဆောင်မှုပေးနေတဲ့
အီးမေးလ်တွေက အများကြီး ရှိပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အကြိုက်ချင်း
မတူကြပါဘူး။ မြန်မာတွေက Gmail အသုံးများသလို စင်ကာပူနိုင်ငံသားတွေက MSN
ကို လူတိုင်းနီးပါး သုံးကြပါတယ်။ တချို့နိုင်ငံတွေက Yahoo mail
အသုံးများပါတယ်။ အီးမေးလ် ၀န်ဆောင်မှုတွေ အမျိုးမျိုး ကွဲပြားပေမယ့်
အပြန်အလှန် ပေးပို့ဆက်သွယ်လို့ ရပါတယ်။ ဒါပေမယ့် စကားပြောမယ်၊ Typing
ရိုက်ပြီး ချက်တင်ထိုင်မယ်ဆိုရင်တော့ တူညီတဲ့ဆော့ဝဲလ်ကို အသုံး
ပြုကြရမှာပါ။ Gmail ရှိတဲ့လူတွေက G-talk အချင်းချင်းဆက်သွယ်ပြောဆိုပြီး
Yahoo mail ရှိတဲ့လူတွေက Yahoo messenger ကို အသုံးပြုရမှာပါ။ အခု Gmail
က မြန်မာဘာသာကို ဇော်ဂျီဖောင့် အသုံးပြုပြီး ဆက်သွယ်လို့ရတယ်၊
ချက်တင်ထိုင်ရတဲ့အတွက် ကျွန်တော်တို့နိုင်ငံ မှာက Gmail ကို
အသုံးများပါတယ်။
အီးမေးလ်က အပြန်အလှန်ဆက်သွယ်ထားတဲ့စာတွေ Chatting မှတ်တမ်းတွေကို အလို
အလျောက်သိမ်းထားပေးပါတယ်။ မိမိစာတွေ ပျောက်ပျက်မှာ တခြားသူတွေခိုးဖတ်မှာ
စိုးရိမ် စရာမရှိတဲ့အတွက် အီးမေးလ် အသုံးပြုရတာက
စိတ်ကျေနပ်မှုရစေနိုင်ပါတယ်လို့ ပရိုဂရမ်မာ တစ်ဦးဖြစ်သူ ကိုညီညီက
ပြောပါတယ်။
No comments:
Post a Comment